ခရစ်ယာန်အသက်တာလမ်းစဉ်
ဘုရားတရား ကိုင်းရှိုင်းခြင်းနဲ့ ကာယလေ့ကျင့်ခန်း
ကာယလေ့ကျင့်ခန်းလုပ်တာ အကျိုးရှိပါသလား။ ရှိပါတယ်၊ ဒါပေမဲ့ ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်ခံ့အောင်လုပ်တာက ပိုအကျိုးရှိတယ်။ (၁တိ ၄:၈) ဒါကြောင့် ခရစ်ယာန်တွေဟာ အားကစားနဲ့ပတ်သက်လို့ မျှတတဲ့အမြင် ရှိတာကောင်းတယ်။
အားကစားအကြောင်း သိသင့်သိအပ်ရာ ကာတွန်းသရုပ်ဖော် ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
၁။ အားကစားလုပ်ရင် ဘယ်အရည်အသွေးတွေ ရှိလာမလဲ။
၂။ အားကစားနည်းတစ်မျိုးမျိုးက ကိုယ့်အတွက် အကျိုးရှိမရှိ ဘယ်အချက်သုံးချက်က သိစေနိုင်သလဲ။
၃။ ဘယ်အားကစားကို ကြည့်မယ်၊ ကစားမယ်ဆိုတာ ဆုံးဖြတ်ရာမှာ ဆာလံ ၁၁:၅ က ဘယ်လို ကူညီပေးနိုင်သလဲ။
၄။ အားကစားလုပ်တဲ့အခါ ဖိလိပ္ပိ ၂:၃ နဲ့ ပညာအလိမ္မာ ၁၆:၁၈ ကို ဘယ်လို ကျင့်သုံးနိုင်သလဲ။
၅။ အားကစားပွဲ ကြည့်ရာမှာ၊ အားကစားလုပ်ရာမှာ အချိန်အများကြီး မပေးမိအောင် ဖိလိပ္ပိ ၁:၁၀ က ဘယ်လို ကူညီပေးနိုင်သလဲ။