ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၃ နိုဝင်ဘာ စာ. ၃၁
  • ဟူလ်ဒါ ဆန္ဒ ပြည့်သွားပြီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဟူလ်ဒါ ဆန္ဒ ပြည့်သွားပြီ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာမှတ်တမ်းကို ထောက်ခံသည့် ပြေစာတစ်စောင်
    နိုးလော့!—၂၀၀၉
  • လက်ထဲက စာကြည့်တိုက်
    အလှူငွေတွေကို အသုံးပြုပုံ
  • ဖီဂျီကျွန်းများတွင် ဘုရားသခင့်နိုင်ငံတော်ကိုကြေညာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • “ဒီလိုမျိုးမေတ္တာကို တစ်ခါမှ မခံစားခဲ့ဖူးဘူး”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
က၂၃ နိုဝင်ဘာ စာ. ၃၁

ဟူလ်ဒါ ဆန္ဒ ပြည့်သွားပြီ

အင်ဒိုနီးရှားနိုင်ငံ၊ ဆန်ဂေဘဆာကျွန်းလေးမှာ ကျွန်တော်တို့ သိပ်ချစ်ရတဲ့ ညီအစ်မ သုံးယောက် ရှိတယ်။ ကျမ်းစာ နားလည်အောင် ကူညီပေးသူတွေဆိုပြီး နာမည်ကြီးကြတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကသာ အဲဒီကျွန်းကို သွားလည်ရင် ကမ်းခြေမှာ သူတို့သုံးယောက်ကို တွေ့ရင် တွေ့မှာ။ ဟောပြောခြင်းလုပ်ငန်း မဟုတ်ဘဲ တခြားအလုပ် လုပ်နေကြတာကို တွေ့မှာ။

အင်ဒိုနီးရှားနဲ့ အိမ်နီးချင်းနိုင်ငံတွေ ပြထားတဲ့ မြေပုံ။ ဆန်ဂေဘဆာကျွန်းကို ရုပ်ပုံငယ်မှာ ပြထား။

အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း၊ ဆန်ဂေဘဆာကျွန်း

ညီအစ်မတွေက ပင်လယ်ထဲ ဆင်းပြီး ကျောက်တုံးတွေ ကုန်းပေါ် ခဲရာခဲဆစ် သယ်လာကြတယ်။ တချို့ကျောက်တုံးတွေဆိုရင် ဘောလုံးအရွယ်လောက် ရှိတယ်။ ပြီးရင် သစ်သား ခွေးခြေခုံလေးပေါ် ထိုင်၊ ကျောက်တုံးတွေကို တူနဲ့ အစိတ်စိတ်အမြွှာမြွှာ ခွဲကြတယ်။ ကြက်ဥအရွယ်ထက် သေးတဲ့အထိ ခွဲကြတာ။ အဲဒီနောက် ကျောက်တုံးလေးတွေကို ပလတ်စတစ် ပုံးထဲ ထည့်၊ လှေကား တက်၊ သူတို့ နေတဲ့ နေရာဆီ သယ်သွားကြတယ်။ အဲဒီကို ရောက်တဲ့အခါ ကျောက်တုံးတွေကို အိတ်အကြီးကြီးတွေထဲ ပြောင်းထည့်ကြတယ်။ လမ်းခင်းတဲ့နေရာမှာ သုံးဖို့ ကုန်ကားပေါ် တင်ပေးကြတယ်။

ကမ်းခြေမှာ ဟူလ်ဒါ ကျောက်တုံးတွေ ကောက်နေ

ညီအစ်မ သုံးယောက်ထဲက တစ်ယောက်ကတော့ ဟူလ်ဒါပါ။ အခြေအနေ ပေးတော့ ကျန်တဲ့သူတွေထက် ဒီအလုပ်မှာ အချိန် ပိုပေးနိုင်တယ်။ ခါတိုင်းဆိုရင် ရသမျှ ဝင်ငွေ မိသားစုအတွက်ပဲ။ အခုတော့ လိုချင်တာလေး ရှိနေတယ်။ JW Library® app သုံးလို့ ရအောင် တက်ဘလက်လေး လိုချင်နေတာ။ ကျမ်းစာ လေ့လာတဲ့အခါ၊ တခြားသူတွေကို ဟောတဲ့အခါ app မှာ ရှိတဲ့ ဗီဒီယိုတွေ၊ စာပေတွေ အသုံးဝင်မယ်ဆိုတာ သိလို့လေ။

ဒါနဲ့ ကျောက်ထုပြီး ကုန်ကားပေါ် တင်ပေးတဲ့ အလုပ်ကို မနက်တိုင်း တစ်နေ့ နှစ်နာရီ တိုးလုပ်တယ်။ တစ်လခွဲလောက် ကြာတော့ တက်ဘလက် ဝယ်ဖို့ ပိုက်ဆံ ပြည့်သွားတယ်။

တက်ဘလက်လေးနဲ့ ဟူလ်ဒါ

“ကျောက်ထုရလို့ ပင်ပန်းပေမဲ့၊ ကိုက်ခဲပေမဲ့ တက်ဘလက်အသစ်လေး လက်ထဲ ကိုင်သုံးရတော့ နာကျင်ကိုက်ခဲတာအားလုံး မေ့သွားတယ်။ တက်ဘလက် ရှိတော့ အမှုဆောင်မှာ ပိုထိရောက်တယ်။ အစည်းအဝေးအတွက် ပိုလွယ်လွယ်ကူကူ ပြင်ဆင်နိုင်တယ်” လို့ ပြောတယ်။ ကပ်ရောဂါ စလို့ အစည်းအဝေး၊ အမှုဆောင် အစီအစဉ်အားလုံး ဗီဒီယို ချိတ်ဆက်ပြီး လုပ်တော့ တက်ဘလက် ရှိလို့ တော်တော် အဆင်ပြေတယ်လို့လည်း ပြောတယ်။ ဟူလ်ဒါ ဆန္ဒ ပြည့်သွားလို့ ကျွန်တော်တို့ ထပ်တူ ဝမ်းသာပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ