ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၄ အမှတ် ၁ စာ. ၃
  • အမှားနဲ့ အမှန်– လူတိုင်း ရွေးချယ်ဆုံးဖြတ်ရမယ့်အရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမှားနဲ့ အမှန်– လူတိုင်း ရွေးချယ်ဆုံးဖြတ်ရမယ့်အရာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • သက်ဝင်ယုံကြည်ပါ၊ ပညာရှိစွာ ဆုံးဖြတ်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ဘုရားသခင်ကိုဂုဏ်တင်တဲ့ ဆုံးဖြတ်ချက်တွေချပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆုံးဖြတ်ချက်ကောင်း ချနိုင်ပုံ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • နိဒါန်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၄
ကလ၂၄ အမှတ် ၁ စာ. ၃
ရှေ့ရုပ်ပုံမှာ ပါတဲ့ လူငယ်တစ်ယောက် ပန်းခြံတာဝန်ခံကို အကူအညီ တောင်း။ လူငယ် သွားချင်တဲ့ တောင်ထိပ်ဆီ ရောက်ဖို့ ဘယ်လမ်းကနေ သွားနိုင်ကြောင်း မြေပုံမှာ ပြနေ။

အမှားနဲ့ အမှန်– လူတိုင်း ရွေးချယ်ဆုံးဖြတ်ရမယ့်အရာ

တစ်ခါမှ မရောက်ဖူးတဲ့နေရာ သွားချင်တယ်ဆိုပါစို့။ ဘာလုပ်မလဲ။

  1. ၁။ မှန်လောက်တယ်လို့ ကိုယ်ထင်တဲ့ လမ်းအတိုင်း သွားမယ်။

  2. ၂။ လမ်းသိပုံရတဲ့ တခြားသူတွေနောက်ကနေ လိုက်မယ်။

  3. ၃။ ဂျီပီအက်စ်၊ မြေပုံ စတဲ့ စိတ်ချရတဲ့ လမ်းညွှန်တွေ ကြည့်မယ်။ ဒါမှမဟုတ် လမ်းလည်း သိ၊ စိတ်လည်း ချရတဲ့ မိတ်ဆွေကို မေးမယ်။

နံပါတ် ၁ ဒါမှမဟုတ် ၂ ကို ရွေးရင် တစ်နေရာရာတော့ ရောက်သွားမယ်။ ဒါပေမဲ့ ကိုယ်သွားချင်တဲ့ နေရာ ဟုတ်ချင်မှ ဟုတ်မယ်။ နံပါတ် ၃ ကို ရွေးရင်တော့ ကိုယ်သွားချင်တဲ့ နေရာ ရောက်မယ်ဆိုတာ စိတ်ချနိုင်တယ်။

ကျွန်တော်တို့ရဲ့ ဘဝဟာ လမ်းခရီးနဲ့ တူတယ်။ ပျော်စရာ အနာဂတ်ဆီ ပို့ဆောင်ပေးမယ့် ခရီးမျိုး ဖြစ်စေချင်ကြတယ်။ ပျော်စရာ အနာဂတ်ဆီ ရောက်မရောက်ဆိုတာ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ လမ်းညွှန်မှု ဘယ်က ရှာသလဲဆိုတာအပေါ် အများကြီး မူတည်တယ်။

ဆုံးဖြတ်ချက်တွေက အမှားအမှန်နဲ့ပတ်သက်ပြီး ကိုယ် ဘာကို ယုံကြည်လက်ခံထားသလဲဆိုတာ ဖော်ပြတယ်။ ဆုံးဖြတ်ချက်အများစုက ကိုယ့်အသက်တာအပေါ် ရေရှည် သက်ရောက်မှု သိပ်မရှိဘူး။ ဆုံးဖြတ်ချက်တချို့ကတော့ ရေရှည် သက်ရောက်မှု ရှိတယ်။ ကိုယ်တိုင်နဲ့ ချစ်ရသူတွေအပေါ် ကောင်းကျိုးဖြစ်ဖြစ်၊ ဆိုးကျိုးဖြစ်ဖြစ် ရေရှည် သက်ရောက်မှု ရှိမှာ။ ဥပမာ၊ အောက်ပါ ကဏ္ဍတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချတဲ့အခါ ဖြစ်တယ်–

  • လိင်နဲ့ အိမ်ထောင်ရေး

  • ရိုးသားမှု၊ အလုပ်၊ ငွေ

  • သားသမီး ပြုစုပျိုးထောင်ပုံ

  • တခြားသူတွေကို ဆက်ဆံပုံ

ဒီကဏ္ဍတွေမှာ ကိုယ်ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေက ကိုယ်တိုင်နဲ့ မိသားစုအတွက် ပျော်စရာ အနာဂတ် ဆောင်ကြဉ်းပေးမပေး ဘယ်လို သိနိုင်မလဲ။

လူတိုင်း သုံးသပ်ရမယ့် မေးခွန်းကတော့ အမှားအမှန်နဲ့ပတ်သက်လာရင် ဘာကို အခြေခံပြီး ဆုံးဖြတ်ချက် ချမလဲဆိုတာပါ။

ကျမ်းစာက ဘယ်လို လမ်းညွှန်ပေးနိုင်သလဲ၊ ကျမ်းစာလမ်းညွှန်ချက်ကို ဘာကြောင့် စိတ်ချနိုင်သလဲဆိုတာ ဒီစာစောင်မှာ ရှင်းပြသွားပါမယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ