ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၁၂၁
  • ဆေးလိပ်နဲ့ အီးစီးကရက်အကြောင်း သိထားသင့်ရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆေးလိပ်နဲ့ အီးစီးကရက်အကြောင်း သိထားသင့်ရာ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိသင့်ရာ
  • လုပ်ဆောင်နိုင်ရာ
  • ဆေးခြောက်ဆိုရင်ကော
  • ဆေးလိပ်သောက်တာနဲ့ပတ်သက်ပြီး ငါ ဘာတွေသိထားသင့်သလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • ဆန္ဒတွေကို ထိန်းချုပ်ပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
  • ဆေးလိပ်သောက်တာကို ဘုရား လက်ခံသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • မူးယစ်ဆေးဝါးကို အဘယ်ကြောင့် ငြင်းပယ်သင့်သနည်း
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၁၂၁
စီးကရက်နဲ့ အီးစီးကရက်တွေ၊ ဆေးလိပ်ငွေ့တွေကို ကြည့်ပြီး မိန်းမလေးတစ်ယောက် စိတ်မသာမယာဖြစ်နေ။

လူငယ်များအမေး

ဆေးလိပ်နဲ့ အီးစီးကရက်အကြောင်း သိထားသင့်ရာ

“ကျွန်မနေတဲ့ဒေသမှာ အသက် ၂၅ နှစ်အောက် လူငယ်တိုင်းနီးပါး ဆေးလိပ်၊ အီးစီးကရက် သောက်ဖူးကြတယ်။”—ဂျူလီယာ။

ဒီဆောင်းပါးမှာ

  • သိသင့်ရာ

  • လုပ်ဆောင်နိုင်ရာ

  • ဆေးခြောက်ဆိုရင်ကော

  • ရွယ်တူချင်းတွေ ပြောဆိုရာ

သိသင့်ရာ

  • စီးကရက်သောက်ခြင်းက သေစေနိုင်။ စီးကရက်မှာ အဓိကပါဝင်တဲ့ နီကိုတင်းဓာတ်ဟာ အဆိပ်အတောက်ဖြစ်ပြီး အင်မတန် စွဲစေနိုင်တယ်။ “ကမ္ဘာတစ်ဝန်းမှာ ဆေးလိပ်ကြောင့် လူတွေ ရောဂါရပြီး အသေစောနေတာ” လို့ အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာက ဆိုတယ်။

    “ကျွန်မအလုပ်က အာထရာဆောင်း ရိုက်ရတာဆိုတော့ ဆေးလိပ်ကြောင့် လူနာတွေ ဘယ်လောက်ထိခိုက်သလဲဆိုတာ ကောင်းကောင်းသိတယ်။ ဆေးလိပ်သောက်ခဲ့သူတွေရဲ့ သွေးကြောမှာဆို ချေးတွေ အများကြီးကပ်နေတာ လန့်စရာပဲ။ ကျွန်မရဲ့ကိုယ်ခန္ဓာကို တန်ဖိုးထားလွန်းလို့ ဆေးလိပ်ကို စမ်းတောင် မစမ်းဘူး။”—ထရီဇာ။

    သင်သိပါသလား။ စီးကရက်မှာ ဓာတုပစ္စည်းအမျိုးပေါင်း ၇,၀၀၀ နီးပါး ပါဝင်ပြီး အများစုဟာ အဆိပ်တွေပါ။ နှစ်စဉ်၊ ဆေးရွက်ကြီးကြောင့် လူသန်းပေါင်းများစွာ ရောဂါရ သေဆုံးနေတယ်။

  • အီးစီးကရက် သောက်ခြင်းက ခန္ဓာကိုယ်ကို အဆိပ်သင့်စေနိုင်။ အီးစီးကရက်သောက်တာက အဆုတ်ကို ထိခိုက်စေပြီး သေစေနိုင်တယ်။ ရိုးရိုးစီးကရက်တွေမှာလိုပဲ အီးစီးကရက်တော်တော်များများမှာလည်း လူကို စွဲစေတဲ့ နီကိုတင်းဓာတ် ပါဝင်တယ်။ ဒါကြောင့် အီးစီးကရက်သောက်တဲ့ “လူငယ်တွေအနေနဲ့ တခြားမူးယစ်ဆေးတွေပါ စွဲသွားနိုင်တယ်” လို့ အီးစီးကရက်အကြောင်း သိကောင်းစရာစာစောင်က ဆိုတယ်။

    “အီးစီကရက်ကို ကလေးတွေ၊ ဆယ်ကျော်သက်တွေ အကြိုက် အနံ့အရသာအမျိုးမျိုးနဲ့ ထုတ်ထားကြတာ။ ချိုချိုမွှေးမွှေးလေးဆိုတော့ အန္တရာယ်မရှိဘူး ထင်ရတာပေါ့။”—မာရန်ဒါ။

    သင်သိပါသလား။ အီးစီးကရက်က ထွက်လာတဲ့အငွေ့ဟာ ရေလောက်ပဲ မဟုတ်ဘူး။ အဲဒီအငွေ့ထဲမှာပါတဲ့ အန္တရာယ်ရှိ အမှုန်တွေ၊ အဆိပ်ပြင်း ဓာတုပစ္စည်းတွေက သင့်အဆုတ်ထဲ ရောက်သွားနိုင်တယ်။

အီးစီးကရက်သောက်နေတဲ့ မိန်းမငယ်ရဲ့ ပုံရိပ်။ အန္တရာယ်ရှိတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ၁။ ဦးနှောက်။ ၂။ ပါးစပ်။ ၃။ အဆုတ်၊ နှလုံးနဲ့ ဝမ်းဗိုက်။

ဆေးလိပ်၊ အီးစီကရက်သောက်ခြင်းရဲ့ ဆိုးကျိုးတွေ

  1. (၁) အထူးသဖြင့် ဦးနှောက်ဖွံ့ဖြိုးနေချိန်အတွင်း သင်ယူနိုင်စွမ်း၊ အာရုံစိုက်နိုင်စွမ်း ထိခိုက်ခြင်း၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်ခြင်း

  2. (၂) သွားဖုံးရောင်ခြင်း၊ သွားအခေါင်းပေါက် ဖြစ်ခြင်း

  3. (၃) နာတာရှည် အဆုတ်ရောင်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်း

    ပန်းနာရင်ကျပ်ကို ပိုဆိုးစေခြင်း

    ဗိုက်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်း

လုပ်ဆောင်နိုင်ရာ

  • အမှန်ကို သိအောင်လုပ်ပါ။ ကြားသမျှ မယုံပါနဲ့။ ဥပမာ၊ အီးစီးကရက်သောက်တာ အန္တရာယ်မရှိဘူး၊ ဖိစီးမှုတွေ ဖြေလျှော့ပေးတယ် ဆိုတာတွေပေါ့။ ကိုယ်တိုင် ရှာဖွေလေ့လာပါ။ အချက်အလက်မှန်တွေအပေါ် အခြေခံပြီး ပညာရှိရှိ ဆုံးဖြတ်ပါ။

    ကျမ်းစာအခြေခံမူ။ “ရိုးအတဲ့သူက ပြောသမျှ ယုံတတ်တယ်။ အမြော်အမြင်ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်။”—ပညာအလိမ္မာ ၁၄:၁၅။

    “ထင်ပေါ်ကျော်ကြားသူတွေ၊ ကိုယ့်ရွယ်တူတွေ ဆေးလိပ်၊ အီးစီးကရက်သောက်ပြီး ပျော်နေကြသလိုပဲ။ ဒါပေမဲ့ ဆိုးကျိုးတွေကို စဉ်းစားကြည့်လိုက်ရင် ပျော်စရာကောင်းတယ်လို့ ထင်တော့မှာ မဟုတ်ဘူး။”—အီဗန်။

    စဉ်းစားစရာ။ ဆေးလိပ်၊ အီးစီးကရက်သောက်တာက တကယ်ပဲ လူငယ်တွေကို ပိုပျော်စေသလား။ အခုကြုံနေရတဲ့၊ နောက်ကြုံရမယ့် ဖိစီးမှုတွေကို ခံနိုင်ဖို့ ကူညီပေးနေတာလား။ ဒါမှမဟုတ် ပြဿနာတွေ ပိုများလာအောင် အစပျိုးပေးနေတာလား။

  • စိုးရိမ်ပူပန်မှုကို ဖြေရှင်းပေးတဲ့ နည်းလမ်းကောင်းတွေ ရှာပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ စာဖတ်တာ၊ ကိုယ့်ကိုအားပေးတဲ့ မိတ်ဆွေတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းတာတွေဟာ စိုးရိမ်ပူပန်မှုကို လျှော့ချပေးတဲ့ နည်းလမ်းကောင်းတွေပါ။ အဲဒီနည်းလမ်းကောင်းတွေကိုသာ လုပ်နေရင် ဆေးလိပ်သောက်ချင်တယ်လို့တောင် ခံစားရတော့မှာ မဟုတ်ဘူး။

    ကျမ်းစာအခြေခံမူ။ “စိုးရိမ်ပူပန်မှုဟာ စိတ်ဓာတ်ကျစေတယ်။ ကောင်းတဲ့စကားကတော့ စိတ်အားတက်စေတယ်။”—ပညာအလိမ္မာ ၁၂:၂၅။

    “လူတွေက စိတ်ဖိစီးမှု ပြေပျောက်အောင်ဆိုပြီး ဆေးလိပ်၊ အီးစီးကရက် သောက်ကြတယ်။ ဖိစီးမှုတွေ ခဏတာ ပြေပျောက်သွားပေမဲ့ ဆိုကျိုးတွေကတော့ တစ်ဘဝစာဖြစ်သွားမှာ။ စိတ်ဖိစီးမှုကို ဖြေရှင်းဖို့ ပိုကောင်းတဲ့ နည်းလမ်းတွေ ရှိပါတယ်။”—အိန်ဂျလာ

    စဉ်းစားစရာ။ ဖိစီးမှုကို သင် ဘယ်လိုနည်းနဲ့ ထိထိရောက်ရောက် ဖြေရှင်းနိုင်သလဲ။ အကူအညီလိုအပ်ရင် “လူငယ်များအမေး” ထဲက “စိုးရိမ်ပူပန်စိတ်ကို ဘယ်လို ရင်ဆိုင်ဖြေရှင်းနိုင်မလဲ” ဆောင်းပါးကို ကြည့်ပါ။

မုန်တိုင်းထန်ချိန်မှာ လှေပေါ်ကနေ ပင်လယ်ထဲ ခုန်ချနေတဲ့ လူငယ်။

စိုးရိမ်စိတ်ကို ဖြေရှင်းဖို့ စွဲစေတဲ့အရာတွေကို အသုံးပြုတာက မိုးစက်မထိချင်လို့ ပင်လယ်ထဲ ခုန်ချတာနဲ့တူတယ်။ ပြဿနာပဲ ပိုတိုးလာမှာ။

  • ရွယ်တူချင်းဖိအားကို တွန်းလှန်ဖို့ အသင့်ရှိပါ။ ဖိအားက ကျောင်းနေဘက်တွေဆီကနေ လာနိုင်သလို ဖျော်ဖြေရေးကနေလည်း လာနိုင်တယ်။ ရုပ်ရှင်၊ တီဗီအစီအစဉ်၊ လူမှုမီဒီယာတွေက ဆေးလိပ်နဲ့ အီးစီးကရက်သောက်တာကို စတိုင်ကျတယ်၊ ပျော်စရာကောင်းတယ်လို့ ထင်အောင် တင်ဆက်လေ့ရှိတယ်။

    ကျမ်းစာအခြေခံမူ။ “ရင့်ကျက်သူတွေ . . . ဟာ ပိုင်းခြားသိမြင်နိုင်စွမ်းကို အမြဲအသုံးပြုပြီး အမှားအမှန် ခွဲခြားသိနိုင်အောင် လေ့ကျင့်ထားတယ်။”—ဟီဘရူး ၅:၁၄။

    “ကျောင်းတက်တုန်းက ဆေးလိပ်၊ အီးစီးကရက် မသောက်လို့ ကျွန်မကို ရွယ်တူတွေက လေးစားကြတယ်။ သူတို့ကို သေသေချာချာ ရှင်းပြထားတော့ ကိုယ့်ဘက်ကနေတောင် ကာကွယ်ပြောဆိုပေးကြတယ်။ ဒါကြောင့် ကိုယ့်ရပ်တည်ချက်ကို ပြောပြထားတာက အကာအကွယ် ဖြစ်စေနိုင်တယ်။”—အန်နာ။

    စဉ်းစားစရာ။ ရွယ်တူချင်းဖိအားကို သင် တွန်းလှန်နိုင်သလား။ ဘယ်လိုအခြေအနေတွေမှာ တွန်းလှန်နိုင်ခဲ့သလဲ။ အကူအညီလိုအပ်ရင် “မိသားစုအတွက် အကူအညီ” ဆောင်းပါးတွဲထဲက “ရွယ်တူချင်း ဖိအားကို တွန်းလှန်နိုင်ပုံ” ဆောင်းပါးကို ကြည့်ပါ။

  • သူငယ်ချင်းတွေကို ဂရုတစိုက် ရွေးချယ်ပါ။ ကိုယ့်လို အမြင်မျိုးရှိတဲ့ သူငယ်ချင်းတွေနဲ့ပေါင်းရင် ဆေးလိပ်၊ အီးစီးကရက်သောက်ဖို့ သွေးဆောင်ခံရနိုင်ခြေ နည်းသွားမယ်။

    ကျမ်းစာအခြေခံမူ။ “ဉာဏ်ပညာရှိသူနဲ့ ပေါင်းဖော်ရင် ဉာဏ်ပညာရှိလာမယ်။ လူမိုက်နဲ့ ပေါင်းဖော်ရင်တော့ ဒုက္ခလှလှ တွေ့လိမ့်မယ်။”—ပညာအလိမ္မာ ၁၃:၂၀။

    “ချုပ်တည်းနိုင်စွမ်းရှိတဲ့၊ ခိုင်မာပြတ်သားတဲ့ သူငယ်ချင်းတွေရှိတာ ကောင်းတယ်။ သူတို့ဘဝ ကောင်းစားနေတာကိုမြင်ပြီး ကိုယ်လည်း သူတို့လို ဖြစ်ချင်လာမှာ။”—ကယ်လ်ဗင်။

    စဉ်းစားစရာ။ အခင်ဆုံးသူငယ်ချင်းတွေက ကိုယ့်ကို ကျန်းမာသန့်ရှင်းတဲ့ ဘဝပုံစံအတိုင်းနေဖို့ အားပေးသလား၊ အခက်တွေ့စေသလား။

ဆေးခြောက်ဆိုရင်ကော

ဆေးခြောက်က အန္တရာယ်မရှိပါဘူးလို့ လူတွေ ပြောကြတယ်။ ဒါ မမှန်ပါဘူး။

  • ဆေးခြောက်သုံးတဲ့ လူငယ်တွေဟာ စွဲသွားကြတယ်။ ဆေးခြောက်သုံးတာက ဦးနှောက်ကို ရေရှည်ထိခိုက်စေပြီး ဉာဏ်ရည် ကျဆင်းစေတယ်လို့ လေ့လာမှုတွေက ဖော်ပြတယ်။

  • အမေရိကန်ပြည်ထောင်စု၊ ဆေးဝါးတလွဲအသုံးပြုခြင်းနဲ့ စိတ်ကျန်းမာရေး ဝန်ဆောင်မှုဌာန အဆိုအရ “ဆေးခြောက်သုံးစွဲသူတွေမှာ လူမှုဆက်ဆံရေး၊ ပညာရေး၊ အလုပ်အကိုင်ပြဿနာတွေ ရှိတဲ့အပြင် ဘဝတိုးတက်အောင်မြင်မှုရဖို့၊ ကျေနပ်မှုရဖို့လည်း နည်းပါးတယ်။”

    “စိုးရိမ်မှု လျော့သွားအောင်ဆိုပြီး ဆေးခြောက်စမ်းသောက်ကြည့်ချင်ပေမဲ့ စွဲသွားနိုင်တာ၊ ပိုက်ဆံကုန်မှာ၊ ကျန်းမာရေးထိခိုက်မှာကို တွေးပြီး စိုးရိမ်စရာတွေ ပိုတိုးလာရုံပဲရှိမယ်ဆိုတာ သဘောပေါက်သွားတယ်။”—ဂျုဒ။

ရွယ်တူချင်းတွေ ပြောဆိုရာ

  • အိုလီဗီယာ။

    “မိဘတွေက ကျွန်မကို ငယ်ငယ်လေးကတည်းက လေ့ကျင့်ပေးကြတယ်။ သူငယ်ချင်းတွေက မကောင်းတာလုပ်ဖို့ ဖိအားပေးလာရင် ဘယ်လို တွန်းလှန်ရမလဲဆိုတာ သင်ပြပေးတယ်။ ဒါကြောင့် တကယ်တမ်းကြုံလာတဲ့အခါ အသင့်ဖြစ်နေတယ်။ ကိုယ့်ခံယူချက်အတိုင်း ရပ်တည်နိုင်လို့ ကျေနပ်မိတယ်။”—အိုလီဗီယာ။

  • မက်သရူး။

    “နှစ်တိုင်း ဆေးလိပ်သောက်လို့ လူသန်းနဲ့ချီ သေနေကြတာ။ စတိုင်ကျလို့၊ ရေပန်းစားလို့ဆိုပြီး လိုက်လုပ်တဲ့အရာတစ်ခုအတွက်နဲ့တော့ အသက်မဆုံးရှုံးချင်ဘူး။”—မက်သရူး

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ