သင် သိပါသလား
ချိုးငှက်နဲ့ ခိုငှက် နှစ်မျိုးစလုံးကို အလှူအဖြစ် ယေဟောဝါ လက်ခံတာက အစ္စရေးတွေအတွက် ဘာကြောင့် အကျိုးရှိသလဲ
ပညတ်တရားအရ ချိုးနဲ့ ခိုတွေကို အလှူအဖြစ် ယေဟောဝါ လက်ခံတယ်။ ပူဇော်သက္ကာတွေအကြောင်း ဖော်ပြတဲ့အခါ ဒီငှက်နှစ်မျိုးကို တွဲဖော်ပြလေ့ရှိပြီး တစ်မျိုးအစား တစ်မျိုးကို သုံးနိုင်တယ်။ (ဝတ်. ၁:၁၄။ ၁၂:၈။ ၁၄:၃၀) အဲဒါ ဘာကြောင့် ကောင်းသလဲ။ အကြောင်းရင်း တစ်ခုကတော့ ချိုးငှက်တွေကို အမြဲတမ်း မရနိုင်လို့ပဲ။ ဘာကြောင့်လဲ။
ချိုး
ချိုးငှက်တွေဟာ ရွှေ့ပြောင်းနေတတ်တဲ့ ငှက်တွေ ဖြစ်ပြီး ပူနွေးတဲ့ လတွေမှာ အစ္စရေးနိုင်ငံတစ်ဝန်း ကျက်စားကြတယ်။ အောက်တိုဘာလရောက်တိုင်း ပူနွေးတဲ့ တောင်ဘက်ဒေသကို ပြောင်းရွှေ့ကြပြီး နွေဦးအချိန်ရောက်မှ အစ္စရေးကို ပြန်လာကြတယ်။ (သီ. ၂:၁၁၊ ၁၂။ ယေ. ၈:၇) ဒါကြောင့် ရှေးအစ္စရေးတွေအတွက် ဆောင်းရာသီအချိန်ဆို ချိုးငှက် ရဖို့ သိပ်ခက်သွားပြီ။
ခို
ဒါပေမဲ့ ခိုငှက်တွေကတော့ ရွှေ့ပြောင်းနေလေ့ မရှိဘူး။ အစ္စရေးမှာ တစ်နှစ်ပတ်လုံး ရနိုင်တယ်။ ဒါ့အပြင် ခိုတွေကို မွေးထားနိုင်တယ်။ (ယောဟန် ၂:၁၄၊ ၁၆ နဲ့ နှိုင်းယှဉ်ပါ။) စာအုပ်တစ်အုပ် (Bible Plants and Animals) အရ “ပါလက်စတိုင်း မြို့ရွာတွေမှာ ခိုတွေကို မွေးထားကြတယ်။ အိမ်တိုင်းမှာ ခိုတွေ၊ ငှက်တွေ နေဖို့ နံရံမှာ အပေါက်တွေ ရှိတယ်” လို့ ဖော်ပြထားတယ်။—ဟေရှာယ ၆၀:၈ နဲ့ နှိုင်းယှဉ်ပါ။
ခိုအိမ်ထဲက ခိုငှက်
ဒီလို တစ်နှစ်ပတ်လုံး ရနိုင်တဲ့ ငှက်ကို အလှူအဖြစ် လက်ခံပေးတာက ယေဟောဝါဟာ မေတ္တာရှိပြီး အကျိုးသင့်အကြောင်းသင့်ရှိတဲ့ ဘုရား ဖြစ်ကြောင်း ဖော်ပြတယ်။