ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၃ အမှတ် ၁ စာ. ၈-၉
  • ၂ | ‘ကျမ်းစာက ပေးတဲ့ နှစ်သိမ့်မှု’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၂ | ‘ကျမ်းစာက ပေးတဲ့ နှစ်သိမ့်မှု’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာကို ဆိုလိုသလဲ
  • ဒီကျမ်းပိုဒ်က ဘယ်လို ကူညီပေးနိုင်သလဲ
  • ဆယ်ကျော်သက် စိတ်ကျဝေဒနာ—ဘာကြောင့် ဖြစ်ရသလဲ၊ ဘာက ကူညီပေးနိုင်သလဲ
    နိုးလော့!—၂၀၁၇
  • ‘နှစ်သိမ့်ခြင်း၏ ဘုရားသခင်’ ထံမှ ရရှိသော အကူအညီ
    နိုးလော့!—၂၀၀၉
  • အပျက်သဘောထားတွေကို ဘယ်လို တွန်းလှန်နိုင်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ငါဘာကြောင့် ဒီလောက်တောင်စိတ်ညှိုးငယ်ရသလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၃
ကလ၂၃ အမှတ် ၁ စာ. ၈-၉
သက်ကြီး အမျိုးသားတစ်ယောက် ကျမ်းစာ ဖတ်ပြီး တွေးတောဆင်ခြင်နေ။

၂ | ‘ကျမ်းစာက ပေးတဲ့ နှစ်သိမ့်မှု’

ကျမ်းစာအဆို– “ကျမ်းစာမှာ ကြိုတင်ရေးထားသမျှဟာ ကျွန်တော်တို့ကို သွန်သင်ဆုံးမဖို့ ဖြစ်တယ်။ ကျမ်းစာက ကျွန်တော်တို့ကို ခံနိုင်ရည်နဲ့ နှစ်သိမ့်မှု ပေးတဲ့အတွက် မျှော်လင့်ချက် ရှိစေတယ်။”—ရောမ ၁၅:၄။

ဘာကို ဆိုလိုသလဲ

ကျမ်းစာမှာ ပါတဲ့ နှစ်သိမ့်မှု ဖြစ်စေတဲ့ အချက်တွေက အပျက်သဘော အတွေးတွေကို တိုက်ထုတ်ဖို့ ခွန်အားနဲ့ ခံနိုင်ရည် ရှိစေတယ်။ စိတ်ဒဏ်ရာတွေ မရှိတော့မယ့် အနာဂတ် မျှော်လင့်ချက်ကိုလည်း ပေးတယ်။

ဒီကျမ်းပိုဒ်က ဘယ်လို ကူညီပေးနိုင်သလဲ

ကျွန်တော်တို့အားလုံး စိတ်ဓာတ်ကျတတ်ကြတယ်။ ဒါပေမဲ့ စိတ်ကျဝေဒနာ၊ အစိုးရိမ်လွန် ဝေဒနာ ရှိသူတွေကျတော့ တစ်ချိန်လုံး စိတ်က ဒုက္ခပေးနေတာ။ သူတို့ကို ကျမ်းစာက ဘယ်လို ကူညီပေးနိုင်သလဲ။

  • ကျမ်းစာမှာ ပါတဲ့ အပြုသဘော အတွေးတွေက အပျက်သဘော အတွေးတွေကို တိုက်ထုတ်ပေးနိုင်တယ်။ (ဖိလိပ္ပိ ၄:၈) နှစ်သိမ့်မှု၊ စိတ်သက်သာမှု ရစေတယ်။ ခံစားချက်တွေ ထိန်းချုပ်ဖို့ ကူညီပေးတယ်။—ဆာလံ ၉၄:၁၈၊ ၁၉။

  • ကိုယ့်ကိုယ်ကိုယ် တန်ဖိုး မရှိဘူးလို့ မတွေးမိအောင် ကျမ်းစာက ကူညီပေးနိုင်တယ်။—လုကာ ၁၂:၆၊ ၇။

  • ကျွန်တော်တို့ တစ်ယောက်တည်း မဟုတ်ဘူး၊ ကျွန်တော်တို့ရဲ့ ခံစားချက်ကို ဖန်ဆင်းရှင် ဘုရား အပြည့်အဝ နားလည်တယ်ဆိုတာ စိတ်ချစေတဲ့ ကျမ်းပိုဒ်တွေ အများကြီး ရှိတယ်။—ဆာလံ ၃၄:၁၈။ ၁ ယောဟန် ၃:၁၉၊ ၂၀။

  • နာကျင်စရာ အတိတ်ဆိုးတွေကို ဘုရား ဖယ်ရှားပေးမယ်လို့ ကျမ်းစာမှာ ကတိ ပေးထားတယ်။ (ဟေရှာယ ၆၅:၁၇။ ဗျာဒိတ် ၂၁:၄) အတွေးတွေ၊ ခံစားချက်တွေ ခြောက်လှန့်တာ ခံရတဲ့အခါ ဘုရားရဲ့ ဒီကတိက ရှေ့ဆက်ဖို့ ခွန်အား ရှိစေတယ်။

ဂျက်စီကာကို ကျမ်းစာက ဘယ်လို ကူညီပေးသလဲ

စိတ်ဓာတ်ကျမှုက ကျွန်မကို ထိခိုက်စေ

လက်ထဲမှာ ကျမ်းစာ ဖွင့်လျက်သား ဂျက်စီကာ အိပ်ပျော်သွား။

“အသက် ၂၅ နှစ် အရွယ်မှာ ရုပ်သေး ကြိုးပြတ် ဖြစ်သွားတယ်။ ဆရာဝန် ပြကြည့်တော့မှ အကြီးအကျယ် စိတ်ဖိစီးမှု ဝေဒနာ ရှိနေမှန်း သိလိုက်ရတယ်။ အတိတ်ဆိုးတွေ ခေါင်းထဲ ရုတ်တရက် ပေါ်လာပြီး တော်တော်နဲ့ ဖျောက်မရတော့ဘူး။ အတိတ်က စိတ်ဒဏ်ရာကြောင့် အပျက်သဘောတွေ ဝင်နေလို့ အခုလို စိတ်ကျဝေဒနာ ခံစားနေရတာလို့ ဆရာဝန်တွေ ရှင်းပြတယ်။ ဆေးသောက်တဲ့အပြင် အပျက်သဘော အတွေးတွေ ဘာကြောင့် ဝင်နေသလဲ သိဖို့၊ ဖြေရှင်းဖို့ ကုသမှု ခံယူခဲ့ရတယ်။”

ကျမ်းစာက ကျွန်မကို ကူညီပေး

“အကြီးအကျယ် စိတ်ဓာတ်ကျတဲ့အချိန်တွေမှာ ကြောက်စိတ်တွေ ဝင်လာတယ်။ အစိုးရိမ်လွန်တယ်။ အိပ်ရေးတွေ ပျက်လာတယ်။ တချို့ညတွေဆိုရင် အတွေးတွေနဲ့ ချာချာလည်နေတယ်။ စိုးရိမ်စိတ်တွေ သိပ်များနေတဲ့အခါ ဘုရား နှစ်သိမ့်ပေးပြီး စိတ်သက်သာရာ ရစေတယ်လို့ ဆာလံ ၉၄:၁၉ မှာ ဆိုတယ်။ ဒါကြောင့် ကျမ်းစာနဲ့ အားရှိစရာ ကျမ်းပိုဒ်တွေ မှတ်ထားတဲ့ စာအုပ်ကို အိပ်ရာဘေးမှာ အမြဲ ထားတယ်။ အိပ်မပျော်တဲ့ ညတွေမှာ ကျမ်းပိုဒ်တွေ ဖွင့်ဖတ်လိုက်တဲ့အခါ နှစ်သိမ့်မှု ရတယ်။

“ဘုရားအကြောင်း ကိုယ်သိထားတာနဲ့ ဆန့်ကျင်နေတဲ့ အတွေးတွေကို တိုက်ထုတ်ဖို့ ကျမ်းစာက အားပေးထားတယ်။ အရင်ကဆိုရင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုး မရှိဘူး၊ အချစ် မခံထိုက်ဘူး၊ အသုံးမကျဘူးလို့ တွေးခဲ့မိတယ်။ ဒါပေမဲ့ အဲဒီလိုတွေးတာက ကျမ်းစာမှာ ပြောထားတာနဲ့ တခြားစီပဲ။ တကယ်ဆိုရင် ကျမ်းစာမှာ ဘုရားကို မေတ္တာ ရှိတဲ့၊ ကရုဏာ ရှိတဲ့၊ တစ်ယောက်ချင်းစီကို ဂရုစိုက်တတ်တဲ့ ဖခင်အဖြစ် ပုံဖော်ထားတာ။ နောက်တော့၊ ကိုယ့်ကို အတွေးတွေ ထိန်းချုပ်နေတာ မခံတော့ဘူး။ အတွေးတွေကို ကိုယ်ကပဲ ထိန်းချုပ်ပစ်လိုက်တယ်။ ကိုယ့်ကို ဘုရား မြင်သလို မြင်ဖို့ ကြိုးစားတယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် မကောင်းမြင်စိတ်ကို တိုက်ထုတ်ဖို့ ကူညီပေးတယ်။

“နာကျင်စရာ အတိတ်ဆိုးတွေ၊ အပျက်သဘော အတွေးတွေ ပျောက်ကွယ်သွားမယ့် အချိန်ကို ကျွန်မ စောင့်မျှော်နေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ မရှိတော့မယ့် အနာဂတ်အကြောင်း သိထားတာက လောလောဆယ် စိတ်ဓာတ်ကျမှုကို တိုက်လှန်ဖို့၊ မျှော်လင့်ချက်နဲ့ အသက်ရှင်ဖို့ ကူညီပေးတယ်။ နောက်ဆိုရင် စိတ်ဓာတ်ကျမှုကို ကျွန်မ တိုက်လှန်နေစရာ မလိုတော့ဘူးလေ။”

ထပ်ဆင့် အကူအညီ အတွက်–

၂၀၀၉၊ ဇူလိုင်လ နိုးလော့! မှာ ပါတဲ့ “‘နှစ်သိမ့်ခြင်း၏ ဘုရားသခင်’ ထံမှ ရရှိသော အကူအညီ” ဆောင်းပါးကို jw.org မှာ ဖတ်ပါ။

ဆာလံကျမ်း အသံဖိုင်ကို jw.org မှာ နားထောင်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ