ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb19 ဖေဖော်ဝါရီ စာ. ၃
  • ဘုရားသခင့် အရည်အသွေးတွေကို သင် တွေ့မြင်ပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့် အရည်အသွေးတွေကို သင် တွေ့မြင်ပါသလား
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖန်ဆင်းရာတွေကတစ်ဆင့် ယေဟောဝါအကြောင်း ထပ်လေ့လာပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ဖန်ဆင်းရာတွေ သုံးပြီး ယေဟောဝါအကြောင်း သားသမီးတွေကို သင်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ဖန်ဆင်းရာတွေက ဘုရားသခင့် မေတ္တာတော်ကို ဖော်ပြပုံ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • ‘မျက်မြင်မရသော ဘုရားသခင်၏ ဂုဏ်ရည်တော်များ ထင်ရှားစွာ သိမြင်ရ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
mwb19 ဖေဖော်ဝါရီ စာ. ၃

ခရစ်ယာန်အသက်တာ လမ်းစဉ်

“ဘုရားသခင့် အရည်အသွေးတွေကို သင် တွေ့မြင်ပါသလား”

အရောင်အသွေးစုံတဲ့ ပန်းတွေ၊ ကြယ်တွေစုံတဲ့ ကောင်းကင်၊ တဝေါဝေါဆူညံနေတဲ့ ရေတံခွန်ကို ကြည့်လိုက်တဲ့အခါ ဖန်ဆင်းရှင်ရဲ့ လက်ရာကို သင် တွေ့မြင်ပါသလား။ ကျွန်တော်တို့ ဝန်းကျင်မှာ တွေ့ရတဲ့ ဖန်ဆင်းခြင်းလက်ရာတွေက ယေဟောဝါရဲ့ မမြင်ရတဲ့ အရည်အသွေးတွေကို ထင်ထင်ရှားရှား ဖော်ပြနေတယ်။ (ရ ၁:၂၀) ခဏလောက် အချိန်ယူပြီး မြင်နေရတဲ့ အရာတွေအကြောင်း စဉ်းစားတွေးတောမယ်ဆိုရင် ဘုရားရဲ့ တန်ခိုး၊ မေတ္တာ၊ ဉာဏ်ပညာ၊ တရားမျှတမှုနဲ့ ရက်ရောမှုကို တွေ့မြင်နိုင်တယ်။—ဆ ၁၀၄:၂၄။

ယေဟောဝါရဲ့ ဘယ်ဖန်ဆင်းခြင်း လက်ရာတွေကို သင် နေ့တိုင်း မြင်တွေ့နေရသလဲ။ မြို့ပေါ်မှာ နေရင်တောင် ငှက်တွေ၊ သစ်ပင်တွေကို မြင်ရပါတယ်။ ယေဟောဝါရဲ့ ဖန်ဆင်းရာတွေကို အာရုံစူးစိုက် လေ့လာမယ်ဆိုရင် အလွန်အမင်း မစိုးရိမ်ဖို့၊ ပိုအရေးကြီးတဲ့ အရာတွေကို ဦးစားထားဖို့၊ ကျွန်တော်တို့ကို အမြဲကူညီပေးနိုင်တဲ့ ယေဟောဝါရဲ့ အစွမ်းတန်ခိုးကို ပိုယုံကြည်စိတ်ချဖို့ ကူညီပေးနိုင်ပါတယ်။ (မ ၆:၂၅-၃၂) သင့်မှာ သားသမီးတွေ ရှိတယ်ဆိုရင် ပြိုင်ဘက်ကင်းတဲ့ ယေဟောဝါရဲ့ အရည်အသွေးတွေကို သိမြင်နားလည်ဖို့ ကူညီပေးပါ။ ပတ်ဝန်းကျင်မှာ တွေ့ရတဲ့ ဖန်ဆင်းရာတွေကို လေးမြတ်စိတ် တိုးများလာလေ ဖန်ဆင်းရှင်နဲ့ ပိုရင်းနှီးလာလေပဲ။—ဆ ၈:၃၊ ၄။

အံ့ဖွယ်ဖန်ဆင်းရာများက ဘုရားသခင့်ဘုန်းတော် ထင်ရှားစေကြ—အလင်းနဲ့ အရောင် ဗီဒီယိုကို ကြည့်ပါ၊ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • ရောင်ခြယ်ဓာတုပစ္စည်းတွေက ဘယ်လိုနည်းနဲ့ အရောင်တွေကို ဖြစ်ပေါ်စေသလဲ။

  • ဘာကြောင့် တောက်ပတဲ့ အရောင်စုံတွေ ထွက်ပေါ်လာသလဲ။

  • ကောင်းကင်မှာ ဘာကြောင့် အရောင်အမျိုးမျိုး တွေ့ရသလဲ။

  • သင့်ပတ်ဝန်းကျင်မှာ ဘယ်ထူးခြားတဲ့ အရောင်တွေကို မြင်တွေ့ရသလဲ။

  • ဘာကြောင့် အချိန်ယူပြီး သဘာဝလောကကို စူးစမ်းလေ့လာသင့်သလဲ။

ပန်းရောင်နှင်းဆီ၊ အပြာရောင် လိပ်ပြာ၊ အရောင်အမျိုးမျိုးရှိတဲ့ သစ်သီးများ၊ မိုးကုပ်စက်ဝိုင်းနဲ့ နေ

အလင်းနဲ့ အရောင်က ယေဟောဝါရဲ့ အရည်အသွေးတွေအကြောင်း ဘာဖော်ပြသလဲ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ