ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb19 ဧပြီ စာ. ၄-၅
  • အောက်မေ့ရာပွဲအတွက် ဘယ်လို ပြင်ဆင်မလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အောက်မေ့ရာပွဲအတွက် ဘယ်လို ပြင်ဆင်မလဲ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခ၁၂-က ယေရှုရဲ့ မြေကြီးအသက်တာ နောက်ဆုံးသီတင်းပတ် (အပိုင်း ၁)
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ခ၁၂-ခ ယေရှုရဲ့ မြေကြီးအသက်တာ နောက်ဆုံးသီတင်းပတ် (အပိုင်း ၂)
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၂၀၂၃ အောက်မေ့ရာပွဲ ကျမ်းစာဖတ်ရှုခြင်း ဇယား
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • ၂၀၂၂ အောက်မေ့ရာပွဲ ကျမ်းစာဖတ်ရှုခြင်း ဇယား
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
mwb19 ဧပြီ စာ. ၄-၅

ခရစ်ယာန်အသက်တာ လမ်းစဉ်

အောက်မေ့ရာပွဲအတွက် ဘယ်လို ပြင်ဆင်မလဲ

ဒီနှစ်ကစပြီး ခရစ်တော်ရဲ့ အောက်မေ့ရာပွဲအတွက် ပြင်ဆင်ချိန် ပိုရပါတော့မယ်။ အောက်မေ့ရာပွဲက ကြားရက်မှာ ကျတယ်ဆိုရင် အဲဒီအပတ်မှာ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေး ရှိမှာမဟုတ်ဘူး။ အောက်မေ့ရာပွဲက စနေ၊ တနင်္ဂနွေမှာ ကျတယ်ဆိုရင် တနင်္ဂနွေနေ့မှာ လူထုဟောပြောချက်နဲ့ ကင်းမျှော်စင် သင်တန်း ရှိမှာမဟုတ်ဘူး။ အစည်းအဝေးတွေ မရှိတဲ့ အဲဒီအချိန်တွေကို ညီအစ်ကို/မတို့ရဲ့ ဇယားမှာ ထည့်ပြီး အကျိုးရှိရှိ အသုံးပြုကြမလား။ ပထမရာစုတုန်းကလိုပဲ ဒီအထူးအခါသမယအတွက် အကျိုးရှိတဲ့ အစီအစဉ်တွေ လုပ်ရမှာဖြစ်တယ်။ (လု ၂၂:၇-၁၃။ နဓ ၃/၁၅ ၁) ဒါပေမဲ့ ကျွန်တော်တို့အားလုံး စိတ်နှလုံးကို ကြိုတင်ပြင်ဆင်ဖို့ လိုတယ်။ ဘယ်လို ပြင်ဆင်ကြမလဲ။

  • တက်ရောက်ဖို့ အရေးကြီးတဲ့အကြောင်း စဉ်းစားတွေးတောပါ။—၁က ၁၁:၂၃-၂၆

  • ယေဟောဝါနဲ့ ကိုယ့်ရဲ့ ဆက်ဆံရေးအကြောင်း ဆုတောင်း စဉ်းစားပါ။—၁က ၁၁:၂၇-၂၉။ ၂က ၁၃:၅

  • အောက်မေ့ရာပွဲရဲ့ အဓိပ္ပာယ်အကြောင်း ဆွေးနွေးထားတဲ့ ကျမ်းစာအခြေခံ စာပေတွေကို ဖတ်ပါ၊ တွေးတောဆင်ခြင်ပါ။—ယဟ ၃:၁၆။ ၁၅:၁၃

ကြေညာသူတချို့က ကျမ်းစာကို နေ့စဉ်ဆန်းစစ်ပါ စာအုပ်ထဲက အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်းကို ဖတ်ပြီး တွေးတောဆင်ခြင်တယ်။ တချို့ကတော့ ဒီဆောင်းပါးမှာပါတဲ့ ပုံတွေထဲက ကျမ်းချက်တွေကို ဖတ်တယ်။ တချို့က အောက်မေ့ရာပွဲအကြောင်း၊ ကျွန်တော်တို့အပေါ်ထားတဲ့ ယေဟောဝါနဲ့ ယေရှုရဲ့ မေတ္တာအကြောင်း ဆွေးနွေးထားတဲ့ ကင်းမျှော်စင် ဆောင်းပါးတွေကို ပြန်ဖတ်တယ်။ ဘယ်နည်းကိုပဲ သုံးသုံး ယေဟောဝါ၊ သားတော်နဲ့ ညီအစ်ကို/မတို့ ပိုရင်းနှီးလာနိုင်ပါစေ။

ယေရှုရဲ့ မြေကြီးအသက်တာ နောက်ဆုံး သီတင်းပတ် (အပိုင်း ၁ နဲ့ ၂)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ