ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၃၉
  • ခရစ်ယာန်တွေ ဆေးကုသမှု ခံယူလို့ရသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရစ်ယာန်တွေ ဆေးကုသမှု ခံယူလို့ရသလား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • သင်ရွေးချယ်သော ဆေးဝါးကုသနည်း—ယင်းသည် အရေးကြီးသလော
    နိုးလော့!—၂၀၀၂
  • ယေဟောဝါသက်သေတွေ ဆေးဝါးကုသမှု ခံယူကြသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆေးကုသမှုကို သင်တို့ လက်ခံသလား
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • နတ်ဝိဇ္ဇာအတတ်ကို ရှောင်သင့်သည့် အကြောင်းရင်း
    နိုးလော့!—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၃၉

ခရစ်ယာန်တွေ ဆေးကုသမှု ခံယူလို့ရသလား

သမ္မာကျမ်းစာဖြေဆိုရာ

ရပါတယ်။ ယေရှုက “ကျန်းမာသောသူတို့သည် သမားတော်ကို မလိုကြ။ ဖျားနာသူတို့သာ လိုကြ၏” လို့မိန့်တော်မူခဲ့ခြင်းက ကိုယ်တော်ရဲ့နောက်လိုက်တွေဟာ ဆေးကုသမှုခံယူနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ပြောနေခြင်းဖြစ်တယ်။ (မဿဲ ၉:၁၂) သမ္မာကျမ်းစာက ဆေးကျမ်းတော့မဟုတ်ပေမဲ့ ဘုရားသခင့် မျက်နှာသာရလိုသူတွေအတွက် လမ်းညွှန်မှုရနိုင်တဲ့ မူတချို့ကို ဖော်ပြပေးထားပါတယ်။

သင့်ကိုယ်သင်မေးရမယ့် မေးခွန်းများ

၁။ ငါ့ကို အကြံပြုလာတဲ့ ကုသမှုကို ငါကောင်းကောင်း သဘောပေါက်သလား။ “ပြောသမျှကိုယုံ” မယ့်အစား ယုံကြည်စိတ်ချလောက်တဲ့ အချက်အလက်တွေကို ရှာဖွေဖို့ သမ္မာကျမ်းစာက အကြံပြုထားပါတယ်။–သုတ္တံ ၁၄:၁၅။

၂။ တခြားဆရာဝန်တွေနဲ့ တိုင်ပင်သင့်သလား။ “တိုင်ပင်သောသူများ” မယ်ဆိုရင် သင့်အတွက်အကျိုးရှိပါတယ်။ အထူးသဖြင့် သင့်အခြေအနေက စိုးရိမ်ရရင်ပေါ့။–သုတ္တံ ၁၅:၂၂။

၃။ ကုသမှုမှာ “သွေး . . . ကိုကြဉ်ရှောင်ရန်” ဆိုတဲ့ကျမ်းစာပညတ်နဲ့ မလွတ်ကင်းတာမျိုးရှိသလား။–တမန်တော် ၁၅:၂၀။

၄။ ရောဂါရှာဖွေတဲ့အခါ ဒါမှမဟုတ် ကုသမှုမှာ နတ်ဆိုးပညာ ပါဝင်နေသလား။ သမ္မာကျမ်းစာမှာ “နတ်ဆိုးပညာလိုက်စားခြင်း” ကိုပြစ်တင်ရှုတ်ချထားပါတယ်။ (ဂလာတိ ၅:၁၉–၂၁) ကုသမှုမှာ နတ်ဆိုးပညာပါမပါ သိနိုင်ဖို့ အောက်ပါအချက်တွေကို သုံးသပ်ကြည့်ပါ–

  • ဆေးကုသပေးသူက နတ်ဆိုးပညာကို အသုံးပြုသလား။

  • ဖျားနာရတဲ့အကြောင်းရင်းက နတ်ဘုရားတွေ၊ အောက်လမ်းဆရာတွေကို ပြစ်မှားလို့ဆိုတဲ့ ယုံကြည်ချက်တွေပေါ်အခြေပြုတဲ့ ကုသမှုလား။

  • ဆေးကုသဖို့ ပြင်ဆင်တဲ့အခါ ဒါမှမဟုတ် ဆေးကုသတဲ့အခါ ပူဇော်ပသခြင်း၊ ဂါထာရွတ်ခြင်း ဒါမှမဟုတ် တခြားနတ်ဆိုးပညာနဲ့ဆိုင်တဲ့ ဓလေ့ထုံးစံတွေပါသလား။

၅။ ငါ့ရဲ့ကျန်းမာရေးကိုပဲ ငါ အလွန်အမင်း အာရုံစိုက်နေသလား။ သမ္မာကျမ်းစာက ဒီလိုအကြံပြုတယ်- “သင်တို့၏ အကျိုးသင့်အကြောင်းသင့်သဘောကို လူအပေါင်းတို့ရှေ့တွင် ထင်ရှားစေကြလော့။” (ဖိလိပ္ပိ ၄:၅) အကျိုးသင့်အကြောင်းသင့်သဘော ရှိတာက ယေဟောဝါရဲ့အလိုတော်ဆောင်ခြင်း စတဲ့ “သာ၍အရေးကြီးသောအရာ” တွေကို အာရုံစိုက်ဖို့ ကူညီပေးပါလိမ့်မယ်။–ဖိလိပ္ပိ ၁:၁၀; မဿဲ ၅:၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ