ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb18 နိုဝင်ဘာ စာ. ၇
  • ‘ယေဟောဝါဘုရားအတွက် ပေးလှူ’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ယေဟောဝါဘုရားအတွက် ပေးလှူ’
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခင်ဗျားတို့ ပြတဲ့ မေတ္တာအတွက် ယေဟောဝါကို ကျေးဇူးတင်ပါတယ်
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • ယေဟောဝါသက်သေတွေရဲ့လုပ်ငန်း ဘယ်ကငွေနဲ့ လည်ပတ်နေသလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ယေဟောဝါကို ဘာလက်ဆောင် ပေးနိုင်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • “ဒင်္ဂါးငယ် နှစ်ပြား” ရဲ့ တန်ဖိုး
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
mwb18 နိုဝင်ဘာ စာ. ၇

ခရစ်ယာန်အသက်တာလမ်းစဉ်

‘ယေဟောဝါဘုရားအတွက် ပေးလှူ’

လူတစ်ယောက် အလှူငွေပုံးထဲ အလှူငွေထည့်နေ။ လူတစ်ယောက် အင်တာနက်ကတစ်ဆင့် အလှူငွေထည့်နေ

“ယေဟောဝါဘုရားအတွက် စေတနာစိတ်နဲ့” ဘယ်လို “ပေးလှူ” နိုင်သလဲ။ (၁ရ ၂၉:၅၊ ၉၊ ၁၄) ကိုယ့်အရပ်ဒေသနဲ့ တစ်ကမ္ဘာလုံးမှာ လုပ်ဆောင်နေတဲ့ ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းကို ထောက်ပံ့ဖို့ အလှူငွေပေးနိုင်တဲ့ နည်းလမ်းတွေကို အောက်မှာ ဖော်ပြထားပါတယ်။

အွန်လိုင်းကနေလှူတဲ့ ဒါမှမဟုတ် အလှူငွေသေတ္တာထဲထည့်တဲ့ အလှူငွေတွေကို အောက်ပါလုပ်ငန်းတွေမှာ သုံးပါတယ်

  • ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေ

    ကမ္ဘာချီလုပ်ငန်း

    ဌာနခွဲအဆောက်အဦတွေနဲ့ ဘာသာပြန်ရုံးခွဲတွေ ဆောက်လုပ်ခြင်း၊ လုပ်ငန်းလည်ပတ်ခြင်း

    သင်တန်းကျောင်းများ

    အထူးအချိန်ပြည့်အမှုဆောင်များ

    သဘာဝဘေး ကယ်ဆယ်ရေး

    ပုံနှိပ်ခြင်း၊ ဗီဒီယိုထုတ်လုပ်ခြင်းနဲ့ အွန်လိုင်းစာပေများထုတ်ခြင်း

  • ဒေသခံအသင်းတော်အတွက် အလှူငွေ

    ဒေသခံအသင်းတော် ကုန်ကျစရိတ်

    နိုင်ငံတော်ခန်းမ အသုံးအဆောင်ပစ္စည်းများနဲ့ အခြေခံ ပြုပြင်ထိန်းသိမ်းရေးအတွက် အသင်းတော်ကုန်ကျစရိတ်

    အောက်ပါအကြောင်းအရာတွေအတွက် ဌာနခွဲရုံးကို ပေးပို့ဖို့ အသင်းတော် ဆုံးဖြတ်ထားတဲ့ ပမာဏ

    • ကမ္ဘာတစ်ဝန်းက နိုင်ငံတော်ခန်းမနဲ့ စည်းဝေးပွဲခန်းမ ဆောက်လုပ်ရေး

    • ကမ္ဘာချီထောက်ပံ့ရေး အစီအစဉ်

    • တခြား ကမ္ဘာချီလုပ်ဆောင်မှုများ

ခရိုင်အစည်းအဝေးနဲ့ တိုက်နယ်အစည်းအဝေးများ

ခရိုင်အစည်းအဝေးအတွက် သင်တို့ ထည့်ဝင်တဲ့ အလှူငွေတွေကို ကမ္ဘာချီလုပ်ငန်းအတွက် ပို့ပေးပါတယ်။ အပြန်အလှန်အနေနဲ့ ခရိုင်၊ အထူးနဲ့ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးတွေအတွက် ကုန်ကျစရိတ်ကို ကမ္ဘာချီလုပ်ငန်း ရန်ပုံငွေကနေ စိုက်ထုတ်ပေးပါတယ်။

တိုက်နယ်အစည်းအဝေးအတွက် ထည့်ဝင်တဲ့ အလှူငွေတွေကို အစည်းအဝေးခန်းမ ငှားရမ်းခြင်း၊ အစည်းအဝေးကျင်းပခြင်း၊ အစည်းအဝေးခန်းမ ပြုပြင်ထိန်းသိမ်းခြင်းနဲ့ တိုက်နယ်နဲ့သက်ဆိုင်တဲ့ တခြားကုန်ကျစရိတ်တွေအတွက် သုံးပါတယ်။ တိုက်နယ်တစ်ခုဟာ ပိုလျှံတဲ့ ရန်ပုံငွေကို ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေထည့်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။

donate.jw.org

အွန်လိုင်းမှာ လေ့လာပါ

လှူဒါန်းနိုင်ပုံကို သိရှိဖို့ အောက်ပါရွေးချယ်စရာထဲက တစ်ခုကို ရွေးနိုင်ပါတယ်–

  • donate.jw.org ကိုသွားပါ

  • jw.org ရဲ့ ကျွန်ုပ်တို့အကြောင်းထဲက “လှူဒါန်းခြင်း” ကိုရွေးပါ

  • JW Library app ရဲ့ ပင်မစာမျက်နှာအောက်ဘက်မှာရှိတဲ့ “လှူဒါန်းခြင်း” link ကိုသုံးပါ

တချို့နိုင်ငံတွေမှာ အလှူငွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေဖို့ “မေးလေ့ရှိတဲ့ မေးခွန်းများ” ခေါင်းစဉ်အောက်မှာ အလှူငွေအကြောင်း ထည့်ထားတယ်။

အလှူငွေထည့်ဝင်နိုင်တဲ့ နည်းတွေနဲ့ ပတ်သက်ပြီး အင်တာနက်ကတစ်ဆင့် အလှူငွေထည့်နိုင်ပုံ ဗီဒီယိုမှာ အကြံပြုချက်တွေ ရှိတယ်။

လှူဒါန်းရန် စီစဉ်ထားခြင်း

ကမ္ဘာချီလုပ်ငန်းအတွက် လှူဒါန်းတဲ့အခါ တချို့လှူဒါန်းမှုတွေက ကြိုတင်စီစဉ်ထားဖို့ ဒါမှမဟုတ် ဥပဒေအကြံပြုချက် လိုအပ်တယ်။ အဲဒါတွေကတော့

  • သေတမ်းစာနဲ့ လွှဲအပ်စာများ လှူဒါန်းခြင်း

  • အိမ်ရာအဆောက်အအုံများ၊ အစုရှယ်ယာလက်မှတ်နဲ့ ငွေချေးစာချုပ်များ၊ အာမခံများ လှူဒါန်းခြင်း

  • ကန့်သတ်ချက်နဲ့ လှူဒါန်းခြင်း

အဲဒီထဲက တစ်နည်းနည်းနဲ့ လှူဒါန်းချင်တယ်ဆိုရင် donate.jw.org မှာတွေ့ရတဲ့ လိပ်စာအပြည့်အစုံကို သုံးပြီး သင့်ဌာနခွဲရုံးနဲ့ ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ