ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၀ ဒီဇင်ဘာ စာ. ၃၀
  • သင် မှတ်မိသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် မှတ်မိသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • မခံမရပ်နိုင်တော့ဘူးလို့ ခံစားရတဲ့အခါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • မောရှေ ရေးတဲ့ သီချင်းမှာ ပါတဲ့ တင်စားချက်တွေကနေ ဘာသင်ယူနိုင်သလဲ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • ရှောလုဟာ အစပိုင်းမှာ နှိမ့်ချ၊ ကျိုးနွံခဲ့
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
  • သစ္စာရှိသူတွေဟာ ကတိတည်
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
က၂၀ ဒီဇင်ဘာ စာ. ၃၀

သင် မှတ်မိသလား

မကြာသေးမီက ထုတ်ဝေခဲ့တဲ့ ကင်းမျှော်စင် တွေကို သင် သေသေချာချာ ဖတ်ရှုသလား။ အောက်ပါမေးခွန်းတွေကို ဖြေနိုင်သလားဆိုတာ စမ်းကြည့်ပါ–

ဘိသိက်ခံတွေကို ဘယ်လို ဆက်ဆံသင့်သလဲ။

သူတို့ရဲ့ ယုံကြည်ခြင်းကို ကျွန်တော်တို့ အတုယူတယ်။ ဒါပေမဲ့ အလွန်အကျွံ မချီးမြှောက်ဘူး။ သူတို့ရဲ့ မျှော်လင့်ချက်နဲ့ပတ်သက်ပြီး အတွင်းကျကျ မမေးမြန်းဘူး။—က၂၀.၀၁၊ စာ. ၂၉။

သင့်ကို ယေဟောဝါ သတိထားမိကြောင်း ဘယ်အချက်တွေက ယုံကြည်စိတ်ချစေသလဲ။

သင် မမွေးခင်ကတည်းက သင့်ကို ယေဟောဝါ သိတယ်။ ဆုတောင်းချက်တွေကို နားထောင်ပေးတယ်။ စိတ်နှလုံးထဲ ဘာရှိတယ်၊ ဘာတွေးနေတယ်ဆိုတာ သိတယ်။ သင့်လုပ်ရပ်တွေက ဘုရားရဲ့ ခံစားချက်အပေါ် သက်ရောက်မှု ရှိတယ်။ (၁ ရာ. ၂၈:၉။ ပညာ. ၂၇:၁၁) သင့်ကို ယေဟောဝါ ကိုယ်တိုင် ဆွဲဆောင်ခဲ့တယ်။—က၂၀.၀၂၊ စာ. ၁၂။

ဘယ်အချိန်မှာ စကားပြောပြီး ဘယ်အချိန်မှာ နှုတ်ဆိတ်နေသင့်သလဲ။

ယေဟောဝါအကြောင်း ကျွန်တော်တို့ ဝမ်းမြောက်ဝမ်းသာ ပြောတယ်။ တစ်ယောက်ယောက် လမ်းမှားတော့မယ်ဆိုတာ ရိပ်မိတဲ့အခါ သတိပေးတယ်။ အကြီးအကဲတွေက လိုအပ်တဲ့အခါ အကြံပေးဆုံးမတယ်။ ပိတ်ပင်ထားတဲ့ နိုင်ငံရဲ့ လုပ်ငန်း လုပ်ဆောင်ပုံ အသေးစိတ်အချက်တွေကို ကျွန်တော်တို့ မပြောဘူး။ မမေးဘူး။ လျှို့ဝှက်ထားရမယ့် ကိစ္စတွေကို ထုတ်မပြောဘူး။—က၂၀.၀၃၊ စာ. ၂၀-၂၁။

ယောလ အခန်းကြီး ၂ မှာ ပါတဲ့ ကျိုင်းကောင်နဲ့ ဗျာဒိတ် အခန်းကြီး ၉ မှာ ပါတဲ့ ကျိုင်းကောင် ဘာကွာသလဲ။

ယောလ ၂:၂၀-၂၉ မှာ ဘုရားက ကျိုင်းကောင်တွေကို မောင်းထုတ်ပြီး သူတို့ကြောင့် ပျက်စီးသွားတာကို ပြန်လျော်ပေးမယ်လို့ ကတိပေးတယ်။ အဲဒီနောက် စွမ်းအားတော် သွန်းလောင်းတယ်။ အစ္စရေးပြည်ကို ဗာဗုလုန်တွေ ဝင်ရောက်တိုက်ခိုက်ချိန်နဲ့ နောက်ပိုင်းမှာ အဲဒီအချက်တွေ ပြည့်စုံခဲ့တယ်။ ဗျာဒိတ် ၉:၁-၁၁ မှာ ကျိုင်းကောင်တွေနဲ့ တူတဲ့ ဘိသိက်ခံတွေအကြောင်း ပြောတယ်။ သူတို့က ဒီစနစ်ဆိုးနဲ့ပတ်သက်တဲ့ ဘုရားသခင့် တရားစီရင်ချက်ကို ကြေညာနေကြတယ်။ အဲဒါက ဒီလောကရဲ့ ဘက်တော်သားတွေကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်။—က၂၀.၀၄၊ စာ. ၃-၆။

ဒီနေ့ခေတ်မှာ မြောက်ဘုရင် ဘယ်သူလဲ။

ရုရှားနဲ့ မဟာမိတ်နိုင်ငံတွေ ဖြစ်တယ်။ ဘုရားလူမျိုးနဲ့ တိုက်ရိုက် ဆက်နွှယ်မှု ရှိတယ်။ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်တယ်။ သက်သေခံတွေကို မုန်းတယ်။ တောင်ဘုရင်နဲ့ ဆိုင်ပြိုင်တိုက်ခိုက်တယ်။—က၂၀.၀၅၊ စာ. ၁၃။

“စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ” ထဲမှာ ဂလာတိ ၅:၂၂၊ ၂၃ မှာ ဖော်ပြထားတဲ့ အရည်အသွေး ကိုးခုပဲ ပါတာလား။

မဟုတ်ပါဘူး။ ဖြောင့်မတ်ခြင်းလိုမျိုး တခြားအရည်အသွေးကောင်းတွေ ရှိလာဖို့လည်း သန့်ရှင်းသော စွမ်းအားတော်က ကူညီပေးတယ်။ (ဧ. ၅:၈၊ ၉)—က၂၀.၀၆၊ စာ. ၁၇။

အွန်လိုင်းမှာ ကိုယ့်အကြောင်း ပို့စ်တွေ တင်ခြင်းရဲ့ အန္တရာယ်တစ်ခုက ဘာလဲ။

တင်လိုက်တဲ့ ပို့စ်ကြောင့် ကိုယ့်ကို ကြွားဝါသူ၊ နှိမ့်ချမှု မရှိသူလို့ တခြားသူတွေ မြင်သွားနိုင်တယ်။—က၂၀.၀၇၊ စာ. ၆-၇။

ကျွမ်းကျင်တဲ့ တံငါသည်တွေဆီကနေ ခရစ်ယာန်တွေ ဘာသင်ယူနိုင်သလဲ။

တံငါသည်တွေဟာ ငါးအများဆုံး တွေ့နိုင်မယ့် အချိန်၊ နေရာမှာ ဖမ်းကြတယ်။ သင့်တော်တဲ့ ကိရိယာတွေ သုံးတတ်ဖို့ လေ့ကျင့်ထားကြတယ်။ အခြေအနေ အပြောင်းအလဲတွေကြား ရဲစွမ်းသတ္တိရှိရှိ လုပ်ဆောင်ကြတယ်။ ကျွန်တော်တို့လည်း အမှုဆောင်လုပ်ငန်းမှာ အလားတူ လုပ်ဆောင်နိုင်တယ်။—က၂၀.၀၉၊ စာ. ၅။

ယေဟောဝါကို ချစ်တဲ့ မေတ္တာ တိုးများလာဖို့ ကျမ်းစာသင်သားတွေကို ကူညီပေးနိုင်တဲ့ နည်းလမ်းတချို့က ဘာတွေလဲ။

ကျမ်းစာ နေ့တိုင်း ဖတ်ဖို့၊ တွေးတောဆင်ခြင်ဖို့ အားပေးနိုင်တယ်။ ဆုတောင်းတတ်အောင် သင်ပေးနိုင်တယ်။—က၂၀.၁၁၊ စာ. ၄။

“ခရစ်တော်ကြောင့် လူအားလုံး အသက်ရှင်ရလိမ့်မယ်” ဆိုတဲ့ထဲမှာ ဘယ်သူတွေ ပါသလဲ။—၁ ကော. ၁၅:၂၂။

လူအားလုံး ထမြောက်မယ်လို့ တမန်တော် ပေါလု ပြောနေတာ မဟုတ်ဘူး။ “ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်စေဖို့ ဘုရားသခင် သီးသန့်ဖယ်ထား” တဲ့ ဘိသိက်ခံ ခရစ်ယာန်တွေကို ရည်ညွှန်းနေတာ ဖြစ်တယ်။ (၁ ကော. ၁:၂။ ၁၅:၁၈)—က၂၀.၁၂၊ စာ. ၅-၆။

ဘိသိက်ခံတွေဟာ “နောက်ဆုံးခရာမှုတ်ချိန် အတောအတွင်းမှာ တစ်ခဏချင်း မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွား” ပြီးနောက် ဘာလုပ်ကြမလဲ။—၁ ကော. ၁၅:၅၁-၅၃။

ခရစ်တော်နဲ့အတူ လူတွေကို သံလှံတံနဲ့ အုပ်ချုပ်ကြလိမ့်မယ်။ (ဗျာ. ၂:၂၆၊ ၂၇)—က၂၀.၁၂၊ စာ. ၁၂-၁၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ