ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၃
  • ညစ်ညမ်းရုပ်ပုံစာပေ စွဲနေရင် ဘယ်လိုလုပ်ရမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ညစ်ညမ်းရုပ်ပုံစာပေ စွဲနေရင် ဘယ်လိုလုပ်ရမလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်လုပ်ဆောင်နိုင်ရာ
  • အပြာစာပေတွေကို ငါဘယ်လို ရှောင်နိုင်မလဲ
    နိုးလော့!—၂၀၀၇
  • ညစ်ညမ်းရုပ်ပုံစာပေ—အန္တရာယ်ရှိသလား၊ မရှိဘူးလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ညစ်ညမ်းရုပ်ပုံစာပေကြည့်ရှုခြင်းကို ဘာကြောင့် ငြင်းပယ်သင့်သလဲ
    လူငယ်များအမေး
  • ညစ်ညမ်းရုပ်ပုံစာပေ
    နိုးလော့!—၂၀၁၃
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၃
ဆယ်ကျော်သက်တစ်ဦး အင်တာနက်မှ ညစ်ညမ်းရုပ်ပုံစာပေကို ကြည့်နေ

ညစ်ညမ်းရုပ်ပုံစာပေ စွဲနေရင် ဘယ်လိုလုပ်ရမလဲ

သင်လုပ်ဆောင်နိုင်ရာ

ညစ်ညမ်းရုပ်ပုံစာပေက ဘာအတွက်လဲဆိုတာ နားလည်ပါ။ ညစ်ညမ်းရုပ်ပုံစာပေဆိုတာ ဘုရားသခင် ဖန်ဆင်းထားတဲ့ ဂုဏ်သိက္ခာရှိတဲ့အရာကို ရှုတ်ချမှု ဖြစ်စေတာကလွဲလို့ ဘာအကျိုးမှ မရှိဘူး။ ညစ်ညမ်းရုပ်ပုံစာပေကို အဲဒီလိုရှုမြင်ထားမယ်ဆိုရင် “မကောင်းသောအမှုကို ရွံရှာဖို့” အထောက်အကူရမှာ ဖြစ်တယ်။—ဆာလံ ၉၇:၁၀။

အကျိုးဆက်တွေကို စဉ်းစားပါ။ ညစ်ညမ်းရုပ်ပုံစာပေက ပါဝင်သူတွေကို တန်ဖိုးမဲ့စေသလို ကြည့်တဲ့သူတွေကိုလည်း တန်ဖိုးမဲ့စေတယ်။ အကြောင်းကောင်းရှိလို့ သမ္မာကျမ်းစာက ခုလိုဆိုထားတာ ဖြစ်တယ်– “စဉ်းစားဉာဏ်ရှိသူတို့သည် မိမိတို့ ကြုံတွေ့ရမည့်ဒုက္ခကို ကြိုတင်တွေ့မြင်၍ ရှောင်ရှားတတ်ကြ၏။”—သုတ္တံ ၂၂:၃၊ ခမ။

ကတိသစ္စာပြုပါ။ “ငါသည် မိန်းမပျိုကို အဘယ်အခါ၌မျှ ရာဂစိတ်နှင့် မကြည့်ရန် ကတိသစ္စာပြုခဲ့ပြီ” လို့ သစ္စာရှိသူ ယောဘ ပြောခဲ့တယ်။ (ယောဘ ၃၁:၁၊ ခမ) အောက်မှာဖော်ပြထားရာတွေက သင်ပြုနိုင်တဲ့ “ကတိသစ္စာ” တချို့ ဖြစ်တယ်–

  • ငါတစ်ယောက်တည်းရှိနေချိန်မှာ အင်တာနက် မသုံးဘူး။

  • ရုတ်တရက်ပေါ်လာတဲ့ မသင့်တော်တဲ့ဆိုက်တွေကို ငါ ချက်ချင်းပိတ်မယ်။

  • ဒုံရင်းအခြေအနေကို ပြန်ရောက်သွားရင် ရင့်ကျက်တဲ့ မိတ်ဆွေတစ်ယောက်ကို ငါ ပြောပြမယ်။

ကြိုးတွေများလာရင် ဖြတ်ဖို့ခက်

ညစ်ညမ်းရုပ်ပုံစာပေကို ကြည့်ဖန်များလာလေ ဖြတ်ရခက်လေဖြစ်

ဒီကိစ္စအတွက် ဆုတောင်းပါ။ ဆာလံဆရာက ယေဟောဝါကို ခုလိုဆုတောင်းခဲ့တယ်– “တန်ဖိုးမဲ့တဲ့အရာတွေကို မကြည့်မိအောင် ကျွန်တော့်မျက်စိကို လွှဲပေးပါ။” (ဆာလံ ၁၁၉:၃၇၊ ကဘ) ဘုရားသခင်က သင့်ကို အောင်မြင်စေချင်တယ်။ သင် ဆုတောင်းမယ်ဆိုရင် မှန်ကန်ရာကို လုပ်နိုင်ဖို့ သင့်ကို ကိုယ်တော် ခွန်အားပေးပါလိမ့်မယ်။—ဖိလိပ္ပိ ၄:၁၃။

တစ်ယောက်ယောက်ကို ပြောပြပါ။ တစ်ယောက်ယောက်ကို ရင်ဖွင့်ပြောပြခြင်းက ဒီအကျင့်ကို ဖြတ်ပစ်ဖို့ အရေးကြီးတဲ့ ခြေလှမ်းဖြစ်လေ့ရှိတယ်။—သုတ္တံ ၁၇:၁၇။

ဒီအချက်ကို သတိရပါ– ညစ်ညမ်းရုပ်ပုံစာပေကို သင် တစ်ကြိမ် ရှောင်လိုက်တိုင်း အရေးပါတဲ့အောင်ပွဲတစ်ခု သင် ရလိုက်တာပဲ။ ဒီအောင်ပွဲအကြောင်း ယေဟောဝါဘုရားကို ပြောပြပါ။ ခွန်အားပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပါ။ ညစ်ညမ်းရုပ်ပုံစာပေကို ရှောင်ကြဉ်ခြင်းအားဖြင့် ကိုယ်တော့်ရဲ့စိတ် ရွှင်လန်းအောင် သင် လုပ်ဆောင်ရာ ရောက်တယ်။—သုတ္တံ ၂၇:၁၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ