ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb20 ဩဂုတ် စာ. ၃
  • အဆုံးနီးလာတာနဲ့အမျှ ကြံ့ကြံ့ခံ ရပ်တည်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဆုံးနီးလာတာနဲ့အမျှ ကြံ့ကြံ့ခံ ရပ်တည်ပါ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားကြိုက်တဲ့ အရည်အသွေး မွေးမြူပါ​—⁠ရဲစွမ်းသတ္တိ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
  • ရဲစွမ်းသတ္တိ ရှိဖို့ မခက်ခဲလွန်း
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • “ရဲစွမ်းသတ္တိရှိရှိနဲ့ လုပ်ငန်း စပေတော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ရဲစွမ်းသတ္တိ ပေးသနားပါ
    ယေဟောဝါကို ‘ရွှင်လန်းစွာ တေးသီကျူးကြ’
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
mwb20 ဩဂုတ် စာ. ၃

ခရစ်ယာန်အသက်တာလမ်းစဉ်

အဆုံးနီးလာတာနဲ့အမျှ ကြံ့ကြံ့ခံ ရပ်တည်ပါ

ဘာကြောင့် အရေးကြီးသလဲ– အရင်က မကြုံဖူးတဲ့ ထူးခြားတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်လာတော့မယ်။ အဲဒါတွေက ကျွန်တော်တို့ရဲ့ ရဲစွမ်းသတ္တိနဲ့ ဘုရားအပေါ် ယုံကြည်ကိုးစားမှုကို စမ်းသပ်မှု ဖြစ်စေနိုင်တယ်။ ကြီးစွာသောဒုက္ခဟာ မှားယွင်းတဲ့ ဘာသာ ဖျက်ဆီးခံရခြင်းနဲ့ အစပြုမယ်။ (မ ၂၄:၂၁။ ဗ ၁၇:၁၆၊ ၁၇) အဲဒီလို ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာ တရားစီရင်ခြင်း သတင်းကို ကျွန်တော်တို့ ကြေညာရဖွယ် ရှိတယ်။ (ဗ ၁၆:၂၁) အဲဒီအချိန်မှာ မာဂေါဂပြည်က ဂေါဂမင်းရဲ့ တိုက်ခိုက်မှုကို ကျွန်တော်တို့ ခံရကြမယ်။ (ယဇ ၃၈:၁၀-၁၂၊ ၁၄-၁၆) အဲဒီအချိန်မှာ ယေဟောဝါက “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နေ့ကြီးမှာ တိုက်မယ့် စစ်ပွဲ” ကို စတင်ပါလိမ့်မယ်။ (ဗ ၁၆:၁၄၊ ၁၆) အဲဒီအနာဂတ် ဖြစ်ရပ်တွေ ကြုံတွေ့ရတဲ့အခါ ရဲစွမ်းသတ္တိ ရှိဖို့ဆိုရင် လက်ရှိ ယုံကြည်ခြင်း စမ်းသပ်မှုတွေကို ကြံ့ကြံ့ခံဖို့ လိုတယ်။

လုပ်ဆောင်နိုင်ပုံ–

  • ယေဟောဝါရဲ့ မြင့်မားတဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေနဲ့အညီ နေထိုင်ပါ။—ရှာ ၅:၂၀

  • ခရစ်ယာန်ချင်းတွေနဲ့အတူ ဆက်ဝတ်ပြုနေပါ။ —ဟီ ၁၀:၂၄၊ ၂၅

  • ယေဟောဝါရဲ့ အဖွဲ့အစည်းက လာတဲ့ ညွှန်ကြားချက်တွေကို ချက်ချင်း လိုက်နာပါ။—ဟီ ၁၃:၁၇

  • အရင်တုန်းက မိမိလူမျိုးကို ယေဟောဝါ ကယ်တင်ခဲ့ပုံတွေကို ပြန်တွေးတောဆင်ခြင်ပါ။—၂ပ ၂:၉

  • ယေဟောဝါဆီ ဆုတောင်းပါ။ ဘုရားသခင်ကို ယုံကြည်ကိုးစားပါ။—ဆ ၁၁၂:၇၊ ၈

ရဲစွမ်းသတ္တိ ရှိဖို့ လိုမယ့် အနာဂတ် ဖြစ်ရပ်များ—ကောက်နုတ်ချက် ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • ‘ရဲစွမ်းသတ္တိ ရှိဖို့ လိုမယ့် အနာဂတ် ဖြစ်ရပ်များ’ ဗီဒီယိုထဲမှ ပြကွက်။ နိုင်ငံတော်ခန်းမမှာ အသင်းတော် ပေါင်းမယ့် ကြေညာချက်ကို ဖတ်ပြီးနောက် စိုးရိမ်နေတဲ့ ညီအစ်မတစ်ယောက် ငေးစိုက်ကြည့်နေစဉ်။

    ကိုယ့်အသင်းတော်ကို တခြားအသင်းတော်နဲ့ ပေါင်းလိုက်တဲ့အခါ ကြေညာသူတွေရဲ့ နာခံမှု ဘယ်လို စမ်းသပ်ခံရသလဲ။

  • ‘ရဲစွမ်းသတ္တိ ရှိဖို့ လိုမယ့် အနာဂတ် ဖြစ်ရပ်များ’ ဗီဒီယိုထဲမှ ပြကွက်။ အဲဒီညီအစ်မက တခြားညီအစ်မနှစ်ယောက်နဲ့ အသင်းတော် တာဝန်သစ်တွေအကြောင်း ပြောနေစဉ်။

    ရဲစွမ်းသတ္တိနဲ့ နာခံမှု ဘယ်လို ဆက်စပ်နေသလဲ။

  • ‘ရဲစွမ်းသတ္တိ ရှိဖို့ လိုမယ့် အနာဂတ် ဖြစ်ရပ်များ’ ဗီဒီယိုထဲမှ ပြကွက်။ ‘ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ’ စာအုပ်ထဲက အာမဂေဒုန်အကြောင်း ဆွဲထားတဲ့ ရုပ်ပုံကို ကြည့်ပြီး ကောင်လေးတစ်ယောက် စိုးရိမ်နေစဉ်။

    အာမဂေဒုန် ရောက်တဲ့အခါ ဘာကြောင့် ရဲစွမ်းသတ္တိ ရှိဖို့ လိုမလဲ။

  • ‘ရဲစွမ်းသတ္တိ ရှိဖို့ လိုမယ့် အနာဂတ် ဖြစ်ရပ်များ’ ဗီဒီယိုထဲမှ ပြကွက်။ ယောရှဖတ်နဲ့ ယုဒပြည်က တခြားသူတွေ စစ်မြေပြင်ကို ရောက်လာတဲ့အခါ ရန်သူစစ်သားအားလုံး သေဆုံးနေတာကို တွေ့ရစဉ်။

    ရဲစွမ်းသတ္တိ ရှိဖို့ လိုအပ်လာမယ့် အနာဂတ် ဖြစ်ရပ်တွေအတွက် အခုကတည်းက ပြင်ဆင်ပါ

    ဘယ်ကျမ်းစာမှတ်တမ်းက ယေဟောဝါရဲ့ ကယ်တင်နိုင်စွမ်းကို ယုံကြည်စိတ်ချဖို့ ကူညီပေးနိုင်သလဲ။—၂ရာ ၂၀:၁-၂၄

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ