ခရစ်ယာန်အသက်တာလမ်းစဉ်
မိဘတို့၊ ဘုရားသခင်ရဲ့စိတ်ကို ရွှင်လန်းစေသူတွေဖြစ်အောင် သားသမီးတွေကို သင်ကြားပေးပါ
ယေဟောဝါဘုရားက ငယ်ရွယ်သူတွေကို သိပ်တန်ဖိုးထားတယ်။ ဒါ့အပြင် ဘုရားသခင်ကို သူတို့လေးတွေ ပိုယုံကြည်လာတာ၊ ပိုချစ်လာတာ၊ ခံနိုင်ရည်တင်ပြနေတာကို ဂရုတစိုက် ကြည့်နေတယ်။ (၁ရှ ၂:၂၆။ လု ၂:၅၂) ကလေးငယ်တွေတောင် အမူအကျင့်ကောင်းပြပြီး ယေဟောဝါဘုရားရဲ့ စိတ်တော်ကို ရွှင်လန်းစေနိုင်တယ်။ (ပ ၂၇:၁၁) ယေဟောဝါက အဖွဲ့အစည်းကတစ်ဆင့် ကိရိယာကောင်းတွေ ပြင်ဆင်ပေးထားတယ်။ မိဘတွေက အဲဒီကိရိယာတွေကို သုံးပြီး သားသမီးတွေ ယေဟောဝါဘုရားကို ချစ်တတ်၊ နာခံတတ်အောင် သင်ပေးနိုင်တယ်။
“လူငယ်တို့ရဲ့ ခံနိုင်ရည်က ယေဟောဝါကို ဝမ်းမြောက်စေ” ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
နှစ်တွေတစ်လျှောက် ငယ်ရွယ်သူတွေကို ယေဟောဝါ ဘယ်လိုနည်းနဲ့ ကူညီလမ်းပြခဲ့သလဲ။
သားသမီးတွေကို ကူညီပေးဖို့ လက်ရှိ ဘယ်ကိရိယာတွေကို မိဘတွေ သုံးနိုင်သလဲ။
သင်ဟာ ငယ်ရွယ်သူတစ်ယောက်ဆိုရင် ယေဟောဝါ ပြင်ဆင်ပေးတဲ့ ဘယ်အရာကနေ အကျိုးရနေသလဲ၊ ဘာကြောင့်လဲ။