ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb21 မတ် စာ. ၅
  • အောက်မေ့ရာပွဲအတွက် ပြင်ဆင်နေသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အောက်မေ့ရာပွဲအတွက် ပြင်ဆင်နေသလား
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘယ်သူတွေကို ဖိတ်မလဲ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
  • အောက်မေ့ရာပွဲ ကျင်းပဖို့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေး
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • “ဤသို့ပြုလျက်နေကြလော့”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
mwb21 မတ် စာ. ၅
ပေတရုနဲ့ ယောဟန် စားပွဲပေါ်မှာ မုန့်နဲ့ ခွက်တွေကို ချနေကြစဉ်။

အေဒီ ၃၃၊ ပသခါပွဲအတွက် ပေတရုနဲ့ ယောဟန် အထက်ခန်းမမှာ ပြင်ဆင်နေကြစဉ်။

ခရစ်ယာန်အသက်တာလမ်းစဉ်

အောက်မေ့ရာပွဲအတွက် ပြင်ဆင်နေသလား

ယေရှု ကျင်းပခဲ့တဲ့ နောက်ဆုံးပသခါပွဲက ထူးခြားတယ်။ မကြာခင် သေရတော့မှာ ဖြစ်လို့ တမန်တော်တွေနဲ့အတူ ပသခါညစာ အတူစားဖို့၊ နှစ်စဉ် ကျင်းပရတော့မယ့် သခင့် ညစာစားပွဲကို အစပြုကျင်းပဖို့ စီစဉ်ခဲ့တယ်။ ဒါကြောင့် ပေတရုနဲ့ ယောဟန်ကို အခန်း ပြင်ဆင်ဖို့ လွှတ်လိုက်တယ်။ (လု ၂၂:၇-၁၃။ မျက်နှာဖုံးပုံကို ကြည့်ပါ။) အဲဒါက မတ်လ ၂၇ ရက်နေ့မှာ ကျရောက်မယ့် အောက်မေ့ရာပွဲကို ပြင်ဆင်ဖို့ လိုတယ်ဆိုတာ သတိရစေတယ်။ အသင်းတော်တွေကတော့ ဟောပြောမယ့်သူ၊ မုန့်နဲ့ဝိုင် စတာတွေကို ပြင်ဆင်ပြီး ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ တစ်ဦးချင်းစီအနေနဲ့ အောက်မေ့ရာပွဲအတွက် အသင့်ဖြစ်အောင် ဘာတွေ လုပ်နိုင်သလဲ။

စိတ်နှလုံးကို ပြင်ဆင်ပါ။ အောက်မေ့ရာပွဲအတွက် ပေးထားတဲ့ ကျမ်းချက်တွေကို ဖတ်ရှုပြီး တွေးတောဆင်ခြင်ပါ။ ဖတ်ရမယ့် ကျမ်းချက်တွေကို နေ့စဉ်ကျမ်းချက်စာအုပ်မှာ တွေ့နိုင်တယ်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်း နောက်ဆက်တွဲ ခ၁၂ မှာ အသေးစိတ် လေ့လာနိုင်တဲ့ ဇယား ရှိတယ်။ (ဧပြီ ၂၀၂၀၊ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်ကိုလည်း ကြည့်ပါ။) မိသားစု ဝတ်ပြုမှုမှာ လေ့လာနိုင်တဲ့ ရွေးနုတ်ဖိုး အရေးကြီးပုံ အချက်အလက်တွေကို ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှု လမ်းညွှန်မှာ ကြည့်နိုင်တယ်။

မိသားစုတစ်စု မိသားစု ဝတ်ပြုမှုမှာ အောက်မေ့ရာပွဲအကြောင်း ဆွေးနွေးနေကြစဉ်။

တခြားသူတွေကို ဖိတ်ခေါ်ပါ။ ဖိတ်စာကင်ပိန်းမှာ အပြည့်အဝ ပါဝင်ပါ။ ပြန်လည်ပတ်မှုတွေ၊ အရင်က ကျမ်းစာသင်သားတွေ၊ အသိအကျွမ်းတွေ၊ ဆွေမျိုးတွေကို ဖိတ်ခေါ်နိုင်တယ်။ အကြီးအကဲတွေက မလှုပ်မရှား ဖြစ်နေသူတွေကို ဖိတ်ခေါ်ဖို့ သေချာ စီစဉ်သင့်တယ်။ ဖိတ်ခေါ်ချင်တဲ့သူက သင့်ဒေသမှာ မနေထိုင်ဘူးဆိုရင် jw.org ပင်မစာမျက်နှာ၊ ကျွန်တော်တို့အကြောင်း၊ “အောက်မေ့ရာပွဲ” ကို သွားပြီး သူနေတဲ့ ဒေသမှာ အောက်မေ့ရာပွဲ ကျင်းပမယ့် အချိန်နဲ့ နေရာကို ရှာနိုင်ပါတယ်။

မလှုပ်မရှား ဖြစ်နေတဲ့ ညီအစ်ကို တစ်ဦးဆီ အကြီးအကဲနှစ်ယောက် လည်ပတ်ပြီး အောက်မေ့ရာပွဲ တက်ဖို့ ဖိတ်ခေါ်နေစဉ်။

နောက်ထပ် ဘာတွေ ပြင်ဆင်နိုင်သေးသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ