ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb20 ဇန်နဝါရီ စာ. ၈
  • ဝေစာတွေ သုံးပြီး စကားစနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဝေစာတွေ သုံးပြီး စကားစနိုင်ပုံ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဝေစာအသစ်တွေရဲ့ ထူးခြားကောင်းမွန်တဲ့ဒီဇိုင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • စကားစမြည် ပြောဆိုနိုင်ပုံ နမူနာကို အသုံးပြုပုံ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
  • သတင်းကောင်းပျံ့နှံ့စေဖို့ ဝေစာတွေကို အသုံးပြုပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • စကားစမြည်စတင်ပြောဆိုရန် ဝေစာများကိုအသုံးပြုပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
mwb20 ဇန်နဝါရီ စာ. ၈
ညီအစ်မတစ်ယောက် အမျိုးသမီးတစ်ယောက်ကို ‘ဆင်းရဲဒုက္ခတွေ အဆုံးတိုင်မှာလား’ ဝေစာသုံးပြီး ကားမှတ်တိုင်မှာ အလွတ်သဘော သက်သေခံနေစဉ်။

ခရစ်ယာန်အသက်တာလမ်းစဉ်

ဝေစာတွေ သုံးပြီး စကားစနိုင်ပုံ

၂၀၁၈၊ ဇန်နဝါရီလကစပြီး အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မျက်နှာဖုံးမှာ နမူနာတင်ဆက်နည်းတွေ ဖော်ပြခဲ့တယ်။ စာပေ ဝေငှရုံသာ မဟုတ်ဘဲ လူတွေနဲ့ စကားစမြည်ပြောတာကို အဓိကအာရုံစိုက်ဖို့ အားပေးခဲ့တယ်။ ကြေညာသူတွေ ချဉ်းကပ်နည်းပြောင်းရာမှာ အထောက်အကူဖြစ်စေဖို့ ကျမ်းစာကိုပဲသုံးပြီး စကားစမြည်စပြောနိုင်ပုံ နမူနာဗီဒီယိုတွေ တင်ဆက်ပေးခဲ့တယ်။ အဲဒီလိုပြောလို့ တစ်အိမ်တက်ဆင်း ဟောပြောတဲ့အခါ စာပေတွေ လုံးဝ မသုံးရတော့ဘူးလား။ မဟုတ်ပါဘူး။ စကားစမြည် စပြောဖို့ ဝေစာတွေဟာ တကယ်ထိရောက်ပါတယ်။ ဘယ်ဝေစာကိုပဲသုံးသုံး အောက်ပါနည်းလမ်းနဲ့ စကားစနိုင်တယ်–

  1. ၁။ ရှေ့စာမျက်နှာပါ မေးခွန်းကို မေးပါ။

  2. ၂။ ဒုတိယစာမျက်နှာ ထိပ်မှာပါတဲ့ ကျမ်းချက်(တွေ)ရဲ့ အဖြေကို ပြပါ။ အချိန်ရရင် ဝေစာအထဲမှာပါတဲ့ အချက်တချို့ကို ဖတ်ပြီး ဆွေးနွေးပါ။

  3. ၃။ အိမ်ရှင်ကို ဝေစာပေးပါ။ အားတဲ့အခါ ကျန်တဲ့အချက်တွေကို ဖတ်ဖို့ အားပေးပါ။

  4. ၄။ ထွက်မသွားခင် “စဉ်းစားကြည့်ပါ” မှာပါတဲ့ မေးခွန်းကို ပြပါ။ နောက်တစ်ခါ ပြန်သွားပြီး ကျမ်းစာအဖြေကို ဆွေးနွေးဖို့ စီစဉ်ပါ။

‘အနာဂတ်မှာ ဘာတွေ ဖြစ်လာမယ်လို့ သင် ထင်သလဲ’ ဝေစာပါ အထူးအသွင်အပြင်တွေကို နံပါတ် တစ်ကနေ လေးအထိ ဖော်ပြထားစဉ်။

ပြန်လည်ပတ်တဲ့အခါ မေးခဲ့တဲ့ မေးခွန်းကို ဆွေးနွေးပြီး နောက်တစ်ခါ ဆွေးနွေးဖို့ မေးခွန်းတစ်ခု ထားခဲ့ပါ။ ဝက်ဘ်ဆိုက်ထဲက ဒါမှမဟုတ် ဝေစာနောက်ကျောမှာ ဖော်ပြထားတဲ့ စာပေထဲက မေးခွန်းတစ်ခု မေးခဲ့နိုင်တယ်။ သင့်တော်တဲ့အချိန်မှာ လူမျိုးအားလုံးအတွက် သတင်းကောင်း စာစောင် ဒါမှမဟုတ် သွန်သင်ခြင်းကိရိယာထဲက စာပေတစ်ခုနဲ့ မိတ်ဆက်ပေးပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ