ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ထွက်မြောက်ရာ ၂၉-၃၀
ယေဟောဝါအတွက် အလှူ
တဲတော် ဆောက်လုပ်ချိန်တုန်းက ဆင်းရဲချမ်းသာမရွေး လူတိုင်း အလှူငွေ ထည့်ဝင်ခြင်းအားဖြင့် ယေဟောဝါရဲ့ ဝတ်ပြုရေးကို ထောက်ပံ့ခွင့် ရရှိခဲ့ကြတယ်။ ယနေ့အချိန်မှာရော ဘယ်လို လှူဒါန်းနိုင်သလဲ။ တစ်နည်းကတော့ ယေဟောဝါကို ဝတ်ပြုဖို့ အပ်နှံထားတဲ့ နိုင်ငံတော်ခန်းမတွေ၊ စည်းဝေးပွဲခန်းမတွေ၊ ဘာသာပြန်ရုံးခွဲတွေ၊ ဗေသလအဆောက်အဦတွေအတွက် အလှူငွေ ထည့်ဝင်ခြင်းပါပဲ။
စစ်မှန်တဲ့ ဝတ်ပြုရေးကို ထောက်ပံ့ဖို့ အလှူငွေ ထည့်တာနဲ့ပတ်သက်ပြီး အောက်ပါကျမ်းချက်တွေကနေ ဘာသင်ယူနိုင်သလဲ