ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၅ ဖေဖော်ဝါရီ စာ. ၃၀-၃၁
  • ရိုးရိုးလေးသာ မေးလိုက်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရိုးရိုးလေးသာ မေးလိုက်ပါ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ကျွန်မဟာ ယေဟောဝါဘုရားရဲ့ အစေခံပါ”
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • မာရိ၏ပုံသက်သေက ကျွန်ုပ်တို့ကို သင်ပေးနိုင်သည့်အရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ‘အကျွန်ုပ်သည် ထာဝရဘုရားသခင်၏ ကျွန်မဖြစ်ပါ၏!’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဝမ်းနည်းကြေကွဲမှုကို ကျော်လွှားနိုင်ခဲ့သူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
က၂၅ ဖေဖော်ဝါရီ စာ. ၃၀-၃၁
ညီအစ်မတစ်ယောက်နဲ့ ခင်ပွန်းဖြစ်သူ ဗီဒီယို ချိတ်ဆက်ပြီး အမျိုးသမီးတစ်ယောက်ကို ကျမ်းစာသင်ပေးနေ။

ရိုးရိုးလေးသာ မေးလိုက်ပါ

ညီအစ်မ မေရီနဲ့ ခင်ပွန်း ဂျွန်a နေတဲ့ နိုင်ငံမှာ ဖိလစ်ပိုင်နိုင်ငံကနေ အလုပ်လာလုပ်သူ အများကြီး ရှိတယ်။ ဒါကြောင့် သူတို့ကို မေရီတို့ဇနီးမောင်နှံ သတင်းကောင်း ဟောပြောသက်သေခံတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း မေရီ ကျမ်းစာသင်အံမှု အများကြီး စနိုင်ခဲ့တယ်။ သင်သားတွေထဲမှာ ပြည်တွင်းပြည်ပက လူတွေ ပါတယ်။ မေရီ သင်အံမှုအများကြီး ဘယ်လိုလုပ်ပြီး စနိုင်ခဲ့သလဲ။

ဘုရားသခင့်တရားစကားတော်ကို လေးမြတ်သူတွေဟာ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေတွေကို ကျမ်းစာကနေ သိလာတာတွေ ဝေမျှချင်တတ်ကြတယ်။ ဒါကြောင့် “အသိထဲမှာ ကျမ်းစာလေ့လာချင်တဲ့သူ ရှိသလား” ဆိုပြီး ကျမ်းစာသင်သားတွေကို ရိုးရိုးလေး မေးလိုက်ရုံနဲ့ ရလဒ်ကောင်းတွေ ရလေ့ရှိတယ်။ မေရီလည်း သူ့သင်သားတွေကို အဲဒီလိုမေးကြည့်တယ်။ ကျမ်းစာလေ့လာချင်တဲ့သူ ရှိတယ်လို့ ဖြေရင် မိတ်ဆက်ပေးဖို့ တောင်းဆိုတယ်။ ဒီလိုနဲ့ မေရီ ဘာရလဒ်တွေ ရလာသလဲ။

ဂျက်စမင်လို့ ခေါ်တဲ့ ကျမ်းစာသင်သားက ကျမ်းစာလေ့လာချင်သူ လေးယောက်နဲ့ မေရီ့ကို မိတ်ဆက်ပေးတယ်။ အဲဒီထဲက တစ်ယောက်ကတော့ ခရစ္စတင်းပါ။ ကျမ်းစာလေ့လာရတာကို ခရစ္စတင်း သိပ်နှစ်သက်သွားပြီး တစ်ပတ် နှစ်ကြိမ် သင်ပေးဖို့ မေရီ့ကို တောင်းဆိုတယ်။ အသိထဲမှာ ကျမ်းစာလေ့လာချင်တဲ့သူ ရှိသလားလို့ မေရီ မေးကြည့်တော့ “ရှိတယ်။ မိတ်ဆက်ပေးမယ်” လို့ ခရစ္စတင်း ပြောတယ်။ ကျမ်းစာလေ့လာချင်သူ လေးယောက်နဲ့ အပတ်အနည်းငယ်အတွင်းမှာပဲ မေရီ့ကို ခရစ္စတင်း မိတ်ဆက်ပေးတယ်။ နောက်ပိုင်းမှာလည်း တခြားအသိတွေနဲ့ မိတ်ဆက်ပေးတယ်။ အဲဒီထဲက တချို့ကလည်း သူတို့အသိတွေနဲ့ ထပ်မိတ်ဆက်ပေးတယ်။

ခရစ္စတင်းက ဖိလစ်ပိုင်မှာ နေတဲ့ သူ့မိသားစုကိုလည်း ကျမ်းစာလေ့လာစေချင်တယ်။ ဒါနဲ့ သမီး အန်ဒရီယာကို ဆက်သွယ်တယ်။ ‘ယေဟောဝါသက်သေတွေဆိုတာ ယေရှုကို မယုံတဲ့ အဖွဲ့၊ ဓမ္မဟောင်းကျမ်းပဲ ကိုင်တဲ့ အဖွဲ့’ လို့ အန်ဒရီယာ ထင်နေခဲ့တာ။ ဒါပေမဲ့ ဦးဆုံးအကြိမ် ကျမ်းစာလေ့လာလို့အပြီးမှာပဲ အမြင်မှားနေတာတွေ ရှင်းသွားတယ်။ ကျမ်းစာကနေ တစ်ခုခု သိလိုက်ရတိုင်း “ကျမ်းစာမှာ ပါမှတော့ အမှန်ပဲ ဖြစ်ရမယ်” လို့ ပြောတတ်တယ်။

နောက်တော့ အသိနှစ်ယောက်၊ အလုပ်ဖော်တစ်ယောက်နဲ့ မေရီ့ကို အန်ဒရီယာ မိတ်ဆက်ပေးတယ်။ ပြီးတော့ အန်ဒရီယာမှာ အန်ဂျလာလို့ ခေါ်တဲ့ မျက်မမြင် အဒေါ် ရှိတယ်။ အန်ဒရီယာ ကျမ်းစာလေ့လာတဲ့အခါ အန်ဂျလာ အမြဲ လိုက်နားထောင်မှန်း မေရီ မသိဘူး။ နောက်တော့ အန်ဂျလာ လိုက်နားထောင်ရတာ အားမရတော့ဘဲ သီးသန့် ကျမ်းစာလေ့လာချင်လာတယ်။ ဒါနဲ့ မေရီ့ကို ပြောပေးပါဆိုပြီး အန်ဒရီယာကို ပြောတယ်။ သင်ယူသိရှိလာတာတွေကို အန်ဂျလာ သိပ်ကြိုက်တယ်။ တစ်လအတွင်းမှာပဲ ကျမ်းပိုဒ်အများကြီး အလွတ်မှတ်မိလာတယ်။ တစ်ပတ် လေးကြိမ် ကျမ်းစာသင်ပေးဖို့ မေရီ့ကို တောင်းဆိုတယ်။ အန်ဒရီယာရဲ့ အကူအညီနဲ့ အစည်းအဝေးတွေကို ဗီဒီယို ချိတ်ဆက်ပြီး မှန်မှန် စတက်တယ်။

ခရစ္စတင်းနဲ့ ကျမ်းစာလေ့လာတဲ့အခါ ခရစ္စတင်းရဲ့ ခင်ပွန်း ဂျော်ရှဝါ မလှမ်းမကမ်းမှာ ရှိနေတတ်တာကို မေရီ သတိထားမိတော့ အတူတူ ဝင်ထိုင်ဖို့ ပြောတယ်။ “နားပဲ နားထောင်မှာ။ မေးခွန်းတွေတော့ မမေးနဲ့နော်။ မေးတာနဲ့ ထထွက်သွားမှာ” ဆိုပြီး ဂျော်ရှဝါ ပြောတယ်။ ဒါပေမဲ့ ဝင်ထိုင်ပြီး ငါးမိနစ်အတွင်းမှာပဲ မေးခွန်းတွေ မေးလိုက်တာမှ ခရစ္စတင်းထက်တောင် များသေးတယ်။ ကျမ်းစာလည်း ဆက်လေ့လာချင်သွားတယ်။

မေးခွန်းရိုးရိုးလေးတစ်ခုပဲ မေရီ မေးလိုက်တာ ကျမ်းစာသင်အံမှု အများကြီး ရလာတယ်။ သင်အံမှု တော်တော်များများကို ညီအစ်ကို/မတွေဆီ နောက်ပိုင်း လွှဲပေးလိုက်တယ်။ နိုင်ငံ လေးနိုင်ငံက စိတ်ဝင်စားသူ ၂၈ ယောက်ကို မေရီ ကျမ်းစာသင်ပေးနိုင်ခဲ့တယ်။

ဒီတွေ့ကြုံမှုထဲက ဦးဆုံးကျမ်းစာသင်သား ဂျက်စမင်ဟာ ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ နှစ်ခြင်းခံတယ်။ ၂၀၂၂ ခုနှစ်၊ မေလမှာ ခရစ္စတင်း နှစ်ခြင်းခံပြီး ဖိလစ်ပိုင်က မိသားစုဆီ ပြန်သွားတယ်။ မေရီ့ကို ခရစ္စတင်း မိတ်ဆက်ပေးတဲ့ ကျမ်းစာသင်သားနှစ်ယောက်လည်း နှစ်ခြင်းခံတယ်။ ခရစ္စတင်း နှစ်ခြင်းခံပြီးနောက် လအနည်းငယ်အကြာမှာ အန်ဂျလာ နှစ်ခြင်းခံပြီး မှန်မှန်ရှေ့ဆောင် ဖြစ်လာတယ်။ ခရစ္စတင်းရဲ့ ခင်ပွန်း ဂျော်ရှဝါ၊ သမီး အန်ဒရီယာနဲ့ တခြားသင်သားတွေလည်း တိုးတက်နေကြတယ်။

ရှေ့ပုံမှာ ပါတဲ့ ညီအစ်မဖြစ်သူ ကျမ်းစာသင်သားနဲ့ သင်သားရဲ့ အသိလေးယောက်ကို ဗီဒီယို ချိတ်ဆက်ပြီး စကားပြောနေ။

ပထမရာစုမှာ သတင်းကောင်း ကြားသိသူတွေဟာ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေတွေကို သိလာတာတွေ ပြန်ပြောပြကြတယ်။ (ယော. ၁:၄၁၊ ၄၂က။ တ. ၁၀:၂၄၊ ၂၇၊ ၄၈။ ၁၆:၂၅-၃၃) သင်လည်း “အသိထဲမှာ ကျမ်းစာလေ့လာချင်တဲ့သူ ရှိသလား” ဆိုပြီး သင့်ကျမ်းစာသင်သားတွေ၊ စိတ်ဝင်စားသူတွေကို မေးကြည့်ပါ။ ရိုးရိုးလေး မေးလိုက်ရုံနဲ့ ကျမ်းစာသင်အံမှု အများကြီး ရမလာဘူးလို့ မပြောနိုင်ဘူး။

a အမည်လွှဲများ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ