ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ထွက်မြောက်ရာ ၆-၇
“ဖာရောကို ငါဘာလုပ်မယ်ဆိုတာ မင်း အခု တွေ့ရလိမ့်မယ်”
အီဂျစ်ပြည်အပေါ် ကပ်ဘေးတွေ မကျရောက်ခင်၊ အစ္စရေးတွေကို ကျွန်ဘဝကနေ မကယ်လွှတ်ခင်မှာ ယေဟောဝါဟာ မိမိ လုပ်မယ့်အရာတွေအကြောင်း အစ္စရေးတွေကို ပြောပြတယ်။ ယေဟောဝါ တန်ခိုးပြတာကို အရင်က မမြင်ဖူးတဲ့ နည်းတွေနဲ့ အစ္စရေးတွေ မြင်ရမယ်။ ယေဟောဝါဟာ ဘယ်သူလဲဆိုတာ အီဂျစ်တွေ ဧကန်မုချ သိရမယ်။ ဘုရား ကတိပေးထားတဲ့အတိုင်း ဖြစ်လာတဲ့အခါ အစ္စရေးတွေရဲ့ ယုံကြည်ခြင်း ခိုင်ခံ့လာတယ်။ အဲဒါက အီဂျစ်ပြည်မှာ ထိတွေ့ခဲ့ရတဲ့ အယူမှားဘာသာရဲ့ သြဇာလွှမ်းမိုးမှုတွေကို တွန်းလှန်ဖို့ အကူအညီ ဖြစ်ခဲ့တယ်။
ဒီကျမ်းစာမှတ်တမ်းက အနာဂတ်နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ကတိမှန်သမျှ ပြည့်စုံလာမယ်ဆိုတဲ့ သင့်ယုံကြည်ခြင်းကို ဘယ်လို ပိုခိုင်ခံ့စေသလဲ