ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb21 မေ စာ. ၁၁
  • ထက်ထက်သန်သန် သွန်သင်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထက်ထက်သန်သန် သွန်သင်ပါ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်ထက်သန်ခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • စိတ်ထက်သန်ခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • မေးခွန်းတွေ မေးပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • စိတ်နှလုံးကို ထိမိစေပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
mwb21 မေ စာ. ၁၁
သက်ကြီး အမျိုးသားတစ်ယောက်ကို ညီအစ်ကိုက ကိုယ်ဟန်လက်ဟန်သုံး ပြုံးပြီး ကျမ်းစာသင်ပေးနေစဉ်။

အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ | အမှုဆောင်လုပ်ငန်းမှာ ပိုပျော်ရွှင်နိုင်ပုံ

ထက်ထက်သန်သန် သွန်သင်ပါ

ထက်သန်မှုဆိုတာ ကူးစက်တယ်။ နားထောင်နေသူတွေရဲ့ အာရုံကို ဖမ်းစားနိုင်တယ်။ ကိုယ်ပြောနေတဲ့ သတင်းစကားကို အလေးအနက်ထားကြောင်းလည်း ဖော်ပြတယ်။ ဘယ်ယဉ်ကျေးမှု၊ နောက်ခံ၊ ကိုယ်ရည်ကိုယ်သွေးပဲ ရှိပါစေ ထက်သန်မှုကို မွေးမြူနိုင်တယ်။ (ရ ၁၂:၁၁) ဘယ်လိုနည်းနဲ့လဲ။

ပထမ၊ သတင်းစကားရဲ့ အရေးကြီးမှုကို စဉ်းစားပါ။ “ကောင်းကျိုးချမ်းသာနဲ့ ဆိုင်တဲ့ သတင်းကောင်းကို ကြေညာ” ရတဲ့ အခွင့်ထူးကို ကျွန်တော်တို့ ရရှိထားတယ်။ (ရ ၁၀:၁၅) ဒုတိယ၊ သတင်းကောင်းက နားထောင်သူတွေရဲ့ အသက်တာကို ဘယ်လို တိုးတက်စေနိုင်တယ်ဆိုတာ စဉ်းစားပါ။ ကျွန်တော်တို့ ပြောတာကို သူတို့ ကြားရဖို့ လိုတယ်။ (ရ ၁၀:၁၃၊ ၁၄) တတိယ၊ သဘာဝကျတဲ့ ကိုယ်ဟန်အမူအယာ၊ မျက်နှာနေမျက်နှာထားနဲ့ ထက်ထက်သန်သန် ပြောဆိုပါ။

တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ ပျော်ရွှင်ဖို့ စွမ်းရည်များကို မြှင့်တင်ပါ—ထက်ထက်သန်သန် သွန်သင်ခြင်း ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ။

  • ‘တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပျော်ရွှင်ဖို့ စွမ်းရည်များကို မြှင့်တင်ပါ—ထက်ထက်သန်သန် သွန်သင်ခြင်း’ ဗီဒီယိုမှ ပြကွက်။ ဂျက်စမင်က ကျမ်းစာသင်အံမှုကို ဖျက်လိုက်တဲ့အတွက် နီတာ စိတ်ဓာတ်ကျနေစဉ်။

    ဂျက်စမင်နဲ့ ကျမ်းစာသင်ရတာကို နီတာ ဘာကြောင့် စိတ်ပျက်လာသလဲ။

  • ‘တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပျော်ရွှင်ဖို့ စွမ်းရည်များကို မြှင့်တင်ပါ—ထက်ထက်သန်သန် သွန်သင်ခြင်း’ ဗီဒီယိုမှ ပြကွက်။ ကျမ်းစာသင်နေချိန်မှာ စိတ်မပါတဲ့ ဂျက်စမင်ကို တွေ့ရစဉ်။

    နီတာ ပြန်ပြီး ထက်သန်လာအောင် ဘာက ကူညီပေးခဲ့သလဲ။

  • ‘တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပျော်ရွှင်ဖို့ စွမ်းရည်များကို မြှင့်တင်ပါ—ထက်ထက်သန်သန် သွန်သင်ခြင်း’ ဗီဒီယိုမှ ပြကွက်။ ကျမ်းစာသင်အံမှုပြီးနောက် ဂျက်စမင်နဲ့ နီတာ စိတ်အားထက်သန်စွာ စကားပြောနေကြစဉ်။

    ထက်သန်မှုဆိုတာ ကူးစက်တယ်

    နားထောင်နေသူတွေရဲ့ အရည်အသွေးကောင်းတွေကို ဘာကြောင့် အာရုံစိုက်သင့်သလဲ။

  • ကိုယ့်ရဲ့ ထက်သန်မှုက ကျမ်းစာသင်သားတွေနဲ့ တခြားသူတွေအပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ