ခရစ်ယာန်အသက်တာလမ်းစဉ်
ယေဟောဝါသက်သေတွေရဲ့နာမည်ကောင်းကို ထိန်းဖို့ တစ်ဦးစီအနေနဲ့ ဘာလုပ်နိုင်သလဲ
ယေဟောဝါသက်သေတွေရဲ့ အမူအကျင့်ကို လူတွေ အာရုံစိုက်ကြတယ်။ (၁က ၄:၉) ဒါကြောင့် ‘ငါ့ရဲ့ အပြုအမူ အပြောအဆိုက ယေဟောဝါဘုရားကို ဂုဏ်တင်နေသလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။ (၁ပ ၂:၁၂) နှစ်တွေတစ်လျှောက် ယေဟောဝါသက်သေတွေ ရခဲ့တဲ့ နာမည်ကောင်း ကျွန်တော်တို့ကြောင့် ထိခိုက်သွားတာမျိုး မဖြစ်ချင်ကြပါဘူး။—ဒေ ၁၀:၁။
အောက်ပါအခြေအနေတစ်ခုစီမှာ ခရစ်ယာန်တစ်ဦး ဘယ်လိုလုပ်သင့်တယ်၊ ဘယ်ကျမ်းစာမူက အထောက်အကူပြုတယ်ဆိုတာ ချရေးပါ–
မယုံကြည်သူတစ်ယောက်က ဒေါသတကြီး တုံ့ပြန်လာတဲ့အခါ
ကိုယ့်အဝတ်အစား၊ စက်ဘီး၊ ဆိုင်ကယ်၊ ကား၊ အိမ် သပ်ရပ်သန့်ရှင်းမှု မရှိတဲ့အခါ
ကိုယ့်ဒေသက ဥပဒေတစ်ခုကို မမျှတဘူးလို့ ခံစားရတဲ့အခါ ဒါမှမဟုတ် လိုက်လျှောက်ဖို့ ခက်ခဲတဲ့အခါ
စာပေပြုစုရေးဌာနက သုတေသနပြုသူတွေက ကျွန်တော်တို့ရဲ့ နာမည်ကောင်းကို ဘယ်လိုထိန်းသိမ်းပေးကြသလဲ။
အမှန်တရားကို မြတ်နိုးလေးစားစိတ် တိုးပွားစေခြင်း ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းများကို ဖြေပါ–
တိကျမှန်ကန်တဲ့ အကြောင်းအရာတွေ တင်ဆက်ပေးနိုင်ဖို့ အဖွဲ့အစည်းရဲ့ ကြိုးစားအားထုတ်မှုနဲ့ပတ်သက်ပြီး ဘယ်အချက်ကို သင် သဘောကျသလဲ။