ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၂ အမှတ် ၁ စာ. ၁၀-၁၁
  • ၃ | မုန်းတီးမှုကို စိတ်ထဲက ထုတ်ပစ်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၃ | မုန်းတီးမှုကို စိတ်ထဲက ထုတ်ပစ်ပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာ သွန်သင်ချက်–
  • ဆိုလိုတာက–
  • လုပ်ဆောင်နိုင်တဲ့ အချက်–
  • “ဘုရားမျက်နှာသာရသူ၊ တန်ခိုးတော်နဲ့ ပြည့်စုံသူ” သတေဖန်
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • သတေဖန် ကျောက်ခဲနဲ့ပေါက်သတ်ခံရတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • မုန်းတီးမှု သံသရာကို ချေဖျက်နိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၂
  • မုန်းတီးမှုကို ချေဖျက်နိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၂
ကလ၂၂ အမှတ် ၁ စာ. ၁၀-၁၁
အမျိုးသားတစ်ယောက် လူမျိုးမတူတဲ့သူနဲ့ လက်ဆွဲနှုတ်ဆက်နေပုံကို မြင်ယောင်နေစဉ်။ သူတို့ရဲ့ အရိပ်တွေက ဆန္ဒပြတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး အငြင်းပွားနေကြ။

မုန်းတီးမှု သံသရာကို ချေဖျက်နိုင်ပုံ

၃ | မုန်းတီးမှုကို စိတ်ထဲက ထုတ်ပစ်ပါ

ကျမ်းစာ သွန်သင်ချက်–

“ဘုရားသခင်ရဲ့ ကောင်းမြတ်တဲ့၊ လက်ခံဖွယ်ဖြစ်တဲ့၊ ပြီးပြည့်စုံလင်တဲ့ အလိုတော်ကို ကောင်းကောင်း သိနိုင်ဖို့ ခင်ဗျားတို့ရဲ့ စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ။”—ရောမ ၁၂:၂။

ဆိုလိုတာက–

ကျွန်တော်တို့ရဲ့ အတွေးတွေကို ဘုရားသခင် အလေးထားတယ်။ (ယေရမိ ၁၇:၁၀) မုန်းတီးတဲ့သဘောနဲ့ ပြောတာ၊ လုပ်တာကို ရှောင်ရမယ့်အပြင် နောက်ထပ် လုပ်စရာ ရှိသေးတယ်။ မုန်းတီးမှု သံသရာက စိတ်နှလုံးထဲကနေ အစပြုတယ်။ ဒါကြောင့် မုန်းတီးတဲ့အတွေး၊ ခံစားချက်တွေကို စိတ်နှလုံးထဲကနေ နည်းနည်းမှ မကျန် ထုတ်ပစ်ရမယ်။ ဒါမှ စိတ်သဘောကို အမှန်တကယ် “ပြုပြင်ပြောင်းလဲ” နိုင်ပြီး မုန်းတီးမှု သံသရာကို ချေဖျက်နိုင်မယ်။

လုပ်ဆောင်နိုင်တဲ့ အချက်–

အထူးသဖြင့် လူမျိုးမတူ၊ နိုင်ငံမတူတဲ့သူတွေကို ဘယ်လို သဘောထားတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ဆန်းစစ်ပါ။ ဒီလိုမေးပါ– ‘သူတို့ကို ငါဘယ်လို မြင်သလဲ။ ငါကိုယ်တိုင် သိထားတဲ့အချက်အပေါ် အခြေခံပြီး သူတို့ကို ရှုမြင်သလား။ ဒါမှမဟုတ် သူတို့အပေါ် မလိုမုန်းထားစိတ် ရှိနေသလား။’ မုန်းတီးမှုနဲ့ အကြမ်းဖက်မှုအကြောင်း တင်ဆက်ထားတဲ့ လူမှုမီဒီယာ၊ ရုပ်ရှင်၊ ဖျော်ဖြေမှုတွေကို ရှောင်ပါ။

စိတ်နှလုံးထဲက အမုန်းတရားကို ချေဖျက်နိုင်ဖို့ သမ္မာကျမ်းစာက ကူညီပေးနိုင်

ကိုယ့်ရဲ့ အတွေးနဲ့ ခံစားချက်တွေကို အမှန်အတိုင်း အကဲဖြတ်ဖို့ အမြဲတော့ မလွယ်ဘူး။ ဒါပေမဲ့ သမ္မာကျမ်းစာက ကိုယ့်ရဲ့ “စိတ်နှလုံးထဲက အတွေးတွေ၊ အကြံအစည်တွေကိုလည်း ပိုင်းခြားသိမြင်” အောင် ကူညီပေးနိုင်တယ်။ (ဟီဘရူး ၄:၁၂) ကျမ်းစာကို ဆက်လေ့လာပါ။ ကျမ်းစာ သွန်သင်ချက်တွေနဲ့ ကိုယ့်ရဲ့ အတွေးတွေကို ယှဉ်ကြည့်ပါ။ ပြီးတဲ့နောက် ကိုယ့်ရဲ့ အတွေးတွေကို ကျမ်းစာ သွန်သင်ချက်နဲ့ ကိုက်ညီဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။ စိတ်ထဲမှာ “အခိုင်အမာ အမြစ်စွဲ” နေတဲ့ မုန်းတီးမှုကို ချေဖျက်ဖို့ သမ္မာကျမ်းစာက ကူညီပေးနိုင်ပါတယ်။—၂ ကောရိန္သု ၁၀:၄၊ ၅။

ဘဝဖြစ်ရပ်မှန်—စတီဗင်

အတွေးအခေါ်ကို ပြောင်းလဲနိုင်ခဲ့

စတီဗင်။

စတီဗင်တို့ မိသားစုဟာ လူဖြူတွေရဲ့ မုန်းတီးမှုကို ခံခဲ့ရတယ်။ ဒါကြောင့် လူ့အခွင့်အရေး ရဖို့ ကြိုးစားနေတဲ့ နိုင်ငံရေးအုပ်စုတစ်ခုနဲ့ ပေါင်းမိသွားတယ်။ ကြာတော့ သူကိုယ်တိုင် မုန်းတီးစိတ် ဝင်လာပြီး အကြမ်းဖက်လာတယ်။ သူ ဒီလိုပြောတယ်– “အမေရိကန်နိုင်ငံမှာ အာဖရိကန် ကျွန်တွေကို ရက်ရက်စက်စက် နှိပ်စက်ခဲ့တဲ့အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေကို သူငယ်ချင်းတွေနဲ့အတူ သွားကြည့်ကြတယ်။ အဲဒီလို မတရားနှိပ်စက်မှုတွေကြောင့် ကျွန်တော်တို့ တအား ဒေါသထွက်လာပြီး လူဖြူလူငယ်တွေကို ရုပ်ရှင်ရုံထဲမှာပဲ ဝိုင်းသမကြတယ်။ ပြီးတော့ လူဖြူရပ်ကွက်တွေဆီ သွားပြီး တွေ့သမျှ လူဖြူတွေကို ဝိုင်းရိုက်ကြတယ်။”

ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စလေ့လာတဲ့အခါ စတီဗင်ရဲ့ အတွေး လုံးဝ ပြောင်းလဲသွားတယ်။ သူ ဒီလိုပြောတယ်– “လူမျိုးရေး ခွဲခြားမှု ပြင်းထန်နေချိန်မှာ ယေဟောဝါသက်သေတွေကျတော့ စည်းလုံးနေလိုက်ကြတာ။ ဘယ်လောက်တောင် အံ့ဩစရာကောင်းလိုက်သလဲ။ ဥပမာ၊ လူဖြူသက်သေခံတစ်ယောက် တိုင်းတစ်ပါးကို ခရီးထွက်တဲ့အခါ သူ့ကလေးတွေကို လူမည်းမိသားစုက စောင့်ရှောက်ပေးတယ်။ နေစရာ မရှိတဲ့ လူမည်းကောင်လေးတစ်ယောက်ကို လူဖြူမိသားစုက အိမ်မှာ ခေါ်ထားတယ်။” ယေဟောဝါသက်သေတွေဟာ ယေရှု ကြိုပြောတဲ့ စစ်မှန်တဲ့ မေတ္တာ တင်ပြနေတဲ့ ညီအစ်ကို အသင်းအပင်း ဖြစ်မှန်း စတီဗင် ယုံသွားတယ်။—ယောဟန် ၁၃:၃၅။

အကြမ်းဖက်တဲ့ လုပ်ရပ်တွေကို ဆက်မလုပ်တော့ဖို့ စတီဗင်ကို ဘာက ကူညီပေးခဲ့သလဲ။ ရောမ ၁၂:၂ က သူ့ကို အကူအညီ ပေးခဲ့တယ်။ “ကျွန်တော့်ရဲ့ တွေးခေါ်ပုံကို ပြောင်းလဲရမယ်ဆိုတာ သဘောပေါက်လာတယ်။ ကျွန်တော့်ရဲ့ သဘောထားတွေကို ပြုပြင်ပြောင်းလဲမှသာ ဒေါသထိန်းနိုင်မယ့်အပြင် ဒါက အကောင်းဆုံးဘဝ နေထိုင်နည်း ဆိုတာလည်း သိလာတယ်။” အခု စတီဗင်မှာ မုန်းတီးစိတ် မရှိတော့တာ အနှစ် ၄၀ ရှိပြီ။

စတီဗင်ရဲ့ တွေ့ကြုံမှု အသေးစိတ်ကို ဇူလိုင် ၁၊ ၂၀၁၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၀-၁၁ မှာ ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ