အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ | အမှုဆောင်လုပ်ငန်းမှာ ပိုပျော်ရွှင်နိုင်ပုံ
လေ့လာမှု ကိရိယာများကို သုံးပါ
ထိထိရောက်ရောက် သွန်သင်နိုင်ဖို့ ဗီဒီယိုတွေ၊ ဝေစာတွေ၊ မဂ္ဂဇင်းတွေ၊ စာစောင်တွေ၊ စာအုပ်တွေနဲ့ အဓိက ကိရိယာ ဖြစ်တဲ့ သမ္မာကျမ်းစာကို ယေဟောဝါ ပြင်ဆင်ပေးထားတယ်။ (၂တိ ၃:၁၆) ကျမ်းစာကို ရှင်းပြရာမှာ အထောက်အကူပြုတဲ့ လေ့လာမှု ကိရိယာတွေလည်း ရှိတယ်။ အဲဒီထဲမှာ ကင်းမျှော်စင် စာကြည့်တိုက်၊ JW Library® app၊ ကင်းမျှော်စင် အွန်လိုင်းစာကြည့်တိုက်™ နဲ့ ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှုလမ်းညွှန် ပါတယ်။
ကျမ်းစာကို လေ့လာတဲ့အခါ အဲဒီကိရိယာတွေကို အသုံးပြုရင် ပျော်ရွှင်မှု ခံစားရပါလိမ့်မယ်။ အဲဒီကိရိယာတွေကို ဘယ်လို သုံးရမလဲဆိုတာ ကျမ်းစာသင်သားတွေကို လေ့ကျင့်ပေးထားပါ။ သူတို့ သိချင်တဲ့ ကျမ်းစာမေးခွန်းတွေရဲ့ အဖြေကို ရှာတွေ့တဲ့အခါ ပျော်ရွှင်ပါလိမ့်မယ်။
တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပျော်ရွှင်ဖို့ ယေဟောဝါရဲ့ အကူအညီကို လက်ခံပါ—လေ့လာမှု ကိရိယာများ ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ။
ဂျက်စမင်က ဖန်ဆင်းခြင်းနဲ့ပတ်သက်ပြီး ဘာပြောသလဲ။
အဲဒီအကြောင်းအရာကို နီတာ ဘယ်ကနေ ရှာတွေ့ခဲ့သလဲ။
ကျမ်းစာ အသိပညာတွေကို ရှာဖွေ၊ ဝေမျှတာက ကျွန်တော်တို့ကို ပျော်ရွှင်စေ
ဂျက်စမင်နဲ့ အသင့်တော်ဆုံး အချက်အလက်တွေကို ဘယ်လို ရှာတွေ့ခဲ့သလဲ။
လေ့လာမှု ကိရိယာတွေကို နီတာ အသုံးပြုတဲ့အခါ ဘာအကျိုး ရခဲ့သလဲ။