ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwfq ဆောင်းပါး ၆၂
  • ယေဟောဝါသက်သေတွေရဲ့ မင်္ဂလာပွဲက ဘယ်လိုမျိုးပါလိမ့်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသက်သေတွေရဲ့ မင်္ဂလာပွဲက ဘယ်လိုမျိုးပါလိမ့်
  • ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မင်္ဂလာပွဲ ကျင်းပပုံ
  • မင်္ဂလာပွဲကို ဘယ်မှာ ကျင်းပကြသလဲ
  • ဘယ်သူတွေ တက်ရောက်နိုင်သလဲ
  • ပွဲတက်ဝတ်စုံ သတ်မှတ်ထားသလား
  • လက်ဖွဲ့ ပေးကြသလား
  • ခွက်မြှောက်ပြီး ဆုမွန်ကောင်းတောင်းတာ လုပ်ကြသလား
  • ဆန်တွေ၊ ပန်းတွေ၊ ရောင်စုံစက္ကူတွေ ကြဲသလား
  • အစားအသောက်တွေ ကျွေးမွေးဧည့်ခံသလား
  • တေးဂီတ၊ အကအစီအစဉ်တွေ ရှိသလား
  • မင်္ဂလာနှစ်ပတ်လည်ပွဲ လုပ်ကြသလား
  • သင်၏ မင်္ဂလာဆောင်သောနေ့ကို ရွှင်လန်းဖွယ်ဖြစ်စေပြီး ဂုဏ်သိက္ခာတိုးပွားစေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဘုရားသခင်နှင့် လူတို့အမြင်တွင် အသရေရှိသောမင်္ဂလာပွဲများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ယေဟောဝါအား ဂုဏ်တင်သည့် ရွှင်လန်းဖွယ်မင်္ဂလာပွဲများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ယေဟောဝါကို ဂုဏ်တင်သည့် မင်္ဂလာပွဲများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
ijwfq ဆောင်းပါး ၆၂
သတို့သားနဲ့ သတို့သမီး လဟာပြင်မှာ လက်ထပ်နေစဉ်။ သတို့သားက လက်စွပ် စွပ်ပေးနေစဉ်။

ယေဟောဝါသက်သေတွေရဲ့ မင်္ဂလာပွဲက ဘယ်လိုမျိုးပါလိမ့်

ယေဟောဝါသက်သေတွေက မင်္ဂလာပွဲကို ရိုးရိုးရှင်းရှင်း၊ ဂုဏ်အသရေရှိရှိ ကျင်းပကြတယ်။ ကျမ်းစာကို အခြေခံတဲ့ ဟောပြောချက်တိုတစ်ခု ပါဝင်တယ်။ အဲဒီနောက် ကျွေးမွေးဧည့်ခံတဲ့ အစီအစဉ်လည်း ပါနိုင်တယ်။a ယေရှုလည်း အမှုဆောင်ချိန်အစောပိုင်းမှာ ကာနမြို့က မင်္ဂလာပွဲတစ်ခုကို တက်ခဲ့တယ်။—ယောဟန် ၂:၁-၁၁။

  • မင်္ဂလာပွဲ ကျင်းပပုံ

  • မင်္ဂလာပွဲကို ဘယ်မှာ ကျင်းပကြသလဲ

  • ဘယ်သူတွေ တက်ရောက်နိုင်သလဲ

  • ပွဲတက်ဝတ်စုံ သတ်မှတ်ထားသလား

  • လက်ဖွဲ့ ပေးကြသလား

  • ခွက်မြှောက်ပြီး ဆုမွန်ကောင်းတောင်းတာ လုပ်ကြသလား

  • ဆန်တွေ၊ ပန်းတွေ၊ ရောင်စုံစက္ကူတွေ ကြဲသလား

  • အစားအသောက်တွေ ကျွေးမွေးဧည့်ခံသလား

  • တေးဂီတ၊ အက အစီအစဉ်တွေ ရှိသလား

  • မင်္ဂလာနှစ်ပတ်လည်ပွဲ လုပ်ကြသလား

မင်္ဂလာပွဲ ကျင်းပပုံ

မင်္ဂလာပွဲရဲ့ အဓိက ကဏ္ဍကတော့ မိနစ် ၃၀ ကြာ ဟောပြောချက်တစ်ခုပါ။ ယေဟောဝါသက်သေ အမှုဆောင်တစ်ဦးက မောင်နှံစုံ ရွှေလက် မြဲမြဲတွဲနိုင်အောင် ကျမ်းစာ ကူညီနိုင်ပုံအကြောင်း အလေးပေးတဲ့ အားရှိစရာ ဟောပြောချက်ကို ဟောတယ်။—ဧဖက် ၅:၃၃။

နိုင်ငံများစွာမှာ အစိုးရအာဏာပိုင်တွေက ထိမ်းမြားမင်္ဂလာဆောင်ပေးဖို့ ယေဟောဝါသက်သေ အမှုဆောင်တွေကို တရားဝင် ခွင့်ပြုထားတယ်။ ဟောပြောချက် ပြီးဆုံးခါနီးမှာ မောင်နှံစုံက အပြန်အလှန် ကတိသစ္စာပြုကြတယ်။ လက်စွပ် လဲကြတယ်။ ပြီးတဲ့နောက် အမှုတော်ဆောင်က မောင်နှံစုံဟာ တရားဝင်အကြင်လင်မယား ဖြစ်သွားပြီလို့ ကြေညာတယ်။

တချို့နိုင်ငံမှာတော့ အစိုးရရုံးမှာ ဥပဒေအရ လက်ထပ်ရတယ်။ ဟောပြောချက် မတိုင်ခင်လေးမှာ မောင်နှံစုံက ရုံးတက် လက်မှတ်ထိုးတယ်။ တရားရုံးမှာ ကတိသစ္စာ မဆိုဖြစ်ရင် ဟောပြောချက် ပြီးခါနီးမှာ ကတိသစ္စာ ဆိုကြတယ်။ ကတိသစ္စာ ဆိုပြီးသွားရင်လည်း အတိတ်ကာလပြပုဒ် သုံးပြီး ကတိသစ္စာ ပြန်ဆိုနိုင်တယ်။ ဟောပြောချက်အဆုံးမှာ ကြင်စဦးမောင်နှံကို ဘုရားသခင် ကောင်းချီးပေးပါစေလို့ ဆုတောင်းပေးတယ်။

မင်္ဂလာပွဲကို ဘယ်မှာ ကျင်းပကြသလဲ

သက်သေခံအများစုက မင်္ဂလာပွဲကို ဝတ်ပြုရာခန်းမမှာ ကျင်းပကြတယ်။b ကျွေးမွေးဧည့်ခံပွဲ ရှိရင်တော့ နောက်တစ်နေရာမှာ ဧည့်ခံကြတယ်။

သတို့သားနဲ့ သတို့သမီး ဝတ်ပြုရာခန်းမမှာ လက်ထပ်နေစဉ်။ ယေဟောဝါသက်သေ အမှုတော်ဆောင်က ကျမ်းစာအခြေခံတဲ့ မင်္ဂလာဟောပြောချက် ပေးနေစဉ်

ဘယ်သူတွေ တက်ရောက်နိုင်သလဲ

ဝတ်ပြုရာခန်းမမှာ ကျင်းပတဲ့ မင်္ဂလာပွဲကို သက်သေခံဖြစ်စေ၊ သက်သေခံ မဟုတ်သူဖြစ်စေ ဘယ်သူမဆို တက်ရောက်နိုင်ပါတယ်။ ဧည့်ခံပွဲ ရှိရင် ဘယ်သူ့ကို ဖိတ်မလဲဆိုတာ မောင်နှံစုံက ရွေးချယ်နိုင်တယ်။

ပွဲတက်ဝတ်စုံ သတ်မှတ်ထားသလား

ဝတ်ပြုရာခန်းမမှာ ကျင်းပတဲ့ မင်္ဂလာပွဲတက်ဖို့ ဝတ်စုံ သတ်မှတ်ချက် မရှိပေမဲ့ ယေဟောဝါသက်သေတွေဟာ ကျမ်းစာ အခြေခံမူတွေနဲ့အညီ ရိုးရိုးယဉ်ယဉ်၊ ဣန္ဒြေရှိရှိ ဝတ်ဆင်ကြတယ်။ တခြားသူတွေကိုလည်း အဲဒီအတိုင်း လိုက်နာစေချင်ကြတယ်။ (၁ တိမောသေ ၂:၉) မင်္ဂလာမောင်နှံက ဝတ်စုံ ရွေးထားပေးတာ မဟုတ်ရင် ဧည်ခံပွဲမှာလည်း အလားတူ ဝတ်ဆင်ကြတယ်။

လက်ဖွဲ့ ပေးကြသလား

ရက်ရက်ရောရော ပေးပါလို့ ကျမ်းစာမှာ အားပေးထားတယ်။ (ဆာလံ ၃၇:၂၁) ဒါကြောင့် ယေဟောဝါသက်သေတွေမှာ လက်ဖွဲ့ပေးတာ၊ လက်ဖွဲ့လက်ခံတာတွေ ရှိပါတယ်။ (လုကာ ၆:၃၈) ဒါပေမဲ့ လက်ဖွဲ့တောင်းတာ၊ လက်ဖွဲ့ပေးသူအမည် ကြေညာတာတွေ မလုပ်ကြဘူး။ (မဿဲ ၆:၃၊ ၄။ ၂ ကောရိန္သု ၉:၇။ ၁ ပေတရု ၃:၈) ဒီဓလေ့တွေက ကျမ်းစာနဲ့ မကိုက်ညီသလို မင်္ဂလာပွဲလာ ဧည့်သည့်တွေကို စိတ်ကသိကအောင့် ဖြစ်စေလို့ပါပဲ။

ခွက်မြှောက်ပြီး ဆုမွန်ကောင်းတောင်းတာ လုပ်ကြသလား

မလုပ်ပါဘူး။ ဒီဓလေ့က မှားယွင်းတဲ့ ဘာသာကနေ အရင်းခံတဲ့အတွက် ယေဟောဝါသက်သေတွေ မလုပ်ကြဘူး။c မောင်နှံစုံ ပျော်ရွှင်ပါစေကြောင်း တခြားနည်းလမ်းတွေနဲ့ ဆန္ဒပြုကြတယ်။ ဒါပေမဲ့ ခွက်မြှောက်ပြီး ဆုမွန်ကောင်း တောင်းတာတွေ မလုပ်ပါဘူး။

ဆန်တွေ၊ ပန်းတွေ၊ ရောင်စုံစက္ကူတွေ ကြဲသလား

မကြဲပါဘူး။ တချို့ဒေသမှာ ကြင်စဦးမောင်နှံ ခေါင်းပေါ် ဆန်တွေ၊ ပန်းတွေ၊ ရောင်စုံစက္ကူတွေ ကြဲလေ့ရှိတယ်။ ကံကောင်းစေတယ်၊ အသက်ရှည် ပျော်ရွှင်စေတယ်လို့ ယုံကြည်ကြတယ်။ အယူသီးခြင်းနဲ့ ဆက်နွှယ်တဲ့အတွက် ဒီဓလေ့ကို ယေဟောဝါသက်သေတွေ ရှောင်ကြတယ်။ ကံကောင်းအောင် ဆုတောင်းပေးတာတွေ မလုပ်ကြဘူး။ ကျမ်းစာနဲ့ မကိုက်ညီလို့ပဲ။—ဟေရှာယ ၆၅:၁၁။

အစားအသောက်တွေ ကျွေးမွေးဧည့်ခံသလား

ဝတ်ပြုရာခန်းမမှာ မင်္ဂလာပွဲ လုပ်တဲ့အခါ အစားအသောက်တွေ ကျွေးမွေးဧည့်ခံတာ မရှိဘူး။ ဒါပေမဲ့ ဧည့်ခံပွဲ သီးသန့်လုပ်ပြီး ထမင်းကျွေးတာ၊ အဆာပြေကျွေးတာတွေ စီစဉ်ကြတယ်။ (ဒေသနာ ၉:၇) အရက်တည်ခင်းရင် တော်သင့်ရုံ ပမာဏပဲ တည်ခင်းတယ်။ အရက်သောက်ဖို့ အသက်ပြည့်သူတွေအတွက်ပဲ စီစဉ်ကြတယ်။—လုကာ ၂၁:၃၄။ ရောမ ၁၃:၁၊ ၁၃။

တေးဂီတ၊ အကအစီအစဉ်တွေ ရှိသလား

ဧည့်ခံပွဲ ရှိရင် တေးဂီတ၊ အကအစီအစဉ်တွေ ထည့်နိုင်တယ်။ (ဒေသနာ ၃:၄) သီချင်းရွေးတဲ့အခါ သူ့အကြိုက် ကိုယ့်အကြိုက် မတူတာ၊ ယဉ်ကျေးမှု မတူတာတွေ ရှိပေမဲ့ ဂရုတစိုက် ရွေးချယ်ကြတယ်။ ဝတ်ပြုရာခန်းမမှာ ကျင်းပတဲ့ မင်္ဂလာပွဲမှာ ကျမ်းစာကို အခြေခံထားတဲ့ တေးသီချင်းတွေပဲ ဖွင့်လေ့ရှိတယ်။

သတို့သားနဲ့ သတို့သမီး မိတ်ဆွေတွေနဲ့အတူ ဧည့်ခံပွဲမှာ ကနေစဉ်

မင်္ဂလာနှစ်ပတ်လည်ပွဲ လုပ်ကြသလား

မင်္ဂလာနှစ်ပတ်လည်ပွဲ လုပ်ဖို့ အားပေးထားတဲ့ ဒါမှမဟုတ် တားမြစ်ထားတဲ့ ကျမ်းစာအခြေခံမူတွေ မရှိပါဘူး။ ဒါကြောင့် နှစ်ပတ်လည်ပွဲ လုပ်မယ်/မလုပ်ဘူးဆိုတာ သက်သေခံမောင်နှံရဲ့ သဘောပဲ။ နှစ်ယောက်တည်း သီးသန့်ဖြစ်စေ၊ မိသားစု၊ မိတ်ဆွေတွေနဲ့ဖြစ်စေ ပွဲလုပ်ကြတယ်။

a ရိုးရာဓလေ့၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေတောင်းဆိုချက်တွေက ဒေသအလိုက် ကွာခြားနိုင်တယ်။

b ဟောပြောချက်ပေးတဲ့ အမှုဆောင်သူက အခကြေးငွေ မယူဘူး။ ဝတ်ပြုရာခန်းမ အသုံးပြုခလည်း ပေးစရာ မလိုပါဘူး။

c မှားယွင်းတဲ့ ဘာသာကနေ အရင်းခံတဲ့ ဒီဓလေ့အကြောင်း ပိုသိချင်ရင် ၂၀၀၇၊ ဖေဖော်ဝါရီ ၁၅ ရက်ထုတ် ကင်းမျှော်စင် “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ