ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၂ အမှတ် ၁ စာ. ၈-၉
  • ၂ | လက်စားမချေပါနဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၂ | လက်စားမချေပါနဲ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာ သွန်သင်ချက်–
  • ဆိုလိုတာက–
  • လုပ်ဆောင်နိုင်တဲ့ အချက်–
  • ကလဲ့စားချေခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • သင်စိတ်နာကြည်းသည့်အခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ကျွန်တော် စိတ်ကြမ်းလူကြမ်းဖြစ်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • ကလဲ့စား ချေခြင်းသည် မှားသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၂
ကလ၂၂ အမှတ် ၁ စာ. ၈-၉
ဒေါသထွက်နေတဲ့ လူနှစ်ယောက် သစ်ကိုင်းပေါ်မှာ မျက်နှာချင်းဆိုင် ထိုင်နေကြစဉ်။ သူတို့ထိုင်နေတဲ့ သစ်ကိုင်းကို ကိုယ့်ဘာသာ လွှနဲ့ ဖြတ်နေကြစဉ်။

မုန်းတီးမှု သံသရာကို ချေဖျက်နိုင်ပုံ

၂ | လက်စားမချေပါနဲ့

ကျမ်းစာ သွန်သင်ချက်–

“အဆိုးကို အဆိုးနဲ့ မတုံ့ပြန်ပါနဲ့။ . . . ဖြစ်နိုင်မယ်ဆိုရင် လူအားလုံးနဲ့ သင့်မြတ်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ။ . . . လက်စားမချေပါနဲ့။ ‘“လက်စားချေတာဟာ ငါ့ကိစ္စပါ။ မတရားမှုအတွက် ငါလက်တုံ့ပြန်ပေးမှာပါ” လို့ ယေဟောဝါ ပြောတယ်’ ဆိုပြီး ကျမ်းစာမှာ ရေးထားတယ်။”—ရောမ ၁၂:၁၇-၁၉။

ဆိုလိုတာက–

တစ်ယောက်ယောက်က ထိခိုက်နစ်နာအောင် လုပ်တယ်ဆိုရင် ဒေါသထွက်တာ သဘာဝပါပဲ။ ဒါပေမဲ့ ဘုရားက လက်တုံ့မပြန်စေချင်ဘူး။ မကြာခင် ဘုရားက မတရားမှုအားလုံးကို ဖြေရှင်းပေးတော့မှာ ဖြစ်လို့ ကျွန်တော်တို့ကို စိတ်ရှည်ရှည် စောင့်စေချင်တယ်။—ဆာလံ ၃၇:၇၊ ၁၀။

လုပ်ဆောင်နိုင်တဲ့ အချက်–

မစုံလင်တဲ့ လူသားတွေ လက်တုံ့ပြန်တဲ့အခါ မုန်းတီးမှု သံသရာက မပြီးဆုံးနိုင်တော့ဘူး။ ဒါကြောင့် တစ်ယောက်ယောက်က ကိုယ့်ကို ထိခိုက်နစ်နာအောင် လုပ်တယ်ဆိုရင် ကလဲ့စား မချေပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းပြီး အေးအေးဆေးဆေး ဖြေရှင်းပါ။ တစ်ခါတလေ ပြဿနာကို လျစ်လျူရှုလိုက်တာက အကောင်းဆုံးပဲ။ (ပညာအလိမ္မာ ၁၉:၁၁) ပြဿနာကို ထုတ်ဖော်လိုက်လို့ အကျိုးရှိတဲ့ အခါတွေလည်း ရှိနိုင်ပါတယ်။ ဥပမာ၊ အကြမ်းဖက်ခံရတယ်ဆိုရင် ရဲ ဒါမှမဟုတ် အာဏာပိုင်တွေကို တိုင်ကြားနိုင်တယ်။

လက်စားချေတာက ကိုယ့်ကိုပဲ ထိခိုက်စေ

ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ပုံ မရရင် ဘာလုပ်နိုင်သလဲ။ ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ပြီးပြီ ဆိုရင်ကော။ လက်စားမချေပါနဲ့။ အခြေအနေ ပိုဆိုးသွားနိုင်တယ်။ မုန်းတီးမှု သံသရာကို အဆုံးသတ်လိုက်ပါ။ ပြဿနာ ဖြေရှင်းတဲ့ ဘုရားရဲ့ နည်းလမ်းကို ယုံကြည်စိတ်ချပါ။ “ဘုရားကို အားကိုးပါ။ မင်းတို့ရဲ့ အကျိုးအတွက် လုပ်ဆောင်ပေးလိမ့်မယ်။”—ဆာလံ ၃၇:၃-၅။

ဘဝဖြစ်ရပ်မှန်—အာဒရီယန်

လက်စားချေချင်စိတ်ကို တိုက်ထုတ်ခဲ့

အာဒရီယန်။

အာဒရီယန်ဟာ ဆယ်ကျော်သက်အရွယ်မှာပဲ မုန်းတီးစိတ် အပြည့်နဲ့ အကြမ်းဖက်၊ အနိုင်ကျင့်တတ်လာတယ်။ “မကြာခဏဆိုသလို ပစ်ခတ်မှုတွေမှာ ကျွန်တော် ပါဝင်ခဲ့တယ်။ သွေးအလိမ်းလိမ်းနဲ့ သေလုမြောပါး လမ်းမှာ ပစ်ထားခံရတာလည်း ကြုံဖူးတယ်” လို့ သူ ပြောတယ်။

အာဒရီယန်ဟာ အသက် ၁၆ နှစ်မှာ ကျမ်းစာ စလေ့လာတယ်။ သူ ဒီလိုပြောပြတယ်– “ကျမ်းစာ လေ့လာမှုမှာ တိုးတက်လာတာနဲ့အမျှ အကျင့်စရိုက်တွေကို ပြောင်းလဲဖို့ လိုမှန်း သိလာတယ်။” မုန်းတီးမှုနဲ့ အကြမ်းဖက်မှုကို စွန့်လွှတ်ရမယ်ဆိုတာ သူ သိလာတယ်။ အထူးသဖြင့် ရောမ ၁၂:၁၇-၁၉ မှာ ပါတဲ့ လက်စားမချေပါနဲ့ဆိုတဲ့ အချက်ကနေ အကျိုးရခဲ့တယ်။ သူ ဒီလို ပြောတယ်– “ယေဟောဝါဘုရားက မတရားမှုတွေကို သင့်လျော်တဲ့အချိန်မှာ သင့်လျော်တဲ့နည်းနဲ့ ကိုင်တွယ်ဖြေရှင်းပေးမယ်ဆိုတာ ကျွန်တော် လက်ခံတတ်လာတယ်။ ဒီလိုနဲ့ အကြမ်းဖက် အနိုင်ကျင့်တတ်တဲ့ ဘဝပုံစံကို တဖြည်းဖြည်း ပြောင်းလဲလာနိုင်ခဲ့တယ်။”

တစ်ညနေမှာ အာဒရီယန်ကို ရန်ငြိုးရှိဖူးတဲ့ လူဆိုးဂိုဏ်းတစ်စုက တိုက်ခိုက်တယ်။ အဖွဲ့ခေါင်းဆောင်က “ပြန်ချလေကွာ” လို့ အော်ပြောတယ်။ “တကယ်တော့ ကျွန်တော် ချက်ချင်း လက်တုံ့ပြန်လိုက်ချင်တာ” လို့ အာဒရီယာန် ပြောတယ်။ ဒါပေမဲ့ လက်တုံ့ပြန်မယ့်အစား ယေဟောဝါဆီ ချက်ချင်း ဆုတောင်းလိုက်ပြီး ရှောင်ထွက်သွားလိုက်တယ်။

အာဒရီယန် ဒီလို ဆက်ပြောတယ်– “နောက်နေ့ကျတော့ အဲဒီအဖွဲ့ခေါင်းဆောင်နဲ့ ပြန်တွေ့တယ်။ သူ့ကိုလည်း တွေ့ရော ကျွန်တော် ဒေါသထွက်လာပြီး လက်တုံ့ပြန်ချင်စိတ် ဖြစ်မိတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ချုပ်ထိန်းနိုင်ဖို့ ယေဟောဝါဘုရားဆီ တိတ်တိတ်လေး ဆုတောင်းလိုက်တယ်။ အံ့သြစရာက သူ ကျွန်တော့်ဆီ လာပြီး ‘မနေ့ညကအတွက် တောင်းပန်ပါတယ်။ ငါ့ကို ခွင့်လွှတ်ပါ။ တကယ်တော့ ငါက မင်းလို ဖြစ်ချင်တာ။ ငါလည်း ကျမ်းစာသင်ချင်တယ်’ လို့ ပြောတယ်။ ဒေါသကို ချုပ်တည်းနိုင်ခဲ့လို့ အခုလိုမျိုး သူ့ဆီက ကြားရတာ။ ကျွန်တော် သိပ်ဝမ်းသာသွားတယ်။ ဒါနဲ့ ကျွန်တော်တို့ ကျမ်းစာအတူတူ စလေ့လာဖြစ်တယ်။”

အာဒရီယန်ရဲ့ တွေ့ကြုံမှု အသေးစိတ်ကို အမှတ် ၅၊ ၂၀၁၆၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၄-၁၅ မှာ ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ