ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb16 စာ. ၁၆-စာ. ၁၇ ပိုဒ်. ၄
  • နိုင်ငံတော်ခန်းမဆောက်လုပ်ရေးကို အရှိန်မြှင့်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နိုင်ငံတော်ခန်းမဆောက်လုပ်ရေးကို အရှိန်မြှင့်ခြင်း
  • ၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာချီ ဒီဇိုင်း/ဆောက်လုပ်ရေးဌာန
    ၂၀၁၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ယေဟောဝါကို ချီးမွမ်းဂုဏ်တင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်း
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
  • သင့်ရဲ့ အချိန်နဲ့ ခွန်အားကို လှူဒါန်းနိုင်မလား
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
  • ထူးခြားသောတိုးတက်မှုက တိုးချဲ့ဖို့အမြန်လိုအပ်လာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb16 စာ. ၁၆-စာ. ၁၇ ပိုဒ်. ၄
နိုင်ငံတော်ခန်းမအသစ် ဆောက်နေတဲ့ ယေဟောဝါသက်သေတွေ

ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ

နိုင်ငံတော်ခန်းမဆောက်လုပ်ရေးကို အရှိန်မြှင့်ခြင်း

ယေဟောဝါက စစ်မှန်တဲ့ဝတ်ပြုရေးကို ကမ္ဘာတစ်ဝန်းမှာ အရှိန်မြှင့်ပေးနေတာ တွေ့ရလို့ ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာကောင်းလိုက်သလဲ။ (ဟေရှာ. ၆၀:၂၂) ဒါကြောင့်လည်း နိုင်ငံတော်ခန်းမတွေ ပိုလိုအပ်လာနေတယ်။ ကမ္ဘာတစ်ဝန်းမှာ အသစ်ဆောက်ဖို့ ဒါမှမဟုတ် အကြီးစားပြုပြင်ဖို့လိုနေတဲ့ နိုင်ငံတော်ခန်းမပေါင်း ၁၃,၀၀၀ ကျော်ရှိတယ်။

ဒီလုပ်ငန်းကို အကုန်အကျ သက်သက်သာသာနဲ့ အရှိန်မြှင့်တင်နိုင်ဖို့ အုပ်ချုပ်ရေးအဖွဲ့က ဆောက်လုပ်ရေးဌာနအသီးသီးမှာ ပြောင်းလဲမှုတွေ လုပ်ခဲ့တယ်။ ဘရွတ်ကလင်၊ နယူးယောက် ကမ္ဘာ့ဌာနချုပ်မှာ မကြာသေးခင်ကဖွဲ့စည်းတဲ့ ကမ္ဘာချီ ဒီဇိုင်း/ဆောက်လုပ်ရေးဌာန (WDC) ဟာ ကမ္ဘာတစ်ဝန်းက ဆောက်လုပ်ရေးနဲ့ ပြုပြင်မွမ်းမံရေးစီမံကိန်းတွေထဲမှာ ဦးစားပေးရမယ့်အရာတွေကို သတ်မှတ်ပြီး မြန်မြန်ပြီးအောင် ကြိုးစားလုပ်ဆောင်နေတယ်။ ဩစတြေးလေးရှား၊ ဥရောပအလယ်ပိုင်း၊ တောင်အာဖရိကနဲ့ အမေရိကန်နိုင်ငံဌာနခွဲတွေမှာရှိတဲ့ ဒေသကြီးဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေးဌာန (RDC) ဟာ သက်ဆိုင်ရာဒေသတွင်းရှိ စီမံကိန်းတွေကို ကြီးကြပ်ကွပ်ကဲပေးပြီး နိုင်ငံတော်ခန်းမဆောက်လုပ်ရေးလုပ်ငန်း မြန်မြန်ပြီးအောင်၊ အကုန်အကျသက်သာအောင် အလေးထားဆောင်ရွက်နေတယ်။ သက်ဆိုင်ရာဒေသကြီးအတွင်းမှာရှိတဲ့ ဌာနခွဲတွေကိုလည်း ကိုယ့်နယ်မြေမှာ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ အဆောက်အအုံတွေကို ပြုပြင်ထိန်းသိမ်းတတ်အောင် လေ့ကျင့်ပေးနေတယ်။ ဌာနခွဲတစ်ခုစီမှာရှိတဲ့ ဒေသခံ ဒီဇိုင်း/ဆောက်လုပ်ရေးဌာန (LDC) ကတော့ နိုင်ငံတော်ခန်းမနဲ့ စည်းဝေးပွဲခန်းမတွေ ဆောက်လုပ်၊ ပြုပြင်ထိန်းသိမ်းတာကို ကြီးကြပ်ပေးတယ်။

၂၀၁၅၊ ဇန်နဝါရီလမှာ အမေရိကန်နိုင်ငံက အကြီးအကဲအားလုံးဟာ စိတ်လှုပ်ရှားစရာ စည်းဝေးတစ်ခုကို တက်ရောက်ခဲ့ကြတယ်။ ဗီဒီယိုနဲ့တစ်ဆင့်ချိတ်ဆက်ထားတဲ့ ဒီအစည်းအဝေးမှာ နိုင်ငံတော်ခန်းမစီမံကိန်း၊ ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့ အစီအစဉ်သစ်ကို ရှင်းပြခဲ့တယ်။ အဲဒါတွေကတော့–

  • ဆောက်လုပ်ရေး– စံသတ်မှတ်ထားတဲ့ ဒီဇိုင်းတွေနဲ့ပစ္စည်းတွေဟာ ဒေသန္တရအခြေအနေနဲ့ ကိုက်ညီရမယ်။ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ဝေရေးကော်မတီ ပေးထားတဲ့ လမ်းညွှန်ချက်တွေအပေါ် အခြေခံရမယ်။ ပြုပြင်ထိန်းသိမ်းရလွယ်ပြီး ကြာရှည်ခံတဲ့ အဆောက်အအုံတွေ ဖြစ်ရမယ်။ တစ်ချိန်တည်းမှာ လှပပြီး အကုန်အကျသက်သာရမယ်။

  • ပြုပြင်ထိန်းသိမ်းရေး– ဝတ်ပြုရာနေရာတွေ ကြာရှည်ခံအောင် ဂရုစိုက် ပြုပြင်ထိန်းသိမ်းဖို့ အသင်းတော်တစ်ခုစီမှာရှိတဲ့ စေတနာ့ဝန်ထမ်းတွေကို လေ့ကျင့်ပေးရမယ်။

ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း အရွယ်အစားနဲ့ အတိုင်းအတာဟာ အင်မတန်ကြီးမားတာ မှန်ပါတယ်။ ဒါပေမဲ့ ဘုရားသခင့်လူမျိုးရဲ့ ပူးပေါင်းလုပ်ဆောင်မှုက အမှုဆောင်လုပ်ငန်းကို အရှိန်မြှင့်စေပြီး အလှူငွေတွေကို ပညာရှိရှိအသုံးပြုရာလည်းရောက်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ