ခရစ်ယာန်အသက်တာလမ်းစဉ်
အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—ပြန်လည်ပတ်မှု
ဘာကြောင့်အရေးကြီး– နိုင်ငံတော်သတင်းကို စိတ်ဝင်စားသူတွေဟာ ဘုရားနဲ့ပတ်သက်တဲ့ အမှန်တရားကို ရှာနေတဲ့သူတွေ ဖြစ်တယ်။ (ဟေရှာ. ၅၅:၆) သူတို့ တိုးတက်ဖို့ ထပ်ခါထပ်ခါ ပြန်သွားပြီး သင်ပေးရမယ်။ လူတိုင်းမှာ အခက်အခဲ အမျိုးမျိုးရှိတော့ သူတို့ရဲ့ စိတ်ဝင်စားမှုကို ပျိုးထောင်တဲ့အခါ နည်းအမျိုးမျိုး သုံးရမယ်။ ကျမ်းစာသင်ပေးဖို့ ရည်ရွယ်ချက်နဲ့ သေချာပြင်ဆင်ပြီး သွားမယ်ဆိုရင် ပိုအကျိုးရှိပါလိမ့်မယ်။
လုပ်ဆောင်နိုင်ပုံ–
ရက်အနည်းငယ်အတွင်း ပြန်သွားဖို့ ကြိုးစားပါ။ —မ. ၁၃:၁၉
ဖော်ရွေပါ၊ လေးစားပါ။ မစိုးရိမ်ပါနဲ့
ရင်းရင်းနှီးနှီး နှုတ်ဆက်ပါ။ သူ့နာမည်ကို သုံးပါ။ မေးခွန်း ဖြေပေးဖို့၊ နောက်ဆုံးထုတ် မဂ္ဂဇင်းပေးဖို့၊ ဝက်ဘ်ဆိုက်၊ ဗီဒီယို ဒါမှမဟုတ် သင်အံမှုလုပ်ပုံ နမူနာပြဖို့ ပြန်လာတယ်ဆိုတာ အသိပေးပါ။ တခြားအကြောင်းအရာတစ်ခုကို သူစိတ်ဝင်စားရင် အလိုက်သင့် ပြောင်းပြီး ပြောပါ။—ဖိ. ၂:၄
ကျမ်းစာအကြောင်းအရာ တစ်ခုကိုပြော၊ စာပေတွေ ပေးပြီး သူ့နှလုံးထဲမှာ ကြဲထားတဲ့ မျိုးစေ့ကို ရေလောင်းပေးပါ။ (၁ ကော. ၃:၆) သူနဲ့ ရင်းနှီးလာဖို့ ကြိုးစားပါ
နောက်တစ်ကြိမ် ပြန်လည်ပတ်ဖို့ စီစဉ်ခဲ့ပါ