ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တမန်တော် ၂၇-၂၈
ရောမမြို့ကို ပေါလု ရွက်လွှင့်
ပေါလုဟာ အကျဉ်းထောင်ထဲမှာတောင် ဆက်ဟောပြော ခဲ့တယ်။ သင်္ဘောပေါ်မှာ သင်္ဘောသားတွေနဲ့ တခြားခရီးသည်တွေကို ဟောပြောခဲ့တယ်။ မော်လတာကျွန်းမှာ သင်္ဘောပျက်ပြီးနောက်မှာလည်း သူကုသပေးခဲ့သူတွေကို ဟောပြောခဲ့မှာ သေချာတယ်။ ရောမမြို့ကို ရောက်ပြီး သုံးရက်အကြာမှာ ဂျူးခေါင်းဆောင်တွေကို ခေါ်ဖိတ်ပြီး ဟောပြောသက်သေခံခဲ့တယ်။ နေအိမ်မှာ အကျယ်ချုပ်ခံနေရတဲ့ နှစ်နှစ်အတွင်း သူ့ဆီ လာလည်သူအားလုံးကို ဟောပြောခဲ့တယ်။
ညီအစ်ကို/မတို့လည်း အခက်အခဲတွေကြားမှာ သတင်းကောင်းဟောဖို့ ဘာလုပ်နိုင်သလဲ