ခရစ်ယာန်အသက်တာလမ်းစဉ်
လူမှုဆက်သွယ်ရေးကွန်ရက် ထောင်ချောက်ကို ရှောင်ပါ
ဘာကြောင့် အရေးကြီး– တခြားကိရိယာတွေလိုပဲ လူမှုဆက်သွယ်ရေးကွန်ရက်ဟာ အကျိုးပြုနိုင်သလို အန္တရာယ်လည်း ပေးနိုင်တယ်။ ခရစ်ယာန်တချို့က လူမှုဆက်သွယ်ရေးကွန်ရက်ကို မသုံးဖို့ ဆုံးဖြတ်ကြတယ်။ ခရစ်ယာန်တချို့ကျတော့ မိသားစု၊ မိတ်ဆွေတွေနဲ့ ဆက်သွယ်ဖို့ အဲဒါကို အသုံးပြုကြတယ်။ ဒါပေမဲ့ မာရ်နတ်ကတော့ ကျွန်တော်တို့ရဲ့ နာမည်၊ ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို ပျက်စီးစေဖို့ လူမှုဆက်သွယ်ရေးကွန်ရက်ကို ပညာမဲ့စွာ အသုံးပြုစေချင်တယ်။ လူမှုဆက်သွယ်ရေးကွန်ရက်ရဲ့ အန္တရာယ်ကို သိနိုင်၊ ရှောင်ကြဉ်နိုင်ဖို့ ယေရှုလိုပဲ ကျွန်တော်တို့လည်း ကျမ်းစာမူတွေကို သုံးနိုင်တယ်။—လု ၄:၄၊ ၈၊ ၁၂။
ထောင်ချောက်များ–
လူမှုဆက်သွယ်ရေးကွန်ရက်ကို အလွန်အကျွံ အသုံးပြုခြင်း။ လူမှုဆက်သွယ်ရေးကွန်ရက်၊ လူမှုဆက်သွယ်ရေး မီဒီယာတွေကို နာရီပေါင်းများစွာ အသုံးပြုတာက ယေဟောဝါအတွက် အသုံးပြုရမယ့် အချိန်တွေကို ဆုံးရှုံးစေနိုင်တယ်။
ကျမ်းစာမူများ– ဧ ၅:၁၅၊ ၁၆။ ဖိ ၁:၁၀
မကြည့်သင့်တာတွေကို ကြည့်ခြင်း။ လိင်စိတ်ကို နှိုးဆွတဲ့ပုံတွေကို ကြည့်တာက ညစ်ညမ်းရုပ်ပုံ စွဲလမ်းတာ၊ အကျင့်ပျက်တာတွေ ဖြစ်စေနိုင်တယ်။ အယူဖောက်ပြန်တဲ့စာတွေ၊ ဝက်ဘ်ဆိုက်တွေကို ကြည့်တာ၊ ဖတ်တာက ယုံကြည်ခြင်းကို ပျက်စီးစေနိုင်တယ်။
မသင့်တော်တဲ့ စာတွေ၊ ပုံတွေ တင်ခြင်း။ စိတ်နှလုံးက စဉ်းလဲလို့ လူမှုဆက်သွယ်ရေးကွန်ရက်ပေါ်မှာ မသင့်တော်တဲ့ စာတွေ၊ ပုံတွေ တင်ချင်စိတ် ပေါ်လာနိုင်တယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တာက တစ်ယောက်ယောက်ရဲ့ နာမည်၊ ဒါမှမဟုတ် ယုံကြည်ခြင်းကို ထိခိုက်စေနိုင်တယ်။
ကျမ်းစာမူများ– ရော ၁၄:၁၃။ ဧ ၄:၂၉
လူမှုဆက်သွယ်ရေးကွန်ရက်ကို ပညာရှိရှိ အသုံးပြုပါ ဗီဒီယိုကို ကြည့်ပြီး အောက်ပါအခြေအနေတွေကို ဘယ်လို ရှောင်နိုင်တယ်ဆိုတာ သုံးသပ်ပါ–