အင်ဒိုနီးရှားနိုင်ငံ
လူဆိုးဂိုဏ်းခေါင်းဆောင်က နိုင်ငံသားကောင်းဖြစ်လာ
ဟစ်ဆာ ဆိုမင်
မွေးဖွားတဲ့နှစ်– ၁၉၁၁
နှစ်ခြင်းခံတဲ့နှစ်– ၁၉၅၂
ကိုယ်ရေးမှတ်တမ်းအကျဉ်း– မြေအောက်လူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်ခဲ့ဖူးတဲ့ ဒီညီအစ်ကိုဟာ နောက်ဆုံးမှာ ဌာနခွဲကော်မတီဝင် ဖြစ်လာတယ်။
တစ်ရက်မှာ ညီအစ်ကိုဆိုမင်ကို ထောက်လှမ်းရေးအရာရှိက နိုင်ငံတော်ရှေ့နေချုပ်ရုံးဆီ ဆင့်ခေါ်ပြီး
“မင်းက အင်ဒိုနီးရှားနိုင်ငံသား။ ဒီတော့ ငါ့ကို အမှန်အတိုင်းပြော။ ယေဟောဝါသက်သေတွေ အင်ဒိုနီးရှားမှာ ဘာလုပ်နေကြတာလဲ” လို့မေးတယ်။
ညီအစ်ကိုဆိုမင်က “ကျွန်တော့်အကြောင်း အရင်ပြောပြပါရစေ။ ကျွန်တော်ဟာ အရင်တုန်းက လူဆိုးဂိုဏ်းခေါင်းဆောင် တစ်ယောက်ပါ။ အခုတော့ လူတွေကို ကျမ်းစာသင်ပေးတဲ့သူ ဖြစ်နေပြီ။ ဒါက ယေဟောဝါသက်သေတွေ အင်ဒိုနီးရှားနိုင်ငံမှာ လုပ်နေတဲ့အရာပဲ။ ကျွန်တော့်လိုလူဆိုးတွေကို နိုင်ငံသားကောင်းဖြစ်လာအောင် သူတို့ကူညီပေးနေကြတာ” လို့ပြောလိုက်တယ်။
ထောက်လှမ်းရေးအရာရှိက “ယေဟောဝါသက်သေတွေနဲ့ ပတ်သက်ပြီး စွပ်စွဲချက်အမျိုးမျိုး ကြားဖူးတယ်။ ဒါပေမဲ့ ဒီဘာသာက မစ္စတာဆိုမင်ကို ပြောင်းလဲသွားစေတာဆိုတော့ ကောင်းတဲ့ဘာသာဖြစ်မှန်း ကျွန်တော်သိပြီ” ဆိုပြီး နောက်ပိုင်းမှာပြောတယ်။