ဆီအဲရာလီယွန်နဲ့ ဂီနီ
ယေဟောဝါကို ဝတ်ပြုကိုးကွယ်ဖို့ စိတ်ပိုင်းဖြတ်ထား
ဖိလစ် တန်ဘေ
မွေးဖွားသည့်နှစ် ၁၉၆၆
နှစ်ခြင်းခံသည့်နှစ် ၁၉၉၇
ကိုယ်ရေးအကျဉ်း ဒုက္ခသည်စခန်းမှာနေထိုင်ရင်း နိုင်ငံတော်ခန်းမ ငါးလုံးဆောက်ဖို့ ကူညီပေးခဲ့သူ။
၁၉၉၁ ခုနှစ်မှာ သူပုန်စစ်သားတွေက ကျွန်တော့်ရဲ့ ဇာတိဖြစ်တဲ့ ဆီအဲရာလီယွန်၊ ကွိုင်ဒူမြို့ကို ဝင်တိုက်တဲ့အတွက် အသက်ဘေးကနေ လွတ်မြောက်ဖို့ ကျွန်တော့်ဇနီး ဆီတာနဲ့ကျွန်တော် ထွက်ပြေးခဲ့ရပါတယ်။ အဲဒီနောက် ရှစ်နှစ်လုံးလုံး ဒုက္ခသည်စခန်းတော်တော်များများမှာ နေထိုင်ခဲ့ရတယ်။ ဖျားနာမှု၊ အစာရေစာငတ်ပြတ်မှု၊ ဒုက္ခသည်ချင်းတွေရဲ့ အကျင့်စာရိတ္တယိုယွင်းမှုဒဏ်တွေ ခံခဲ့ရတယ်။
စခန်းတိုင်းမှာ နိုင်ငံတော်ခန်းမဆောက်လုပ်ဖို့ အာဏာပိုင်တွေကို ကျွန်တော်တို့ ခွင့်တောင်းခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ကို တစ်ခါတလေမှာ ခွင့်ပြုတယ်၊ တစ်ခါတလေမှာ ခွင့်မပြုဘူး။ ဘယ်လိုပဲဖြစ်ပါစေ ယေဟောဝါကိုဝတ်ပြုဖို့ နေရာကိုတော့ ကျွန်တော်တို့ အမြဲစီစဉ်နိုင်ခဲ့ပါတယ်။ ယေဟောဝါကို ဝတ်ပြုကိုးကွယ်ဖို့ ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ တဖြည်းဖြည်းနဲ့ နိုင်ငံတော်ခန်းမ လေးလုံးကို ဒုက္ခသည်စခန်းတွေမှာ ဆောက်လုပ်နိုင်ခဲ့ပါတယ်။
စစ်ပြီးသွားလို့လည်း ကျွန်တော်တို့ အိမ်မပြန်နိုင်ကြသေးပါဘူး။ နှစ်ပေါင်းများစွာ စစ်မြေပြင်ဖြစ်ခဲ့တဲ့ ကွိုင်ဒူမြို့ဟာ အသက်ရှင်နေထိုင်ဖို့ ခက်ခဲတဲ့နေရာ ဖြစ်သွားပါပြီ။ ဒါကြောင့် ကျွန်တော်တို့ဟာ ဘိုမြို့နားက နောက်ထပ် ဒုက္ခသည်စခန်းတစ်ခုဆီ ပို့ခံရပါတယ်။ အဲဒီမှာ ဌာနခွဲရဲ့အလှူငွေနဲ့ ငါးခုမြောက် နိုင်ငံတော်ခန်းမကို ဆောက်လုပ်ခဲ့ကြပါတယ်။