ခရစ်ယာန်အသက်တာလမ်းစဉ်
“ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ပါ”
ကိုယ့်မှာ ငွေကြေးအခက်အခဲ ကြုံနေရတယ်ဆိုရင် ဘုရားနဲ့ဆက်ဆံရေးကို ထိခိုက်စေတဲ့ သွေးဆောင်မှုတွေကို အလျှော့ပေးမိနိုင်တယ်။ ဥပမာ၊ ငွေများများဝင်ပေမဲ့ ဝတ်ပြုရေးကို ထိခိုက်မယ့်အလုပ်တွေ ကမ်းလှမ်းခံရနိုင်တယ်။ ဟီဘရူး ၁၃:၅ ကို တွေးတောဆင်ခြင်တာက အကူအညီဖြစ်စေပါလိမ့်မယ်။
“ခင်ဗျားတို့ရဲ့ဘဝမှာ ငွေတပ်မက်တာကို ရှောင်ပါ”
ငွေကြေးအပေါ်ထားတဲ့ ကိုယ့်သဘောထားကို ဆုတောင်းဆန်းစစ်ပါ။ ကလေးတွေရှေ့မှာ ဘယ်လိုပုံသက်သေပြနေသလဲဆိုတာ စဉ်းစားပါ။—န ၉/၁၅ ၆။
“ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ပါ”
ကိုယ့်အတွက် အမှန်တကယ်လိုအပ်ရာကို အသေအချာသုံးသပ်ပါ။—က၁၆.၀၇ ၇ ပိုဒ်. ၁-၂။
“မင်းတို့ကို ငါ ဘယ်တော့မှပစ်ထားမှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး”
ဘုရားနိုင်ငံတော်ကို ဘဝမှာ ဦးစားထားရင် လိုအပ်ရာတွေကို ယေဟောဝါပေးမယ်ဆိုတာ ယုံကြည်စိတ်ချပါ။—က၁၄ ၄/၁၅ ၂၀ ပိုဒ်. ၁၇။
ငွေကြေးအခက်အခဲ ကြုံရပေမဲ့ ညီအစ်ကိုတွေ ငြိမ်သက်မှု ခံစားနေကြ ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
မီဂဲလ် နိုဗွာရဲ့ အတွေ့အကြုံကနေ ဘာသင်ယူရရှိသလဲ။