ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယောဟန် ၇-၈
ဖခင်ကို ယေရှု ဂုဏ်တင်ခဲ့
ယေရှု ပြောသမျှ၊ လုပ်သမျှဟာ ကောင်းကင်ဘုံစံ ဖခင်ကို ဂုဏ်တင်တယ်။ မိမိရဲ့သတင်းစကားဟာ ဘုရားဆီကဖြစ်မှန်း လူတွေကို ယေရှု သိစေချင်တယ်။ ဒါကြောင့် ယေရှုဟာ ကျမ်းစာကို အခြေခံပြီး သွန်သင်ပေးခဲ့တယ်၊ ကျမ်းစာကို မကြာခဏ ကိုးကားခဲ့တယ်။ လူတွေက သူ့ကို ချီးမွမ်းတဲ့အခါ လက်မခံဘဲ ယေဟောဝါကိုပဲ ချီးမွမ်းဖို့ ညွှန်ပြတယ်။ ယေဟောဝါ ပေးအပ်ထားတဲ့တာဝန် ပြီးမြောက်ဖို့ပဲ သူ အဓိကထားတယ်။—ယဟ ၁၇:၄။
အောက်ပါအခြေအနေတွေမှာ ယေရှုကို ဘယ်လို တုပနိုင်သလဲ
ကျမ်းစာသင်အံမှုမှာ ဒါမှမဟုတ် စင်မြင့်ပေါ်ကနေ သွန်သင်တဲ့အခါ
တခြားသူတွေက ကိုယ့်ကို ချီးမွမ်းတဲ့အခါ
ကိုယ့်အချိန်ကို ဘယ်လို သုံးမလဲဆိုတာ ဆုံးဖြတ်တဲ့အခါ