ခရစ်ယာန်အသက်တာလမ်းစဉ်
သန့်ရှင်းတဲ့လူတွေကို ယေဟောဝါ ချစ်
“လက်ဆေး။ အခန်းသန့်ရှင်းရေးလုပ်။ ကြမ်းတိုက်။ အမှိုက်ပစ်။” မိဘတွေဟာ သားသမီးတွေကို ဘယ်လို သန့်သန့်ရှင်းရှင်း နေရမယ်ဆိုတာ သင်ပေးတယ်။ တကယ်တော့ အဲဒါက သန့်ရှင်းတဲ့ဘုရားကနေ အစပြုတာဖြစ်တယ်။ (ထွ ၃၀:၁၈-၂၀။ တရ ၂၃:၁၄။ ၂က ၇:၁) ကိုယ့်ကိုယ်ခန္ဓာနဲ့ ကိုယ့်ပစ္စည်းတွေ သန့်ရှင်းနေရင် ယေဟောဝါကို ဂုဏ်တင်ရာရောက်တယ်။ (၁ပ ၁:၁၄-၁၆) ကိုယ့်အိမ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကော။ လမ်းမှာ၊ ပန်းခြံတွေမှာ အမှိုက်ပစ်တဲ့လူတွေနဲ့ မတူဘဲ ခရစ်ယာန်တွေဟာ ကမ္ဘာမြေ သန့်ရှင်းနေစေဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ကြတယ်။ (ဆ ၁၁၅:၁၆။ ဗ ၁၁:၁၈) သကြားလုံးအခွံ၊ အချိုရည်ဘူး၊ ပီကေ စတဲ့ အမှိုက်သေးသေးလေးတွေကို စွန့်ပစ်ပုံက သန့်ရှင်းခြင်းနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ သဘောထားကို ဖော်ပြတယ်။ ကိုယ့်ဘဝကဏ္ဍတိုင်းမှာ ‘ဘုရားသခင်ရဲ့ အမှုဆောင်တွေဖြစ်မှန်း ဖော်ပြ’ ချင်ကြတယ်။—၂က ၆:၃၊ ၄။
သန့်ရှင်းသပ်ရပ်သူတွေကို ယေဟောဝါ ချစ်မြတ်နိုးတယ် ဗီဒီယိုကို ကြည့်ပါ၊ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
ကိုယ့်ပစ္စည်းတွေကို သန့်သန့်ရှင်းရှင်း မထားတာနဲ့ပတ်သက်ပြီး လူတချို့ ဘယ်လို အကြောင်းပြကြသလဲ။
မောရှေပညတ်က သန့်ရှင်းခြင်းနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ အမြင်ကို ဘယ်လို ဖော်ပြသလဲ။
ယေဟောဝါအကြောင်း အသံတိတ်နည်းနဲ့ ဘယ်လို သက်သေခံနိုင်သလဲ။
ငါ့ဘဝမှာ သန့်ရှင်းခြင်းနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ အမြင်ကို ဘယ်လို ထင်ဟပ်ပြနိုင်သလဲ