ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ
ယေဟောဝါဘုရားက “ကြေးဝါအရာ၌ ရွှေကိုလည်းကောင်း၊ သံအရာ၌ ငွေကိုလည်းကောင်း၊ သစ်သားအရာ၌ ကြေးဝါကိုလည်းကောင်း၊ ကျောက်အရာ၌ သံကိုလည်းကောင်း ငါဆောင်ခဲ့မည်” လို့ ပရောဖက်ဟေရှာယကတစ်ဆင့် ပြောခဲ့တယ်။ (ဟေရှာ. ၆၀:၁၇) အဲဒီပရောဖက်ပြုချက် ပြည့်စုံနေမှန်း လွန်ခဲ့တဲ့နှစ်တစ်လျှောက် ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရတယ်။ အရည်အသွေးပိုကောင်းတဲ့ ပစ္စည်းတွေနဲ့ အစားထိုးတာက တိုးတက်မှုဖြစ်သလို ဒီဆုံးခန်းကာလမှာလည်း ယေဟောဝါသက်သေတွေဟာ အဖွဲ့အစည်းပိုင်းဆိုင်ရာ အစီအစဉ်တွေမှာ တိုးတက်ခဲ့တယ်။—မ. ၂၄:၃။