ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwfq ဆောင်းပါး ၆၃
  • ကာကွယ်ဆေးထိုးတာကို ယေဟောဝါသက်သေတွေ လက်ခံသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကာကွယ်ဆေးထိုးတာကို ယေဟောဝါသက်သေတွေ လက်ခံသလား
  • ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါသက်သေတွေ ဆေးဝါးကုသမှု ခံယူကြသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • သင်ရွေးချယ်သော ဆေးဝါးကုသနည်း—ယင်းသည် အရေးကြီးသလော
    နိုးလော့!—၂၀၀၂
  • ဆေးကုသမှုကို သင်တို့ လက်ခံသလား
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • အရေးပေါ်ဆေးကုသမှုအတွက် အခုကတည်းက ကြိုတင်ပြင်ဆင်ပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
နောက်ထပ် ကြည့်ပါ
ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
ijwfq ဆောင်းပါး ၆၃
ဆေးထိုးအပ်နဲ့ ကာကွယ်ဆေးပုလင်းအပါအဝင် ကာကွယ်ဆေးထိုးပစ္စည်းများ။

ကာကွယ်ဆေးထိုးတာကို ယေဟောဝါသက်သေတွေ လက်ခံသလား

လက်ခံပါတယ်။ ကာကွယ်ဆေးထိုးတာကို ယေဟောဝါသက်သေတွေ မကန့်ကွက်ပါဘူး။ ခရစ်ယာန်တစ်ဦးချင်းစီက ကာကွယ်ဆေးထိုးမယ်၊ မထိုးဘူးဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ရမယ်လို့ ကျွန်တော်တို့ ရှုမြင်ပါတယ်။ ယေဟောဝါသက်သေ အတော်များများ ကာကွယ်ဆေးထိုးဖို့ ဆုံးဖြတ်ကြတယ်။

ကျွန်တော်တို့က အရည်အသွေးပြည့်မီတဲ့ ဆေးကုသမှုကို ခံယူချင်ပါတယ်။ ရောဂါဆိုး ခံစားနေသူတွေ ဝေဒနာသက်သာစေဖို့ ဆေးသိပ္ပံဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေကို တန်ဖိုးထားတယ်။ အထူးသဖြင့် ကပ်ရောဂါကာလမှာ ဆေးပညာရှင်ကြီးတွေရဲ့ ကြိုးစားလုပ်ဆောင်မှုမှန်သမျှအတွက် ကျေးဇူးတင်တယ်။

ယေဟောဝါသက်သေတွေက ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပါတယ်။ ဥပမာ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ချိန်ကစပြီး ယေဟောဝါသက်သေတွေက ဒီဝက်ဘ်ဆိုက်ကနေ သတိပေးချက်တွေ ဘာသာစကားအများကြီးနဲ့ ဆက်တိုက် တင်ပေးထားတယ်။ ကိုယ့်ဒေသမှာ ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်တွေကို လိုက်နာဖို့ အားပေးတယ်။ ခွာနေရမယ့် အကွာအဝေး၊ လူစုလူဝေး သတ်မှတ်ချက်၊ လူနာကို သီးသန့်ထားခြင်း၊ လက်ဆေးခြင်းနဲ့ဆိုင်တဲ့ စည်းကမ်းတွေ၊ အာဏာပိုင်တွေရဲ့ တောင်းဆိုချက်နဲ့ အကြံပြုချက်တွေကို လိုက်နာခြင်းရဲ့ အရေးပါမှုကိုလည်း တင်ထားပေးတယ်။—ရောမ ၁၃:၁၊ ၂။

ယေဟောဝါသက်သေတွေရဲ့ စာပေတွေမှာ အောက်ပါလမ်းညွှန်ချက်တွေကို ဆယ်စုနှစ် ချီပြီး အလေးပေး ဖော်ပြခဲ့တယ်-

  • ဆေးကုသမှုက ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြစ်တယ်။—ဂလာတိ ၆:၅။

    “[ဒီမဂ္ဂဇင်းမှာ] ဆေးဝါးတစ်မျိုးမျိုး ဒါမှမဟုတ် ဆေးကုသနည်းတစ်ခုခု ပိုကောင်းတယ်လို့ အကြံမပြုဘူး။ ဆေးဘက်ဆိုင်ရာ အကြံပြုချက်လည်း မပေးဘူး။ ကိုယ်တိုင်ဆုံးဖြတ်နိုင်ဖို့ အချက်အလက်တွေကို ဖော်ပြပေးရုံလောက်ပဲ ဖြစ်တယ်။”—နိုးလော့! ဖေဖော်ဝါရီ ၈၊ ၁၉၈၇ [အင်္ဂလိပ်]။

    “သင်တို့မိသားစု ကာကွယ်ဆေးထိုးသင့်သလား၊ မထိုးသင့်ဘူးလားဆိုတာက ကိုယ်တိုင်ဆုံးဖြတ်ရမှာ ဖြစ်တယ်။”—နိုးလော့! ဩဂုတ် ၂၂၊ ၁၉၆၅ အင်္ဂလိပ်]။

  • ကျွန်တော်တို့ဟာ အသက်ကို အလွန်တန်ဖိုးထားတဲ့အတွက် ဆေးကုသမှုကို ခံယူကြပါတယ်။—တမန်တော် ၁၇:၂၈။

    “သက်သေခံတွေက ရောဂါဖြစ်ရင် သမားတော်တွေနဲ့ တိုင်ပင်ပြီး ဆေးကုသပါတယ်။ အသက်ကို တန်ဖိုးထားတဲ့အတွက် ဖြစ်နိုင်မယ်ဆိုရင် အသက်ရှည်ရှည် နေချင်ကြတယ်။ ဒါပေမဲ့ ကျမ်းစာနဲ့ မဆန့်ကျင်တဲ့ ဆေးကုသမှုကိုပဲ ခံယူတယ်။”—ကင်းမျှော်စင် ဇူလိုင် ၁၊ ၁၉၇၅၊ [အင်္ဂလိပ်]။

    “ယေဟောဝါသက်သေတွေက ဆေးဝါးတွေ၊ ဆေးကုသမှုတွေကို ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်။ ကျန်းကျန်းမာမာ၊ အသက်ရှည်ရှည် နေထိုင်ချင်တယ်။ ပထမရာစုက ခရစ်ယာန်တစ်ဦးဖြစ်တဲ့ လုကာလိုပဲ ယေဟောဝါသက်သေတချို့ဟာ ဆရာဝန်တွေ ဖြစ်ကြတယ်။ . . . ဆေးဝန်ထမ်းတွေ ကြိုးစားအားထုတ်ပြီး ဆေးကုသပေးတာကို ယေဟောဝါသက်သေတွေ တန်ဖိုးထားပါတယ်။ သူတို့ရဲ့ ဆေးကုသမှုကြောင့် လူနာတွေ ပြန်ကောင်းလာတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။”—ကင်းမျှော်စင် ဖေဖော်ဝါရီ ၁၊ ၂၀၁၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ