ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၃ အောက်တိုဘာ စာ. ၃၀-စာ. ၃၁ ပိုဒ်. ၂
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိနာအရပ်၌ ဣသရေလလူမျိုးကို ကိုယ်တော်ထောက်ပံ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • “ကောင်းကင်ဆန်စပါး”မှအကျိုးရယူခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • အစားအစာအသစ်အဆန်းတစ်မျိုး အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • သင်သည် ယေဟောဝါကို မမေ့လျော့ရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
က၂၃ အောက်တိုဘာ စာ. ၃၀-စာ. ၃၁ ပိုဒ်. ၂
အစ္စရေး မိသားစု တစ်စုနဲ့ တခြားသူတွေ တောကန္တာရမှာ မန္နမုန့် ကောက်နေ။

စာရှုသူများထံမှ မေးခွန်းလွှာ

တောကန္တာရမှာ မန္နမုန့်နဲ့ ငုံးအပြင် အစ္စရေးတွေ စားဖို့ ဘာရှိသလဲ

အစ္စရေးတွေဟာ တောကန္တာရမှာ အနှစ် ၄၀ လုံးလုံး မန္နမုန့် အဓိက စားကြတယ်။ (ထွ. ၁၆:၃၅) ငုံးတွေ ကျလာအောင် ယေဟောဝါ နှစ်ခေါက် လုပ်ပေးတယ်။ (ထွ. ၁၆:၁၂၊ ၁၃။ တော. ၁၁:၃၁) တခြားစားစရာတွေလည်း ရှိတယ်။

ဥပမာ၊ “စခန်းချရမယ့် နေရာ” ဆီ ယေဟောဝါ တစ်ခါတလေ ခေါ်သွားတယ်။ အဲဒီမှာ ရေနဲ့ သဘာဝကနေ ရတဲ့ စားစရာတွေ ရှိတယ်။ (တော. ၁၀:၃၃) ဧလိမ်အရပ်မှာဆိုရင် “ရေတွင်း ၁၂ တွင်းနဲ့ စွန်ပလွံပင် ၇၀ ရှိ” တယ်။ (ထွ. ၁၅:၂၇) စွန်ပလွံပင်ဟာ “နေရာဒေသ တော်တော်များများမှာ ပေါက်ရောက်ပြီး ကန္တာရအတွင်း အဓိက စားပင် ဖြစ်တယ်။ စားစရာနဲ့ ဆီ ရတယ်။ လူသန်းချီ နားခိုလို့ ရတယ်” လို့ စာအုပ်တစ်အုပ် (Plants of the Bible) မှာ ဖော်ပြတယ်။

ဒါ့အပြင် ဖာရန်လို့ ဒီနေ့ သိထားကြတဲ့ အိုအေစစ်မှာ နားခဲ့ကြမှာပဲ။a အဲဒီနေရာဟာ ဖာရန် သဲချောင်းထဲက တစ်နေရာ ဖြစ်ပြီး ကျယ်ပြောတယ်။b အဲဒီသဲချောင်း ဒါမှမဟုတ် ချိုင့်ဝှမ်းဟာ “၈၁ မိုင် [ကီလိုမီတာ ၁၃၀] ရှည်ပြီး ဆိုင်းနိုင်းဒေသမှာ အရှည်ဆုံး၊ အလှဆုံး၊ နာမည်အကြီးဆုံးပဲ။ သဲချောင်းနဲ့ ပင်လယ် ဆုံတဲ့နေရာကနေ ၂၈ မိုင် [၄၅ ကီလိုမီတာ] လောက် အကွာမှာ စွန်ပလွံပင်တွေ ပြွတ်နေတဲ့ ဖာရန် အိုအေစစ် ရှိတယ်။ ၃ မိုင် [၄.၈ ကီလိုမီတာ] ရှည်ပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၂,၀၀၀ [မီတာ ၆၁၀] လောက်မှာ ရှိတယ်။ သိပ်လှလွန်းလို့ ဆိုင်းနိုင်းဒေသရဲ့ ဧဒင်ဥယျာဉ်လို့ တင်စားကြတယ်။ စွန်ပလွံပင် ထောင်ချီရဲ့ အလှကြောင့် ဒီနေရာကို ဟိုးအရင်ကတည်းက ခရီးသွားတွေ လာကြတယ်” လို့ စာအုပ်တစ်အုပ် (Discovering the World of the Bible) မှာ ဖော်ပြထားတယ်။

အိုအေစစ်တစ်ခုက စွန်ပလွံပင်တွေ။ ရုပ်ပုံငယ်မှာ အသီးတွေ ပြွတ်နေအောင် သီးနေတဲ့ စွန်ပလွံခိုင်ကို ပြထား။

ဖာရန် အိုအေစစ်က စွန်ပလွံပင်တွေ

အီဂျစ်ပြည်ကနေ ထွက်လာတုန်းက မုန့်ညက်နဲ့ မုန့်ညက် နယ်တဲ့ အိုးတွေကို အစ္စရေးတွေ သယ်လာကြတယ်။ အကြာကြီး အစားခံမှာ မဟုတ်ပေမဲ့ ကောက်နှံနဲ့ ဆီလည်း သယ်လာကြမှာပဲ။ “သိုးနွားတိရစ္ဆာန်အုပ်တွေလည်း” ပါလာတယ်။ (ထွ. ၁၂:၃၄-၃၉) တောကန္တာရမှာ အစစ အရာရာ ခက်ခဲကြမ်းတမ်းလို့ သေတဲ့ အကောင် သေ၊ စားတဲ့ အကောင် စားနဲ့ တိရစ္ဆာန် တော်တော်များများ ကုန်သွားမှာပဲ။ တချို့ကိုတော့ ယဇ်ပူဇော်တဲ့ နေရာမှာ သုံးလိုက်နိုင်တယ်။ မှားယွင်းတဲ့ ဘုရားတွေဆီ ပူဇော်လိုက်တာတောင် ပါမယ်။c (တ. ၇:၃၉-၄၃) ဒါပေမဲ့ အစ္စရေးတွေ ပုန်ကန်ကြတော့ “မင်းတို့ရဲ့ သားတွေဟာ ဒီတောထဲမှာ နှစ်ပေါင်း ၄၀ လုံးလုံး သိုးထိန်းတွေ ဖြစ်ရလိမ့်မယ်” ဆိုပြီး ယေဟောဝါ ပြောတာကို ကြည့်ရင် အစ္စရေးတွေမှာ သိုးနွားအုပ်တွေ ရှိနေတုန်းပဲ။ (တော. ၁၄:၃၃) ဒါကြောင့် နို့သောက်ရမယ်။ တစ်ခါတလေ အသား စားရမယ်။ လူသုံးသန်းလောက်အတွက် အနှစ် ၄၀ စာတော့ ဘယ်လောက်ပါ့မလဲ။d

တိရစ္ဆာန်တွေအတွက် အစာရေစာ ဘယ်က ရသလဲ။e အဲဒီခေတ်တုန်းက မိုးများလို့ တောထဲမှာ အပင် အများကြီး ရှိနိုင်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၅၀၀ တုန်းက “လက်ရှိအချိန်ထက် အာရေဗျဒေသမှာ ရေ ပိုများတယ်။ သဲချောင်း၊ ချိုင့်ဝှမ်း အနက်ကြီးတွေ အများကြီး ရှိတာကို ကြည့်ရင် အရင်က အဲဒီနေရာမှာ မြစ်တွေ ရှိခဲ့မှန်း သိနိုင်တယ်” လို့ ထိုးထွင်းအမြင် အတွဲ ၁ က ဖော်ပြတယ်။ ဘာပဲဖြစ်ဖြစ် တောကန္တာရဆိုတာကတော့ ခြောက်ကပ်ကပ်၊ ကြောက်စရာ နေရာပါပဲ။ (တရား. ၈:၁၄-၁၆) ယေဟောဝါသာ အံ့ဖွယ်နည်းနဲ့ ရေ ဖန်တီးမပေးရင် အစ္စရေးတွေကော တိရစ္ဆာန်တွေပါ သေကြေပျက်စီးကြမှာ။—ထွ. ၁၅:၂၂-၂၅။ ၁၇:၁-၆။ တော. ၂၀:၂၊ ၁၁။

“လူဟာ အစားအစာနဲ့ပဲ အသက်ရှင်ရမှာ မဟုတ်ဘူး၊ ယေဟောဝါရဲ့ နှုတ်ထွက်စကား မှန်သမျှနဲ့ အသက်ရှင်ရမယ်ဆိုတာကို [သူတို့] သိစေဖို့” မန္နမုန့် ယေဟောဝါ ကျွေးတာလို့ အစ္စရေးတွေကို မောရှေ ပြောတယ်။—တရား. ၈:၃။

a အိုအေစစ်ဆိုတာ ကန္တာရထဲက စိမ်းလန်းစိုပြည်တဲ့ နေရာ ဖြစ်တယ်။

b ၁၉၉၂၊ မေ ၁ ကင်းမျှော်စင် စာ. ၂၄-၂၅ ကို ကြည့်ပါ။

c တောကန္တာရမှာ ယေဟောဝါဆီ တိရစ္ဆာန်တွေ နှစ်ကြိမ် ပူဇော်တဲ့အကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ပထမက ပုရောဟိတ် ခန့်အပ်ချိန်မှာ၊ ဒုတိယက ပသခါပွဲမှာ ဖြစ်တယ်။ နှစ်ကြိမ်စလုံးက အီဂျစ်ပြည်ကနေ ထွက်လာပြီးနောက် ဒုတိယနှစ်၊ ဘီစီ ၁၅၁၂ မှာ ပူဇော်ကြတာ။—ဝတ်. ၈:၁၄–၉:၂၄။ တော. ၉:၁-၅။

d တောကန္တာရအတွင်း လှည့်လည်သွားလာတဲ့ အနှစ် ၄၀ ကုန်ခါနီးမှာ တိရစ္ဆာန် သိန်းချီကို တိုက်ရာပါ ဥစ္စာအဖြစ် အစ္စရေးတွေ သိမ်းယူကြတယ်။ (တော. ၃၁:၃၂-၃၄) ဒါပေမဲ့ ကတိထားရာ ပြည်ထဲ ဝင်ချိန်ထိ မန္နမုန့် ဆက်စားကြရတယ်။—ယောရှု ၅:၁၀-၁၂။

e တိရစ္ဆာန်တွေတော့ မန္နမုန့် မစားကြဘူး။ လူတစ်ယောက် စားနိုင်သလောက် ကောက်ဖို့ပဲ ယေဟောဝါ ပြောပြီး တိရစ္ဆာန်တွေအတွက် ထည့်မပြောလို့ပဲ။—ထွ. ၁၆:၁၅၊ ၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ