မျက်မှောက်ခေတ် ယေဟောဝါသက်သေများ၏လုပ်ဆောင်မှုများ
တဟီတီ
ပြင်သစ်ပေါ်လီနီးရှားကျွန်းများတွင် ပါဝင်သည့် တဟီတီကျွန်းသည် ကမ္ဘာပေါ်ရှိ အလှပဆုံးနေရာများတွင် အပါအဝင်ဖြစ်သည်။ ကဗျာဆရာများနှင့် စာရေးဆရာများက ထိုကျွန်းကို ပရဒိသုအဖြစ် သရုပ်ဖော်ကြသည်။ သို့ရာတွင် ချမ်းမြေ့ဖွယ်သရုပ်ဖော်ထားသည့် ဤပစိဖိတ်ကျွန်းများတွင် ပို၍ဆွဲဆောင်မှုရှိသော ပရဒိသုတစ်ခု ဖြစ်ထွန်းနေသည်။ သာ၍အရေးပါသည့် ပရဒိသု တည်ထောင်ဖွဲ့စည်းခဲ့ပုံနှင့် ယင်းက ယေဟောဝါအားချီးမွမ်းရန် အသီးမြောက်မြားစွာ သီးပွင့်နေစေပုံကို လေ့လာပါလေ။
ဂိုင်ယာနာ
ဂိုင်ယာနာဟူသည့်အမည်သည် “ရေတိုင်းပြည်” ဟုအဓိပ္ပာယ်ရှိသည်။ သင့်လျော်သည့်ထိုအမည်က နိုင်ငံ၏ ကွန်ရက်သဖွယ်မြစ်များစွာကို ပုံပေါ်စေသည်၊ အတွင်းပိုင်းရှိ ရွာများနှင့် မြို့များသို့သွားရန် လမ်းမများအဖြစ် ယင်းမြစ်အများစုကို အသုံးပြုကြသည်။ တောင်အမေရိကတိုက်တွင် အင်္ဂလိပ်စကားပြောနိုင်ငံ ယင်းတစ်ခုသာရှိသည်၊ ဤနိုင်ငံ၏ စိတ်ဝင်စားဖွယ်ကောင်းသော လူမျိုးပေါင်းစုံကို “အသက်ရေ” ညွှန်ပြပေးရန် ယေဟောဝါသက်သေများသည် ကနူးလှေများ၊ ခတ်လှေများနှင့် မီးသင်္ဘောများကို မည်သို့အသုံးပြုသည်ကို ဖတ်ကြည့်ပါ။—ယော. ၄:၁၀။
အိုက်စလန်
အပူပိုင်းဒေသမှ အလွန်ကွာဝေးသည့် အာတိတ်စက်ဝိုင်း၏ တောင်ဘက်၌တည်ရှိသော အိုက်စလန်သည် အလွန်လှပသည့် နိုင်ငံတစ်ခုဖြစ်သည်။ ရေခဲမြစ်များ၊ မီးတောင်များနှင့် တောင်တန်းများတို့ဖြင့် ကြမ်းတမ်းသည့်ဤနယ်မြေကို တန်ဆာဆင်ထားသည်။ သို့တိုင် ယေဟောဝါ၏အမှုဆောင်နေသူတို့တွင် ထူးကဲသည့်အလှကို တွေ့မြင်ရသည်။ ဤမှတ်တမ်းတွင် ဘုရားသခင့်ကျေးကျွန်များသည် အခြားသူများအား ကျမ်းစာအမှန်တရားဝေမျှရန် ခက်ခဲသည့်အခြေအနေကို ရဲဝံ့စွာရင်ဆိုင်ကြပုံကို သင်တွေ့မြင်ရမည်။