ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb22 စက်တင်ဘာ စာ. ၁၃
  • “ပျော်စရာဘဝ ထာဝရ စံစားကြ” ထဲက အထောက်အကူပြုတဲ့ အသွင်အပြင်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ပျော်စရာဘဝ ထာဝရ စံစားကြ” ထဲက အထောက်အကူပြုတဲ့ အသွင်အပြင်များ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဗီဒီယိုတွေသုံးပြီး ကျမ်းစာသင်သားတွေကို သင်ပေးပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
  • ကင်းမျှော်စင် လေ့လာရန်စာစောင်သစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဒီဂျစ်တယ်နည်းပညာကို ချင့်ချင့်ချိန်ချိန် အသုံးပြုနေသလား
    နိုးလော့!—၂၀၁၅
  • ဟုတ်ပါတယ်၊ ဒါက လေ့လာရန်စာစောင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
mwb22 စက်တင်ဘာ စာ. ၁၃

ခရစ်ယာန်အသက်တာလမ်းစဉ်

ပျော်စရာဘဝ ထာဝရ စံစားကြ ထဲက အထောက်အကူပြုတဲ့ အသွင်အပြင်များ

ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်မှာ ပါတဲ့ ဗီဒီယိုတွေ၊ သဘောထားမေးခွန်းတွေ အသုံးပြုရတာ ကြိုက်သလား။ “လူတချို့အဆို၊” “ရည်မှန်းပန်းတိုင်၊” “လေ့လာစရာ ထပ်ဖွေရှာ” အသွင်အပြင်တွေကိုကော။ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ ပါဝင်တဲ့အခါ တခြား ဘယ်အသွင်အပြင်တွေက အကူအညီဖြစ်သလဲ။—မ ၂၈:၁၉၊ ၂၀။

“JW Library” app ပေါ်က “ပျော်စရာဘဝ ထာဝရ စံစားကြ” စာအုပ်။ အဝိုင်းအကွက်က “အပိုင်း ၁ အတွက် မီဒီယာ” ကို ပြထား။

မီဒီယာ– စာအုပ်သုံးပြီး သင်အံမှု လုပ်တယ်ဆိုရင် ဗီဒီယိုတွေ၊ တခြားမီဒီယာတွေကို တစ်နေရာထဲမှာ ဘယ်လို ရှာနိုင်သလဲ။ ဒစ်ဂျစ်တယ်စာအုပ်မှာ အပိုင်းလေးခုထဲက တစ်ခုကို ရွေးပါ။ သင်ခန်းစာခေါင်းစဉ်တွေရဲ့ စာရင်းအောက်ဆုံးမှာ အပိုင်းတစ်ခုအတွက် မီဒီယာအားလုံးကို စုစည်းပေးထားပါတယ်။ (ရုပ်ပုံ ၁ ကို ကြည့်ပါ။)

“ပုံနှိပ် စာပေ” ပုံစံ– ဖုန်း/တက်ဘလက်သုံးပြီး သင်အံမှု လုပ်နေတယ်ဆိုရင် “ပုံနှိပ် စာပေ” ပုံစံကို အချိန်မရွေး ဖွင့်ကြည့်နိုင်တယ်။ သင်ခန်းစာကို ဖွင့်ထားစဉ် ဘားတန်း အစွန်မှာ ရှိတဲ့ အစက်သုံးစက်ကို နှိပ်ပြီး “ပုံနှိပ် စာပေ” ပုံစံကို ရွေးပါ။ ဆွေးနွေးနေတဲ့ အကြောင်းအရာဟာ သင်ခန်းစာရဲ့ အဓိကအကြောင်းနဲ့ ဘယ်လို ဆက်စပ်သလဲဆိုတာ မမေ့အောင် ပေါ်လာတဲ့ပုံက အထောက်အကူပြုတယ်။ ဒစ်ဂျစ်တယ် ပုံစံကို ပြန်ပြောင်းချင်ရင် အစက်သုံးစက်ကို နှိပ်ပြီး “ဒစ်ဂျစ်တယ် စာပေ” ကို ရွေးပါ။

“JW Library” app ပေါ်က “ပျော်စရာဘဝ ထာဝရ စံစားကြ” စာအုပ်။ အဝိုင်းအကွက်က “အသင့်ဖြစ်ပြီလား” နဲ့ “ရှင်းလင်းချက်” ကို ပြထား။

“အသင့်ဖြစ်ပြီလား”– စာအုပ်နိဂုံးပိုင်းမှာ ပါတဲ့ ဒီလေးထောင့်ကွက်တွေက အသင်းတော်နဲ့အတူ ဟောပြောဖို့၊ နှစ်ခြင်းခံဖို့ ပြည့်မီရမယ့် အရည်အချင်းတွေကို ဖော်ပြပေးထားတယ်။ (ရုပ်ပုံ ၂ ကို ကြည့်ပါ။)

ရှင်းလင်းချက်– အရေးကြီးတဲ့ အကြောင်းအရာ တချို့နဲ့ပတ်သက်တဲ့ ထပ်ဆင့် ရှင်းလင်းချက်တွေ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်စာအုပ်မှာ လင့်ခ်ပေးထားတယ်။ ဒါကြောင့် သင်ခန်းစာဆီ ပြန်သွားချင်ရင် လင့်ခ်ကို နှိပ်ပါ။ (ရုပ်ပုံ ၂ ကို ကြည့်ပါ။)

တိုးတက်တဲ့ ကျမ်းစာသင်သားတွေ နှစ်ခြင်းခံပြီးရင်တောင် ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်ကို သူတို့နဲ့ အပြီးဖတ်ပါ။ သင်သား နှစ်ခြင်းခံပြီးရင်တောင် နာရီ၊ ပြန်လည်ပတ်မှု၊ သင်အံမှု စာရင်းသွင်းလို့ ရတယ်။ ကြေညာသူတစ်ယောက် အဖော်လိုက်တယ်ဆိုရင် သူလည်း နာရီ စာရင်းသွင်းနိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ