ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb14 စာ. ၃၆-၃၈
  • ကမ္ဘာတစ်ဝန်းက သတင်းထူးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာတစ်ဝန်းက သတင်းထူးများ
  • ၂၀၁၄ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရဲတွေက အုတ်တွေကို ကူချပေး
  • သူ့ရဲ့စက်ဘီးကို ရောင်းလိုက်တယ်
  • ကူညီဖို့ လှုံ့ဆော်ခံရ
  • ကလေးတွေ သကြားလုံးရောင်းကြ
  • ယေဟောဝါကို ချီးမွမ်းဂုဏ်တင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်း
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
  • နိုင်ငံတော်ခန်းမဆောက်လုပ်ရေး—မြင့်မြတ်သောလုပ်ငန်း၏ အရေးပါသောကဏ္ဍတစ်ခု
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေးအစီအစဉ် ဆက်လက်တိုးတက်နေ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ထူးခြားသောတိုးတက်မှုက တိုးချဲ့ဖို့အမြန်လိုအပ်လာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
၂၀၁၄ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb14 စာ. ၃၆-၃၈
စာမျက်နှာ ၃၆ ပါ ရုပ်ပုံ

ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ

ကမ္ဘာတစ်ဝန်းက သတင်းထူးများ

ရဲတွေက အုတ်တွေကို ကူချပေး

ဂျော်ဂျီယာသမ္မတနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ကူတာအီစီမြို့မှာ သက်သေခံတွေဟာ အိုဟောင်းနေတဲ့ ရှန်ပိန်စက်ရုံတစ်ခုမှာ စည်းဝေးပွဲတွေလုပ်လာတာ ၁၃ နှစ်ရှိပြီ။ မိုးရွာတဲ့အခါ ပရိသတ် မိုးရေမစိုအောင် အပေါ်မှာ ပလတ်စတစ်မိုးထားရတယ်။ အခုတော့ စည်းဝေးပွဲနဲ့ ခရိုင်စည်းဝေးတွေကျင်းပဖို့အတွက် ထပ်ချဲ့နိုင်တဲ့နိုင်ငံတော်ခန်းမတစ်ခု ရှိနေပြီ။ ဆောက်လုပ်ရေးကာလအတွင်းမှာ စေတနာ့ဝန်ထမ်း ၅၀ ဟာ ကားပေါ်ကနေ ဘိလပ်မြေအုတ်တွေ ချနေတာကို ရဲတွေ လာကြည့်တယ်။ လုပ်သားတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ဝီရိယရှိရှိ လုပ်နေတာကို ရဲတွေ အထင်ကြီးလေးစားသွားပြီး ချီးမွမ်းခဲ့တယ်၊ အုတ်တွေကိုလည်း ကူချပေးတယ်။ အကယ်၍ တစ်ယောက်ယောက်က သက်သေခံတွေကို အနှောင့်အယှက်ပေးတယ်ဆိုရင် သူတို့ကိုခေါ်ပါလို့ပြောတယ်။ ရဲတွေက စည်းဝေးပွဲခန်းမအသစ်မှာ ကျင်းပမယ့် ပထမဆုံးစည်းဝေးပွဲကို လာတက်မယ်လို့ ကတိပေးခဲ့တယ်။

သူ့ရဲ့စက်ဘီးကို ရောင်းလိုက်တယ်

ဘရွန်ဒီနိုင်ငံမှာနေတဲ့ အကြီးအကဲ မယ်လကိုင်ဟာ ဝမ်းစာအတွက် စိုက်ပျိုးရေးလုပ်တယ်၊ သူ့ရဲ့စက်ဘီးနဲ့ ကုန်တွေပို့တယ်။ မယ်လကိုင်ဟာ သူတို့ရဲ့နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေးမှာ ပါဝင်ချင်လို့ နေ့တိုင်း လုပ်အားပေးဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီလိုလုပ်ဖို့အတွက် ဆောက်လုပ်ရေးကာလ နှစ်လအတွင်း သူ့မိသားစု စားသောက်ဖို့ ပိုက်ဆံလိုတယ်။ ဒါနဲ့ သူ့စက်ဘီးကိုရောင်းပြီး တစ်ဝက်ကို အိမ်စရိတ်အတွက် သူ့မိန်းမကို ပေးလိုက်တယ်။ ကျန်တာကို ဆောက်လုပ်ရေးကုန်ကျစရိတ်အတွက် အလှူငွေပုံးထဲ ထည့်လိုက်တယ်။ အကျိုးကတော့ ခန်းမဆောက်လုပ်ရေး လုပ်သားတွေဆီကနေ လေ့ကျင့်မှုကောင်းကောင်း ရခဲ့တယ်။ ခန်းမဆောက်ပြီးသွားတဲ့အခါ မယ်လကိုင်ရဲ့ ဆောက်လုပ်ရေးကျွမ်းကျင်မှုကိုကြည့်ပြီး လူတွေက သူ့ကို အလုပ်တွေ လာအပ်ကြတယ်။ အဲဒီအချိန်အတောအတွင်းမှာ မယ်လကိုင်ဟာ စက်ဘီးနောက်တစ်စီး ဝယ်နိုင်ခဲ့တယ်။

ကူညီဖို့ လှုံ့ဆော်ခံရ

မာလာဝီနိုင်ငံရဲ့ ဝေးလံတဲ့ဒေသတွေမှာ နိုင်ငံတော်ခန်းမတွေဆောက်တဲ့အခါ အခက်အခဲတွေ အများကြီးရှိတယ်။ လွန်ခဲ့တဲ့လုပ်ငန်းတော်နှစ်တုန်းက လမ်းတွေအရမ်းဆိုးတဲ့နေရာတစ်ခုမှာ ခန်းမတစ်လုံးဆောက်ခဲ့တယ်။ ဌာနခွဲက ညီအစ်ကိုတွေဟာ လေးဘီးယက်ကားတွေကိုသုံးပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ပစ္စည်းတွေ ပို့ပေးခဲ့တယ်။ အဲဒီဆောက်လုပ်ရေးစီမံကိန်းကို ဒေသခံတွေ သိပ်စိတ်ဝင်စားတယ်လို့ ညီအစ်ကိုတွေက ပြောပြတယ်။ အဲဒီဒေသက သက်သေခံမဟုတ်သူတွေဟာ သူတို့လည်း ကူညီပေးချင်တယ်လို့ပြောပြီး သဲတွေ၊ ကျောက်တွေ၊ ဘိလပ်မြေအိတ်တွေနဲ့ သွပ်ပြားတွေကို ညမိုးချုပ်အထိ ကူချပေးခဲ့ကြတယ်။ တစ်ခါတလေ သူတို့က သက်သေခံတွေထက်တောင် ပိုများတယ်။ အဲဒီလို ဝေးလံခေါင်သီတဲ့ဒေသတွေမှာ ယေဟောဝါသက်သေတွေက ဂုဏ်သိက္ခာရှိတဲ့ ဝတ်ပြုစရာနေရာ ဆောက်လုပ်ဖို့ ကြိုးစားတာကို သူတို့အထင်ကြီးလေးစားပြီး ကူညီဖို့ လှုံ့ဆော်ခံရကြတယ်။

ကလေးတွေ သကြားလုံးရောင်းကြ

ကုတ်ဒီဗွားနိုင်ငံက အထူးရှေ့ဆောင်လင်မယားဟာ ကလေးဆယ်ယောက်ရှိတဲ့ လင်မယားနှစ်ယောက်ကို ဘေတာဘာသာစကားနဲ့ ကျမ်းစာသင်ပေးတယ်။ ၂၀၁၃၊ မေလမှာ ဒါလိုအာမြို့မှာ ဘေတာဘာသာစကားနဲ့ ပထမဆုံးကျင်းပတဲ့ တိုက်နယ်စည်းဝေးကို အဲဒီမိသားစု တက်ချင်တယ်။ ဒါပေမဲ့ အသွားအပြန်ခရီးစရိတ်က တစ်ယောက်ကို စီအက်အေ ၈၀၀ (အမေရိကန်ဒေါ်လာ ၁.၆၀) ကုန်မယ်။ အဖေက မိသားစုဝင်အားလုံးအတွက် ခရီးစရိတ်မတတ်နိုင်ဘူး။ စည်းဝေးပွဲတက်မယ်လို့ ဆုံးဖြတ်ပြီး သူအကြံတစ်ခုရခဲ့တယ်။ သမီးကြီးကို စီအက်အာ ၃၀၀ (အမေရိကန်ဒေါ်လာ ဝ.၆၀) ပေးပြီး သကြားလုံးရောင်းဖို့ပြောတယ်။ သမီးကြီး အဲဒီအတိုင်းလုပ်ခဲ့ပြီး သူ့အတွက် ခရီးစရိတ်အလုံအလောက် ရခဲ့တယ်။ အဖေက ကျန်တဲ့ကလေးတွေကိုလည်း တစ်ယောက်ကို စီအက်အာ ၃၀၀ စီပေးပြီး ခရီးစရိတ်ရတဲ့အထိ သကြားလုံးရောင်းဖို့ ပြောတယ်။ နောက်ဆုံးမှာ သူတို့ဟာ တခြားသူတွေနဲ့အတူ တိုက်နယ်စည်းဝေးတက်ခဲ့ကြတယ်။ အစီအစဉ်ကို သူတို့ရဲ့ မိခင်ဘာသာစကားနဲ့ နားထောင်ခဲ့ရလို့ သိပ်ဝမ်းသာခဲ့ကြတယ်။

စာမျက်နှာ ၃၈ ပါ ရုပ်ပုံ
    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ