ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၀ အမှတ် ၃ စာ. ၁၄-၁၅
  • မေတ္တာရှင် ဖန်ဆင်းရှင်ရဲ့ ကောင်းချီးတွေကို ထာဝစဉ် ခံစားပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေတ္တာရှင် ဖန်ဆင်းရှင်ရဲ့ ကောင်းချီးတွေကို ထာဝစဉ် ခံစားပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူသားတွေကို ယေရှု ချစ်မြတ်နိုး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ယေရှု ၏အံ့ဖွယ်အမှုများ—သင်အဘယ်အရာ သင်ယူနိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ယေရှုရဲ့ အံ့ဖွယ်အမှုတွေကနေ ဘာသင်ယူနိုင်သလဲ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ခရစ်တော်ဟာ ဘုရားသခင်ရဲ့ တန်ခိုးတော်ဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
ကလ၂၀ အမှတ် ၃ စာ. ၁၄-၁၅
နောက်ခံအမျိုးမျိုးရှိသူတွေ မြေကြီးပရဒိသုမှာ ပျော်ရွှင်စွာ ပေါင်းသင်းနေကြစဉ်။

“မြေကြီးဟာ အသီးအပွင့်တွေကို ထုတ်ပေးလိမ့်မယ်။ ငါတို့ကို ဘုရားသခင် ကောင်းချီးပေးလိမ့်မယ်။”—ဆာလံ ၆၇:၆

မေတ္တာရှင် ဖန်ဆင်းရှင်ရဲ့ ကောင်းချီးတွေကို ထာဝစဉ် ခံစားပါ

ပရောဖက် အာဗြဟံရဲ့ အမျိုးအနွယ်ကနေ “လူမျိုးအားလုံး” ကောင်းချီးခံစားရမယ်လို့ ဘုရားသခင် ကတိပေးထားတယ်။ (ကမ္ဘာဦး ၂၂:၁၈) အဲဒီအမျိုးအနွယ်က ဘယ်သူလဲ။

ဘုရားသခင်ဟာ လွန်ခဲ့တဲ့ အနှစ် ၂,၀၀၀ လောက်က အာဗြဟံရဲ့ အမျိုးအနွယ်ဖြစ်တဲ့ ယေရှုကို အံ့ဩစရာကောင်းတာတွေ လုပ်ဖို့ တန်ခိုးပေးခဲ့တယ်။ အဲဒီ အံ့ဩစရာ အဖြစ်အပျက်တွေက လူသားအားလုံးဟာ ယေရှုအားဖြင့် ကောင်းချီးခံစားရမယ်ဆိုတာ ဖော်ပြတယ်။—ဂလာတိ ၃:၁၄။

အဲဒီအံ့ဖွယ်အမှုတွေက လူသားတွေကို ကောင်းချီးပေးဖို့ ယေရှုကို ဘုရား ရွေးချယ်ထားတယ်ဆိုတာ သိရှိစေတယ်။ လူသားတွေကို ထာဝစဉ် ကောင်းချီးပေးဖို့ ယေရှုကို ဘုရား ဘယ်လို အသုံးပြုမယ်ဆိုတာကိုလည်း ဖော်ပြတယ်။ ယေရှု ပြုလုပ်ခဲ့တဲ့ အံ့ဩစရာ အဖြစ်အပျက်တွေက ယေရှုရဲ့ အောက်ပါအရည်အသွေးတွေကို ဘယ်လို ဖော်ပြသလဲဆိုတာ သတိပြုကြည့်ပါ။

သနားညှာတာမှု—ဖျားနာသူတွေကို ကုသပေးခဲ့တယ်။

တစ်ခါမှာ အနာကြီးရောဂါသည် တစ်ယောက်က ကုသပေးဖို့ ယေရှုကို အသနားခံခဲ့တယ်။ ယေရှုက သူ့ကို လှမ်းကိုင်ပြီး “ဆန္ဒရှိတာပေါ့” လို့ ပြောလိုက်တော့ ချက်ချင်းပဲ အနာကြီးရောဂါ ပျောက်သွားတယ်။—မာကု ၁:၄၀-၄၂။

ရက်ရောမှု—ဆာလောင်နေသူတွေကို ယေရှု ကျွေးမွေးခဲ့တယ်။

လူတွေ ဆာလောင်နေတာကို ယေရှု အလိုမရှိဘူး။ ယေရှုဟာ မုန့်နည်းနည်း၊ ငါးနည်းနည်းကို အံ့ဖွယ်နည်းနဲ့ ပွားအောင် လုပ်ပြီး ထောင်နဲ့ချီတဲ့ လူတွေကို တစ်ကြိမ်ထက်မက ကျွေးမွေးခဲ့တယ်။ (မဿဲ ၁၄:၁၇-၂၁။ ၁၅:၃၂-၃၈) အားလုံး ဝဝလင်လင် စားပြီးနောက်မှာတောင် အများကြီး ကျန်သေးတယ်။

သနားကြင်နာမှု—လူသေတွေကို ယေရှု ပြန်ရှင်အောင် လုပ်ပေးခဲ့တယ်။

လုပ်ကျွေးမယ့်သူ မရှိတော့လို့ ဝမ်းနည်းကြေကွဲနေတဲ့ မုဆိုးမရဲ့ တစ်ဦးတည်းသောသားကို အသက်ပြန်ရှင်အောင် ယေရှု လုပ်ပေးခဲ့တာ “သနားစိတ်” ကြောင့်ပဲ။—လုကာ ၇:၁၂-၁၅။

မြေကြီးပေါ်မှာ ရရှိမယ့် ထာဝရ ကောင်းချီးများ

လူသားအားလုံးကို ကောင်းချီးပေးနိုင်တဲ့ တန်ခိုး ဘုရားသခင်မှာ ရှိကြောင်း ယေရှု ပြသခဲ့တယ်။ မကြာခင်မှာ ကတိပေးထားတဲ့အတိုင်း ယေရှု ပြန်ကြွလာမယ်။ အဲဒီအခါ အနန္တတန်ခိုးရှင် ဘုရားသခင်က ယေရှုကို သုံးပြီး ကမ္ဘာတစ်ခွင်မှာ ပိုအံ့ဩစရာကောင်းတာတွေ လုပ်ပါတော့မယ်။

အာဗြဟံကို ပေးခဲ့တဲ့ ကတိတွေ ပြည့်စုံလာတဲ့အခါ မြေကြီးပေါ်မှာ ဘာတွေ ဖြစ်လာမလဲ။ ဘုရားသခင်ကို ကြည်ညိုလေးမြတ်သူတွေဟာ “ကမ္ဘာမြေကို ပိုင်ဆိုင်” ပြီး “များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်။” (ဆာလံ ၃၇:၁၁) “သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။”—ဗျာဒိတ် ၂၁:၄။

ကမ္ဘာပေါ်မှာ ထာဝစဉ် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ရပါတော့မယ်။ www.pr2711.com/my ထဲဝင်ပြီး ဘုရားသခင့် အုပ်ချုပ်မှုအောက်မှာ မကြာခင် ရရှိမယ့် ကောင်းချီးတွေအကြောင်း ထပ်ဆင့်လေ့လာဖို့ သင့်ကို ဖိတ်ခေါ်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ