ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၈၉
  • အမျိုးသမီးတွေရဲ့ လုံခြုံရေး—ကျမ်းစာရှုထောင့်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမျိုးသမီးတွေရဲ့ လုံခြုံရေး—ကျမ်းစာရှုထောင့်
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမျိုးသမီးတွေကို ဘုရားသခင် ဘယ်လိုရှုမြင်သလဲ
  • စိတ်ပိုင်း ပြန်ကုစားနိုင်ဖို့ ဘာလုပ်နိုင်သလဲ
  • အမျိုးသမီးတွေ မတရားဆက်ဆံခံနေရတာကို ဘုရားသခင် အဆုံးတိုင်စေမှာလား
  • အမျိုးသမီးများအား အကြမ်းဖက်မှု—ကမ္ဘာချီ ပြဿနာတစ်ရပ်
    နိုးလော့!—၂၀၀၈
  • အမျိုးသမီးများအတွက် အဘယ်အနာဂတ်ရှိသနည်း
    နိုးလော့!—၁၉၉၉
  • အမျိုးသမီးတွေကို ဂုဏ်တင်ထိုက်တယ်လို့ ဘုရားသခင်ရှုမြင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • “သခင်ဘုရား၏အမှုတော်၌ ကြိုးစားသောအမျိုးသမီးများ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၈၉
အသက်အရွယ်၊ လူမျိုးပေါင်းစုံက အမျိုးသမီးတွေ။

အမျိုးသမီးတွေရဲ့ လုံခြုံရေး—ကျမ်းစာရှုထောင့်

ကမ္ဘာတစ်ဝန်းမှာ အမျိုးသမီးတွေ၊ မိန်းကလေးတွေ မတော်မတရား ဆက်ဆံခံနေရတယ်။ သင်လည်း အဲဒီထဲက တစ်ယောက်လား။ အမျိုးသမီးတွေရဲ့ လုံခြုံရေးကို ဘုရားသခင် ဘာကြောင့် အလေးထားသလဲ၊ အမျိုးသမီးတွေ မတရားဆက်ဆံခံနေရတာကို ဘယ်လို ဖြေရှင်းပေးမလဲ။ လေ့လာကြည့်ပါ။

“ကျွန်မ ကလေးဘဝတုန်းက အစ်ကိုက စကားနဲ့ရော၊ ကိုယ်ထိလက် ရောက်ရော အနိုင်ကျင့်တာ နေ့တိုင်းပဲ။ အိမ်ထောင်ကျသွားတော့လည်း ယောက္ခမနဲ့ ယောက္ခထီးက အနိုင်ကျင့်ပြန်တယ်။ ကျွန်တစ်ယောက်လို ဆက်ဆံတာ။ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ အကြိမ်ကြိမ် တွေးမိတယ်။” —မာဒူ၊a အိန္ဒိယ။

“အမျိုးသမီးတွေ အကြမ်းဖက်ခံရတဲ့ကိစ္စဟာ ကမ္ဘာတစ်ဝန်း ပျံ့နှံ့နေတယ်၊” အမျိုးသမီးသုံးဦးမှာ တစ်ဦးလောက်က ကိုယ်ထိလက်ရောက် ဒါမှမဟုတ် လိင်ဆိုင်ရာ အကြမ်းဖက်တာကို တစ်ချိန်မဟုတ်တစ်ချိန် ကြုံရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုတယ်။

သင်လည်း အဲဒီလိုကြုံဖူးတယ်ဆိုရင် ဘယ်သွားသွား စိတ်မလုံမခြုံ ဖြစ်နေမှာပဲ။ စကားနဲ့ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ စော်ကားတာ၊ လိင်ဆိုင်ရာ အကြမ်းဖက်တာ ကြုံရမလားဆိုပြီး တွေးပူမိနိုင်တယ်။ လူတွေက ‘အမျိုးသမီးတွေဆို အထင်သေးကြတယ်’ ဆိုပြီး ခံစားမိနိုင်တယ်။ ဘုရားသခင်ကော အမျိုးသမီးတွေကို အလေးထားသလား။

အမျိုးသမီးတစ်ယောက် ကျမ်းစာဖတ်နေ။

အမျိုးသမီးတွေရဲ့ လုံခြုံရေးကို ဘုရားသခင်အလေးထားကြောင်း ကျမ်းစာဆိုတယ်

အမျိုးသမီးတစ်ယောက် ကျမ်းစာဖတ်နေ။

အမျိုးသမီးတွေကို ဘုရားသခင် ဘယ်လိုရှုမြင်သလဲ

ကျမ်းချက်။ “ဘုရားသခင့် ပုံသဏ္ဌာန်အတိုင်း ယောက်ျားနဲ့မိန်းမကို ဖန်ဆင်းတယ်။”—ကမ္ဘာဦး ၁:၂၇။

အဓိပ္ပာယ်။ ဘုရားသခင်က ယောကျ်ားနဲ့မိန်းမကို ဖန်ဆင်းခဲ့တယ်။ နှစ်ယောက်စလုံးကို လေးစားခံထိုက်သူတွေလို့ ရှုမြင်တယ်။ ခင်ပွန်းသည်တွေကိုလည်း “ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်” စေချင်တယ်။ ဇနီးကို ကြမ်းကြမ်းတမ်းတမ်း ပြုမူပြောဆိုတာမျိုး မလုပ်စေချင်ဘူး။ (ဧဖက် ၅:၃၃။ ကောလောသဲ ၃:၁၉) အမျိုးသမီးတွေရဲ့ လုံခြုံရေးကို ဘုရား အလေးထားတယ်ဆိုတာ ရှင်းနေပါတယ်။

“ကလေးဘဝမှာ ဆွေမျိုးတွေရဲ့ လိင်ဆိုင်ရာမတော်မတရား ပြုကျင့်တာ ခံခဲ့ရတယ်။ အသက် ၁၇ နှစ်မှာ အလုပ်ရှင်က သူနဲ့ မအိပ်ရင် အလုပ်ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ ခင်ပွန်း၊ မိဘနဲ့ အိမ်နီးချင်းတွေကလည်း မလေးစားကြဘူး။ နောက်ဆုံး ဖန်ဆင်းရှင် ယေဟောဝါအကြောင်း သိလာတယ်။b ဘုရားက အမျိုးသမီးတွေကို လေးစားတယ်ဆိုတာ သိလာတော့ ကျွန်မကို ဘုရားချစ်ပါလား၊ ဘုရားအတွက် ကျွန်မဟာ တန်ဖိုးရှိပါလား ဆိုတာ စိတ်ချသွားတယ်။”—မာရီယာ၊ အာဂျင်တီးနား။

အမျိုးသမီးတစ်ယောက် ကျမ်းစာဖတ်နေ။

စိတ်ပိုင်း ပြန်ကုစားနိုင်ဖို့ ဘာလုပ်နိုင်သလဲ

ကျမ်းချက်။ “ညီအစ်ကိုထက် တွယ်တာတဲ့ မိတ်ဆွေလည်း ရှိတယ်။” —ပညာအလိမ္မာ ၁၈:၂၄။

အဓိပ္ပာယ်။ မိတ်ဆွေစစ်ဆိုတာ ကိုယ့်ကို ဖေးမပေးမယ့်သူပဲ။ ဖြစ်နိုင်မယ်ဆိုရင် ယုံကြည်ရတဲ့သူတစ်ယောက်ကို ရင်ဖွင့်ကြည့်ပါ။

“ကလေးဘဝတုန်းက လိင်ဆိုင်ရာ မတော်မတရား ပြုကျင့်ခံခဲ့ရတယ်။ အနှစ် ၂၀ ကြာတဲ့အထိ ဘယ်သူ့ကိုမှ မပြောပြဘဲ တစ်ယောက်တည်း ကြိတ်ခံစားခဲ့ရလို့ စိုးရိမ်ပူပန်၊ စိတ်ဓာတ်ကျပြီး မပျော်မရွှင်ဖြစ်လာတယ်။ နောက်ဆုံး နားလည်ပေးတဲ့သူတစ်ယောက်ကို ရင်ဖွင့်လိုက်မှပဲ ရင်ထဲ ပေါ့သွားတယ်။”—အီလစ်၊ တူရကီ။

ကျမ်းချက်။ ‘စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ။’—၁ ပေတရု ၅:၇။

အဓိပ္ပာယ်။ ဘုရားသခင်က သင့်ဆုတောင်းစကားတွေကို နားထောင်ပေးတယ်။ (ဆာလံ ၅၅:၂၂၊ ၆၅:၂) သင်ဟာ သိပ်တန်ဖိုးရှိတဲ့သူတစ်ယောက်ဆိုတာ နားလည်လာအောင် ကူညီပေးနိုင်တယ်။ သင့်ကို ဂရုစိုက်တဲ့အရှင်ဖြစ်နေလို့ပါ။

“စိတ်ဒဏ်ရာ အကြီးအကျယ်ရခဲ့ပေမဲ့ ယေဟောဝါဘုရားအကြောင်း သိလာတဲ့ အခါ ဒဏ်ရာ တဖြည်းဖြည်းသက်သာလာတယ်။ ဘုရားသခင်က ကျွန်မရဲ့ ခံစားချက်တွေကို ကောင်းကောင်းနားလည်ပေးတဲ့ မိတ်ဆွေပါ။ အခုဆိုရင် ရင်ထဲရှိသမျှ ဆုတောင်းပြောပြနိုင်ပြီ။”—အန်နာ၊ ဘလိဇ်။

အမျိုးသမီးတစ်ယောက် အထက်ကို မျှော်ကြည့်နေ။

အမျိုးသမီးတွေ မတရားဆက်ဆံခံနေရတာကို ဘုရားသခင် အဆုံးတိုင်စေမှာလား

ကျမ်းချက်။ ‘ယေဟောဝါက မိဘမဲ့ကလေးတွေနဲ့ ဖိနှိပ်ခံရသူတွေအတွက် တရားမျှတစွာ စီရင်ပေးလိမ့်မယ်။ ဒါကြောင့် သေမျိုးဖြစ်တဲ့လူဟာ သူတို့ကို ခြောက်လှန့်နိုင်တော့မှာ မဟုတ်ဘူး။’—ဆာလံ ၁၀:၁၇၊ ၁၈။

အဓိပ္ပာယ်။ အမျိုးသမီးတွေကို အကြမ်းဖက်နှိပ်စက်တာအပါအဝင် မတရားမှုမှန်သမျှကို ဘုရားသခင် မကြာခင် အဆုံးတိုင်စေပါတော့မယ်။

“အမျိုးသမီးတွေ၊ မိန်းကလေးတွေ နှိပ်စက်ခံရတဲ့အဖြစ်ကို ယေဟောဝါဘုရား မကြာခင် ပပျောက်စေမယ်ဆိုတာ သိလိုက်ရတဲ့အခါ စိတ်အေးသွားတယ်။” —ရာဘာတို၊ မက္ကဆီကို။

ကျမ်းစာမျှော်လင့်ချက်အကြောင်း သိအောင်၊ ကျမ်းစာကတိတွေကို ယုံကြည်နိုင်အောင် ယေဟောဝါသက်သေတွေ ကူညီပေးနေပါတယ်။ ထပ်သိချင်ရင် သင့်ဆီ လာရောက်လည်ပတ်ပေးဖို့ တောင်းဆိုပါ။

ဒီဆောင်းပါးကို ပရင့်ထုတ်ဖို့ ကူးယူပါ

a အမည်လွှဲများ

b ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ကိုယ်ပိုင်နာမည်ဖြစ်တယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ