ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ထွက်မြောက်ရာ ၁၂
ပသခါပွဲက ခရစ်ယာန်တွေအတွက် ဘာအဓိပ္ပာယ်ရှိ
အစ္စရေးတွေဟာ နောက်ဆုံးကပ်ဘေးကို မခံရအောင် လမ်းညွှန်ချက်တွေကို လိုက်နာဖို့ အရေးကြီးတယ်။ (ထွ ၁၂:၂၈) နိသန် ၁၄ ရက်နေ့ညမှာ မိသားစုတွေဟာ မိမိတို့ရဲ့ အိမ်တွေမှာ စုဝေးရမယ်။ ကျန်းမာတဲ့ တစ်နှစ်သားအရွယ် သိုးထီး ဒါမှမဟုတ် ဆိတ်ထီးတစ်ကောင်ကို သတ်ရမယ်။ သွေးကို တံခါးတိုင်နှစ်ဖက်နဲ့ တံခါးထုပ်ပေါ်မှာ သုတ်ရမယ်။ အဲဒီနောက် တစ်ကောင်လုံးကို မီးကင်ပြီး မြန်မြန် စားရမယ်။ မိုးမလင်းမချင်း ဘယ်သူမှ အိမ်ပြင် မထွက်ရဘူး။—ထွ ၁၂:၉-၁၁၊ ၂၂။
အခုချိန်မှာ နာခံမှုက ကျွန်တော်တို့ကို ဘယ်လိုနည်းတွေနဲ့ ကာကွယ်ပေးသလဲ