ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၀ မေ စာ. ၈-၁၁
  • အဆုံးပိုင်းကာလ ပြိုင်ဘက် ဘုရင်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဆုံးပိုင်းကာလ ပြိုင်ဘက် ဘုရင်များ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဆုံးပိုင်းကာလမှာ “မြောက်ဘုရင်” ဘယ်သူလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • “မကြာမီဖြစ်ပျက်ရမည့်” အရာများကို ယေဟောဝါဖော်ပြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဒီနေ့ခေတ်မှာ “မြောက်ဘုရင်” ဘယ်သူလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • အံ့သြထိတ်လန့်ဖွယ် လျှို့ဝှက်နက်နဲရာတစ်ခု ရှင်းလင်းလာခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
က၂၀ မေ စာ. ၈-၁၁

အဆုံးပိုင်းကာလ ပြိုင်ဘက် ဘုရင်များ

ဒီဇယားကွက်မှာပါတဲ့ ပရောဖက်ပြုချက်တချို့ဟာ တစ်ချိန်တည်းမှာ ဖြစ်မယ့် ဖြစ်ရပ်တွေပါ။ အဲဒါတွေက “အဆုံးပိုင်းကာလ” မှာ ကျွန်တော်တို့ အသက်ရှင်နေရကြောင်း နည်းများစွာနဲ့ ဖော်ပြတယ်။—ဒံ. ၁၂:၄။

၁၈၇၀ ကနေ ဒီနေ့ခေတ်တစ်လျှောက် မြောက်ဘုရင်၊ တောင်ဘုရင်နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေ၊ သူတို့ ဘယ်သူဖြစ်တယ်ဆိုတာတွေ ဖော်ပြတဲ့ ဇယား။
  • ဇယား ၁ က အဆုံးပိုင်းကာလ၊ ၁၈၇၀ ကနေ ၁၉၁၈ အတွင်း တစ်ချိန်တည်း ဖြစ်မယ့် ပရောဖက်ပြုချက်တွေကို ဖော်ပြတယ်။ အဆုံးပိုင်းကာလဟာ ၁၉၁၄ မှာ စတင်တယ်။ ပရောဖက်ပြုချက် ၁– ခေါင်းခုနစ်လုံး ရှိတဲ့ သားရဲ ပေါ်လာတာဟာ ဇယားမှာ အစောဆုံးအချိန်ပဲ။ ပထမကမ္ဘာစစ်အတွင်း သားရဲရဲ့ ခုနစ်လုံးမြောက် ခေါင်း ဒဏ်ရာရသွားတယ်။ ၁၉၁၇ ကစပြီး ခုနစ်လုံးမြောက် ခေါင်း ဒဏ်ရာ ပျောက်ကင်းပြီး သားရဲ ပြန်ခွန်အားကြီးလာတယ်။ ပရောဖက်ပြုချက် ၂– ၁၈၇၁ မှာ မြောက်ဘုရင် ဘယ်သူမှန်း သိလာတယ်။ ၁၈၇၀ မှာ တောင်ဘုရင် ဘယ်သူမှန်း သိလာတယ်။ ၁၈၇၁ မှာ မြောက်ဘုရင်ဟာ ဂျာမနီအဖြစ် ပြန်ပေါ်လာတယ်။ တောင်ဘုရင်ကတော့ အစပိုင်းမှာ ဗြိတိန်ဖြစ်မှန်း သိလာပေမဲ့ ၁၉၁၇ မှာတော့ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်နဲ့ အစားထိုးခံရတယ်။ ပရောဖက်ပြုချက် ၃– ၁၈၇၀ ပြည့်လွန်နှစ်တွေကစပြီး ချားလ်တီရပ်စယ်လ်နဲ့ အပေါင်းပါတွေဟာ ‘စေတမန်’ ဖြစ်လာတယ်။ ၁၈၈၀ ပြည့်လွန်နှစ်တွေကစပြီး ‘ဇိအုန် ကင်းမျှော်စင်’ က သတင်းကောင်း ဟောဖို့ စာဖတ်သူတွေကို နှိုးဆော်တယ်။ ပရောဖက်ပြုချက် ၄– ၁၉၁၄ ကစပြီး ရိတ်သိမ်းခြင်းကာလ စတင်တယ်။ ပေါင်းပင်တွေကို ဂျုံပင်တွေနဲ့ ခွဲခြားတယ်။ ပရောဖက်ပြုချက် ၅– ၁၉၁၇ ကစပြီး သံနဲ့ ရွှံ့စေး ရောထားတဲ့ ခြေထောက် ပေါ်လာတယ်။ ပုံဖော်ထားတဲ့ ရုပ်ပုံများ– ၁၉၁၄ ကနေ ၁၉၁၈ ပထမကမ္ဘာစစ်အတွင်း ကမ္ဘာ့ဖြစ်ရပ်တွေ။ ယေဟောဝါရဲ့ လူမျိုးအပေါ် သက်ရောက်မှု ရှိတဲ့ ဖြစ်ရပ်များ– ၁၉၁၄ ကနေ ၁၉၁၈ အတွင်း ကျမ်းစာကျောင်းသားတွေဟာ ဗြိတိန်နဲ့ ဂျာမနီမှာ ထောင်ချခံရတယ်။ ၁၉၁၈ မှာ အမေရိကန်ပြည်ထောင်စု ဌာနချုပ်က ညီအစ်ကိုတွေ ထောင်ချခံရတယ်။
    ပရောဖက်ပြုချက် ၁။

    ကျမ်းချက်များ ဗျာ. ၁၁:၇။ ၁၂:၁၃၊ ၁၇။ ၁၃:၁-၈၊ ၁၂

    ပရောဖက်ပြုချက် “သားရဲ” ဟာ ကမ္ဘာပေါ်မှာ နှစ်ပေါင်းများစွာ အုပ်စိုးတယ်။ အဆုံးပိုင်းကာလမှာ သားရဲရဲ့ ခုနစ်လုံးမြောက် ခေါင်း ဒဏ်ရာရတယ်။ နောက်ပိုင်း အဲဒီခေါင်း ဒဏ်ရာ ပျောက်ကင်းသွားတယ်။ “မြေတစ်ပြင်လုံးမှာရှိတဲ့ လူတွေ” သားရဲနောက် လိုက်ကြတယ်။ “ကျန်ကြွင်းသူတွေကို စစ်တိုက်ဖို့” သားရဲကို စာတန် အသုံးပြုတယ်။

    ပြည့်စုံချက် ရေလွှမ်းမိုးဘေး ပြီးနောက် ယေဟောဝါကို ဆန့်ကျင်တဲ့ လူ့အစိုးရတွေ ပေါ်ထွက်လာတယ်။ ရာစုနှစ်များစွာ ကြာပြီးနောက် ပထမကမ္ဘာစစ်အတွင်း ဗြိတိသျှ အင်ပါယာဟာ တန်ခိုးအာဏာ ကျဆင်းလာတယ်။ အမေရိကန်နဲ့ ပေါင်းတော့မှ ပြန်ခွန်အားကြီးလာတယ်။ အထူးသဖြင့် အဆုံးပိုင်းကာလမှာ ဘုရားလူမျိုးကို နှိပ်စက်ညှဉ်းပန်းဖို့ နိုင်ငံရေးစနစ် တစ်ခုလုံးကို စာတန် အသုံးပြုနေတယ်။

  • ပရောဖက်ပြုချက် ၂။

    ကျမ်းချက်များ ဒံ. ၁၁:၂၅-၄၅

    ပရောဖက်ပြုချက် အဆုံးပိုင်းကာလမှာ မြောက်ဘုရင်နဲ့ တောင်ဘုရင်ကြား ပြိုင်ဆိုင်မှုတွေ ရှိတယ်။

    ပြည့်စုံချက် ဂျာမနီနဲ့ အင်္ဂလိပ်-အမေရိကန် အာဏာစက် ပြိုင်ဆိုင်တိုက်ခိုက်ကြတယ်။ ၁၉၄၅ မှာ ဆိုဗီယက်ပြည်ထောင်စုနဲ့ မဟာမိတ်တွေ မြောက်ဘုရင် ဖြစ်လာတယ်။ ၁၉၉၁ မှာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီး နောက်ပိုင်း ရုရှားနဲ့ မဟာမိတ်တွေ မြောက်ဘုရင် ဖြစ်လာတယ်။

  • ပရောဖက်ပြုချက် ၃။

    ကျမ်းချက်များ ဟေရှာ. ၆၁:၁။ မာလ. ၃:၁။ လု. ၄:၁၈

    ပရောဖက်ပြုချက် ယေဟောဝါက မေရှိယနိုင်ငံ မတည်ထောင်ခင် ‘လမ်းကို အသင့်ပြင်ပေး’ ဖို့ “စေတမန်” ကို စေလွှတ်တယ်။ အဲဒီစေတမန်က “နွမ်းပါးသူတွေကို သတင်းကောင်း ကြေညာ” တယ်။

    ပြည့်စုံချက် ၁၈၇၀ ပြည့်နှစ်ကစပြီး စီတီရပ်စယ်လ်နဲ့ အပေါင်းပါတွေဟာ ကျမ်းစာအမှန်တရားတွေကို ထက်ထက်သန်သန် ရှာဖွေကြတယ်။ ဘုရားသခင့် ကျေးကျွန်တွေ ဟောပြောဖို့ အလွန်အရေးကြီးကြောင်း ၁၈၈၁ မှာ သူတို့ နားလည်လာတယ်။ “ဟောပြောသူ ၁၀၀၀ အလိုရှိသည်၊” “ဟောပြောဖို့ ဘိသိက်ပေးခံရ” ဆိုတဲ့ ဆောင်းပါးတွေ ထုတ်ဝေတယ်။

  • ပရောဖက်ပြုချက် ၄။

    ကျမ်းချက်များ မ. ၁၃:၂၄-၃၀၊ ၃၆-၄၃

    ပရောဖက်ပြုချက် ရန်သူက ဂျုံခင်းထဲ ပေါင်းမျိုးစေ့တွေ ကြဲသွားတယ်။ ပေါင်းပင်တွေ ကြီးထွားလာပြီး ဂျုံပင်တွေကို လွှမ်းမိုးသွားတယ်။ ရိတ်သိမ်းချိန်မှာ ပေါင်းပင်တွေကို ဂျုံပင်တွေနဲ့ ခွဲခြားတယ်။

    ပြည့်စုံချက် ၁၈၇၀ ပြည့်နှစ်ကစပြီး ခရစ်ယာန်စစ်နဲ့ အတုအယောင်တွေ သိသိသာသာ ကွဲပြားလာတယ်။ အဆုံးပိုင်းကာလမှာ ခရစ်ယာန်စစ်တွေ စုသိမ်းခံရပြီး ခရစ်ယာန် အတုအယောင်တွေနဲ့ ခွဲခြားခံရတယ်။

  • ပရောဖက်ပြုချက် ၅။

    ကျမ်းချက်များ ဒံ. ၂:၃၁-၃၃၊ ၄၁-၄၃

    ပရောဖက်ပြုချက် သတ္တု အမျိုးမျိုးနဲ့ ပြုလုပ်ထားတဲ့ ရုပ်တုကြီးရဲ့ သံနဲ့ ရွှံ့စေး ရောနေတဲ့ ခြေထောက်။

    ပြည့်စုံချက် ရွှံ့စေးက အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ထဲက ပြည်သူလူထုကို ဆိုလိုတယ်။ သူတို့ကြောင့် အစိုးရတွေက သံလို မာကျောတဲ့ အာဏာကို အပြည့်အဝ မသုံးနိုင်ဘူး။

  • ဇယား ၂ က အဆုံးပိုင်းကာလ၊ ၁၉၁၉ ကနေ ၁၉၄၅ အတွင်း တစ်ချိန်တည်း ဖြစ်မယ့် ပရောဖက်ပြုချက်တွေကို ဖော်ပြတယ်။ ၁၉၄၅ အထိ မြောက်ဘုရင်ဟာ ဂျာမနီ ဖြစ်တယ်။ တောင်ဘုရင်ကတော့ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက် ဖြစ်တယ်။ ပရောဖက်ပြုချက် ၆– ၁၉၁၉ မှာ ဘိသိက်ခံ ခရစ်ယာန်တွေဟာ သန့်စင်ထားတဲ့ အသင်းတော်ထဲ စုသိမ်းခံရတယ်။ ၁၉၁၉ ကစပြီး ဟောပြောခြင်းလုပ်ငန်းကို အရှိန်မြှင့်ပြီး ဆက်ဆောင်ရွက်တယ်။ ပရောဖက်ပြုချက် ၇– ၁၉၂၀ မှာ နိုင်ငံပေါင်းချုပ်အသင်း တည်ထောင်ပြီး ဒုတိယကမ္ဘာစစ် စတင်ချိန်အထိ ဆက်ရှိနေတယ်။ ပုံဖော်ထားတဲ့ ရုပ်ပုံများ– ပရောဖက်ပြုချက် ၁၊ ခေါင်းခုနစ်လုံး ရှိတဲ့ သားရဲ၊ ဆက်ရှိနေ။ ပရောဖက်ပြုချက် ၅၊ သံနဲ့ ရွှံ့စေး ရောနေတဲ့ ခြေထောက်၊ ဆက်ရှိနေ။ ၁၉၃၉ ကနေ ၁၉၄၅ ဒုတိယကမ္ဘာစစ်အထိ ကမ္ဘာ့ဖြစ်ရပ်တွေ။ ယေဟောဝါရဲ့ လူမျိုးအပေါ် သက်ရောက်မှု ရှိတဲ့ ဖြစ်ရပ်များ– ၁၉၃၉ ကနေ ၁၉၄၅ အတွင်း ဂျာမနီမှာ သက်သေခံ ၁၁,၀၀၀ ကျော် ထောင်ချခံရတယ်။ ၁၉၃၉ ကနေ ၁၉၄၅ အတွင်း ဗြိတိန်မှာ သက်သေခံ ၁,၆၀၀ နီးပါး ထောင်ချခံရတယ်။ ၁၉၄၀ ကနေ ၁၉၄၄ အတွင်း အမေရိကန်ပြည်ထောင်စုမှာ အုပ်စုဖွဲ့ တိုက်ခိုက်မှုပေါင်း ၂၅၀၀ ကျော်ကို သက်သေခံတွေ ကြုံရတယ်။
    ပရောဖက်ပြုချက် ၆။

    ကျမ်းချက်များ မ. ၁၃:၃၀။ ၂၄:၁၄၊ ၄၅။ ၂၈:၁၉၊ ၂၀

    ပရောဖက်ပြုချက် “ဂျုံပင်” ကို “ကျီ” ထဲ စုသိမ်းတယ်။ “အိမ်သူအိမ်သားတွေ” အတွက် “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ကို ခန့်အပ်တယ်။ “နိုင်ငံတော် သတင်းကောင်း” ကို “လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ” စတင် ဟောပြောတယ်။

    ပြည့်စုံချက် ၁၉၁၉ မှာ ဘုရားလူမျိုးအတွက် သစ္စာရှိကျွန်ကို ခန့်အပ်တယ်။ အဲဒီအချိန်ကစပြီး ကျမ်းစာကျောင်းသားတွေဟာ ဟောပြောခြင်း လုပ်ငန်းကို အရှိန်မြှင့်ခဲ့ကြတယ်။ ဒီနေ့ခေတ် ယေဟောဝါသက်သေတွေဟာ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ဟောပြောနေပြီး ကျမ်းစာအခြေပြုစာပေတွေကို ဘာသာစကား ၁၀၀၀ ကျော်နဲ့ ထုတ်ဝေနေတယ်။

  • ပရောဖက်ပြုချက် ၇။

    ကျမ်းချက်များ ဒံ. ၁၂:၁၁။ ဗျာ. ၁၃:၁၁၊ ၁၄၊ ၁၅

    ပရောဖက်ပြုချက် ချိုနှစ်ချောင်းရှိတဲ့ သားရဲဟာ “သားရဲရဲ့ ရုပ်တု ထုလုပ်” ရာမှာ ဦးဆောင်ပြီး “ရုပ်တုကို အသက်သွင်းပေး” တယ်။

    ပြည့်စုံချက် အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ဟာ နိုင်ငံပေါင်းချုပ်အသင်း တည်ထောင်ရာမှာ ဦးဆောင်တယ်။ အဲဒီအသင်းကို တခြားနိုင်ငံတွေ ထောက်ခံတယ်။ မြောက်ဘုရင်လည်း အဲဒီအသင်းထဲမှာ ပါတယ်။ ဒါပေမဲ့ ၁၉၂၆-၁၉၃၃ အထိသာ ဖြစ်တယ်။ နိုင်ငံပေါင်းချုပ်အသင်းဟာ သူ့နောက်မှာ ပေါ်လာတဲ့ ကုလသမဂ္ဂလိုပဲ ဘုရားနိုင်ငံတော်သာ ရထိုက်တဲ့ ချီးမွမ်းမှုကို ရခဲ့တယ်။

  • ဇယား ၃ က အဆုံးပိုင်းကာလ၊ ၁၉၄၅ ကနေ ၁၉၉၁ အတွင်း တစ်ချိန်တည်း ဖြစ်မယ့် ပရောဖက်ပြုချက်တွေကို ဖော်ပြတယ်။ မြောက်ဘုရင်ဟာ ၁၉၉၁ အထိ ဆိုဗီယက်ပြည်ထောင်စုနဲ့ မဟာမိတ်တွေ၊ နောက်ပိုင်း ရုရှားနဲ့ မဟာမိတ်တွေ ဖြစ်တယ်။ တောင်ဘုရင်ဟာ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက် ဖြစ်တယ်။ ပရောဖက်ပြုချက် ၈– အဏုမြူဗုံးကြောင့် ဖြစ်ပေါ်လာတဲ့ မှိုပွင့်ပုံ မိုးတိမ်ဟာ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ရဲ့ အဖျက်စွမ်းအားကို ဖော်ပြတယ်။ ပရောဖက်ပြုချက် ၉– နိုင်ငံပေါင်းချုပ်အသင်းကို အစားထိုးတဲ့အနေနဲ့ ၁၉၄၅ မှာ ကုလသမဂ္ဂကို တည်ထောင်တယ်။ ပုံဖော်ထားတဲ့ ရုပ်ပုံများ– ပရောဖက်ပြုချက် ၁၊ ခေါင်းခုနစ်လုံး ရှိတဲ့ သားရဲ၊ ဆက်ရှိနေ။ ပရောဖက်ပြုချက် ၅၊ သံနဲ့ ရွှံ့စေး ရောနေတဲ့ ခြေထောက်၊ ဆက်ရှိနေ။ ပရောဖက်ပြုချက် ၆၊ ၁၉၄၅ မှာ ကြေညာသူ ၁၅၆,၀၀၀ ကျော်လာတယ်။ ၁၉၉၁ မှာ ကြေညာသူ ၄,၂၇၈,၀၀၀ ကျော်လာတယ်။ ယေဟောဝါရဲ့ လူမျိုးအပေါ် သက်ရောက်မှု ရှိတဲ့ ဖြစ်ရပ်များ– ၁၉၄၅ ကနေ ၁၉၅၀ ပြည့်လွန်နှစ်တွေအတွင်း သက်သေခံ ထောင်ပေါင်းများစွာ ဆိုက်ဘေးရီးယားကို နယ်နှင်ခံရတယ်။
    ပရောဖက်ပြုချက် ၈။

    ကျမ်းချက်များ ဒံ. ၈:၂၃၊ ၂၄

    ပရောဖက်ပြုချက် မျက်နှာထား ကြမ်းကြုတ်တဲ့ ဘုရင်က “သိမ်းရုံးဖျက်ဆီး” တယ်။

    ပြည့်စုံချက် အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်က သိမ်းရုံးဖျက်ဆီးတယ်။ ဥပမာ၊ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ဟာ ပြိုင်ဘက် ကမ္ဘာ့အာဏာစက်အပေါ် အဏုမြူဗုံးနှစ်လုံး ကြဲချခြင်းအားဖြင့် မပြောပြနိုင်လောက်အောင် ပျက်စီးဆုံးရှုံးစေတယ်။

  • ပရောဖက်ပြုချက် ၉။

    ကျမ်းချက်များ ဒံ. ၁၁:၃၁။ ဗျာ. ၁၇:၃၊ ၇-၁၁

    ပရောဖက်ပြုချက် တွင်းနက်ကြီးထဲကနေ ချိုဆယ်ချောင်း ရှိတဲ့ “နီမြန်းတဲ့” သားရဲ တက်လာတယ်။ အဲဒီသားရဲဟာ ရှစ်ပါးမြောက် ဘုရင်ဖြစ်တယ်။ အဲဒီဘုရင်ကို ဒံယေလကျမ်းမှာ “ဖျက်ဆီးတတ်တဲ့ ရွံရှာဖွယ်ရာ” အဖြစ် ဖော်ပြထားတယ်။

    ပြည့်စုံချက် ဒုတိယကမ္ဘာစစ်အတွင်း နိုင်ငံပေါင်းချုပ်အသင်း အဆုံးတိုင်သွားတယ်။ စစ်ပြီးနောက် ကုလသမဂ္ဂကို “နေရာချထား” ကြတယ်။ ကုလသမဂ္ဂဟာ အရင်က နိုင်ငံပေါင်းချုပ်အသင်းလိုပဲ ဘုရားနိုင်ငံတော်သာ ရထိုက်တဲ့ ချီးမွမ်းမှုကို ရတယ်။ ဘာသာရေးကို ကုလသမဂ္ဂ တိုက်ခိုက်ပါလိမ့်မယ်။

  • ဇယား ၄ က အဆုံးပိုင်းကာလ၊ လက်ရှိအချိန်ကနေ အာမဂေဒုန် အတွင်း တစ်ချိန်တည်း ဖြစ်မယ့် ပရောဖက်ပြုချက်တွေကို ဖော်ပြတယ်။ မြောက်ဘုရင်ဟာ ရုရှားနဲ့ မဟာမိတ်တွေ ဖြစ်တယ်။ တောင်ဘုရင်ဟာ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက် ဖြစ်တယ်။ ပရောဖက်ပြုချက် ၁၀– ကမ္ဘာ့ခေါင်းဆောင်တွေ ‘ငြိမ်းချမ်းပြီ၊ လုံခြုံပြီ’ လို့ ကြေညာတယ်။ ပြီးနောက် ကြီးစွာသောဒုက္ခ စတင်တယ်။ ပရောဖက်ပြုချက် ၁၁– မှားယွင်းတဲ့ ဘာသာရေး အဖွဲ့အစည်းတွေကို တိုင်းနိုင်ငံတွေ တိုက်ခိုက်တယ်။ ပရောဖက်ပြုချက် ၁၂– ဘုရားလူမျိုးကို ကမ္ဘာ့အစိုးရတွေ တိုက်ခိုက်တယ်။ ကျန်ရှိနေတဲ့ ဘိသိက်ခံတွေ ကောင်းကင်ကို စုသိမ်းခံရတယ်။ ပရောဖက်ပြုချက် ၁၃– အာမဂေဒုန်။ မြင်းဖြူစီးတဲ့သူ အပြီးသတ် အောင်ပွဲခံတယ်။ ခေါင်းခုနစ်လုံးရှိတဲ့ သားရဲ ဖျက်ဆီးခံရတယ်။ ရုပ်တုကြီးရဲ့ သံနဲ့ ရွှံ့စေး ရောနေတဲ့ ခြေထောက် ဖျက်ဆီးခံရတယ်။ ပုံဖော်ထားတဲ့ ရုပ်ပုံများ– ပရောဖက်ပြုချက် ၁၊ ခေါင်းခုနစ်လုံး ရှိတဲ့ သားရဲ အာမဂေဒုန်အထိ ဆက်ရှိနေ။ ပရောဖက်ပြုချက် ၅၊ သံနဲ့ ရွှံ့စေး ရောနေတဲ့ ခြေထောက် အာမဂေဒုန်အထိ ဆက်ရှိနေ။ ပရောဖက်ပြုချက် ၆၊ ဒီနေ့ ကြေညာသူ ၈,၅၈၀,၀၀၀ ကျော်ပြီ။ ယေဟောဝါရဲ့ လူမျိုးအပေါ် သက်ရောက်မှု ရှိတဲ့ ဖြစ်ရပ်များ– ၂၀၁၇ မှာ ရုရှား အာဏာပိုင်တွေက သက်သေခံတွေကို ထောင်ချပြီး ဌာနခွဲ အဆောက်အဦတွေကို သိမ်းယူတယ်။
    ပရောဖက်ပြုချက် ၁၀၊ ၁၁။

    ကျမ်းချက်များ ၁ သက်. ၅:၃။ ဗျာ. ၁၇:၁၆

    ပရောဖက်ပြုချက် “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ နိုင်ငံတွေ ကြွေးကြော်တယ်။ “ချိုဆယ်ချောင်း” နဲ့ “သားရဲ” က “ပြည့်တန်ဆာ” ကို တိုက်ခိုက် ဖျက်ဆီးတယ်။ ပြီးနောက် နိုင်ငံတွေ ဖျက်ဆီးခံရတယ်။

    ပြည့်စုံချက် နိုင်ငံတွေက ငြိမ်းချမ်းလုံခြုံအောင် လုပ်နိုင်ပြီလို့ ကြေညာကြမယ်။ ပြီးနောက် ကုလသမဂ္ဂကို ထောက်ခံတဲ့ နိုင်ငံတွေက မှားယွင်းတဲ့ ဘာသာရေး အဖွဲ့အစည်းတွေကို ဖျက်ဆီးမယ်။ အဲဒါက ကြီးစွာသောဒုက္ခရဲ့ အစဖြစ်မယ်။ အာမဂေဒုန်မှာ လောကစနစ် တစ်ခုလုံး ဖျက်ဆီးခံရတဲ့အခါ ကြီးစွာသောဒုက္ခ အဆုံးသတ်မယ်။

  • ပရောဖက်ပြုချက် ၁၂။

    ကျမ်းချက်များ ယေဇ. ၃၈:၁၁၊ ၁၄-၁၇။ မ. ၂၄:၃၁

    ပရောဖက်ပြုချက် ဘုရားလူမျိုးရဲ့ ပြည်ကို ဂေါဂ ဝင်ရောက် ကျူးကျော်တယ်။ ပြီးနောက် ကောင်းကင်တမန်တွေက “ရွေးချယ်ခံရသူတွေ” ကို စုသိမ်းတယ်။

    ပြည့်စုံချက် မြောက်ဘုရင်နဲ့ ကျန်တဲ့ ကမ္ဘာ့အစိုးရတွေ ဘုရားလူမျိုးကို တိုက်ခိုက်တယ်။ အဲဒီတိုက်ခိုက်မှု စတင်ပြီးနောက် တစ်ချိန်ချိန်မှာ ကျန်ရှိနေတဲ့ ဘိသိက်ခံတွေ ကောင်းကင်ကို စုသိမ်းခံရတယ်။

  • ပရောဖက်ပြုချက် ၁၃။

    ကျမ်းချက်များ ယေဇ. ၃၈:၁၈-၂၃။ ဒံ. ၂:၃၄၊ ၃၅၊ ၄၄၊ ၄၅။ ဗျာ. ၆:၂။ ၁၆:၁၄၊ ၁၆။ ၁၇:၁၄။ ၁၉:၂၀

    ပရောဖက်ပြုချက် “မြင်းဖြူ” ပေါ်က “မြင်းစီးသူရဲ” ဟာ ဂေါဂနဲ့ စစ်တပ်ကို ဖျက်ဆီးပစ်ခြင်းအားဖြင့် အပြီးသတ် “အောင်ပွဲခံ” တယ်။ “သားရဲ” ဟာ ‘ကန့်တွေ လောင်နေတဲ့ မီးအိုင်ထဲ ပစ်ချခံရ’ တယ်။ ကျောက်တစ်လုံးက ရုပ်တုကြီးကို တိုက်ချသွားတယ်။

    ပြည့်စုံချက် ဘုရားနိုင်ငံတော် ဘုရင် ယေရှုဟာ ဘုရားလူမျိုးကို ကယ်တင်တယ်။ တွဲဖက်အုပ်ချုပ်သူ ၁၄၄,၀၀၀၊ ကောင်းကင်တမန် စစ်တပ်နဲ့အတူ ယေရှုက နိုင်ငံပေါင်းစုံ ဖွဲ့စည်းထားတဲ့ စာတန့် နိုင်ငံရေးစနစ် တစ်ခုလုံးကို ဖျက်ဆီးတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ