ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တမန်တော် ၁၉-၂၀
“ကိုယ့်ကိုယ်ကိုယ် သတိထားကြပါ။ သိုးတော်တစ်စုလုံးကိုလည်း ဂရုတစိုက် ထိန်းကျောင်းကြပါ”
အကြီးအကဲတွေဟာ ခရစ်တော်ရဲ့သွေးနဲ့ ဝယ်ထားတဲ့ သိုးတစ်ကောင်ချင်းစီကို ကျွေးမွေး၊ ကာကွယ်၊ ဂရုစိုက်ပေးကြတယ်။ သိုးတွေအတွက် ပေါလုလို ကိုယ်ကျိုးစွန့်တဲ့ သူတွေကို ခရစ်ယာန်တွေ တကယ် ချစ်ခင်လေးမြတ်တယ်။