ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၅၈
  • လိင်သာယာမှု ခံစားတာကို ကျမ်းစာထဲမှာ တားမြစ်ထားသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လိင်သာယာမှု ခံစားတာကို ကျမ်းစာထဲမှာ တားမြစ်ထားသလား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • သင့်အိမ်ထောင်ခိုင်မြဲအောင် ယေဟောဝါကို ကာကွယ်စောင့်ရှောက်ခွင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • အိမ်ထောင်ရေးအကြောင်း ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • အိမ်ထောင်တွင်သစ္စာရှိခြင်း အမှန်အားဖြင့် အဘယ်အရာကို ဆိုလိုသနည်း
    နိုးလော့!—၂၀၀၉
  • လက်မထပ်ခင်လိင်ဆက်ဆံခြင်း
    နိုးလော့!—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၅၈

လိင်သာယာမှု ခံစားတာကို ကျမ်းစာထဲမှာ တားမြစ်ထားသလား

သမ္မာကျမ်းစာဖြေဆိုရာ

သမ္မာကျမ်းစာက လိင်သာယာမှု ခံစားတာကို တားမြစ်မယ့်အစား ဒါကို လက်ထပ်ထားတဲ့ အိမ်ထောင်သည်တွေအတွက် ဘုရားပေးလက်ဆောင်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဘုရားသခင်က “လူယောက်ျား လူမိန်းမ” ကိုဖန်ဆင်းပြီးနောက် “အလွန်ကောင်း” တယ်လို့ မှတ်ချက်ချခဲ့တယ်။ (ကမ္ဘာဦး ၁:၂၇၊ ၃၁) ပထမဦးဆုံး ယောက်ျားနဲ့ မိန်းမကို ပေါင်းဖက်ပေးပြီး “သူတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်” လို့ ပြောခဲ့တယ်။ (ကမ္ဘာဦး ၂:၂၄) ဒီပေါင်းဖက်ပေးမှုကြောင့် လိင်ဆက်ဆံခြင်းကနေ သာယာမှုခံစားရပြီး စိတ်ခံစားချက်တွေ နီးစပ်လာကြတယ်။

“အသက်ပျိုစဉ်ကာလ ပေါင်းဖော်သောမယားနှင့်အတူ ပျော်မွေ့လော့။ . . . သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကို အစဉ်ပြေစေ၍ သူ့ကိုချစ်သောစိတ်နှင့် အစဉ်ယစ်မူးလျက်နေလော့” ဆိုတဲ့ ကျမ်းစကားတွေကြောင့် ခင်ပွန်းသည်တွေဟာ ကိုယ့်ရဲ့အိမ်ထောင်ဖက်နဲ့ လိင်သာယာမှု ရရှိတယ်ဆိုတာ သိရတယ်။ (သုတ္တံ ၅:၁၈၊ ၁၉) ဘုရားသခင်ဟာ ဇနီးသည်တွေကိုလည်း လိင်သာယာမှု ခံစားစေလိုပါတယ်။ ကျမ်းစာမှာ ခုလို ပြောထားတယ်– “ခင်ပွန်းသည် ဆက်ဆံခြင်းဝတ်ကို မိမိဇနီးအား ပြုစေလော့။ ဇနီးသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိခင်ပွန်းအား ပြုစေလော့။”​—၁ ကောရိန္သု ၇:၃။

ကိုယ့်အိမ်ထောင်ဖက်နဲ့ပဲ လိင်သာယာမှုခံစားပါ

ဘုရားသခင်က လိင်ဆက်ဆံခြင်းကို အိမ်ထောင်သည်တွေအတွက်ပဲ ပေးထားတယ်ဆိုတာ ကျမ်းစာမှာ အခုလိုဖော်ပြတယ်–“လူအပေါင်းတို့ရှေ့တွင် မင်္ဂလာဆောင်ခြင်းအမှုကို ဂုဏ်အသရေရှိစေလော့။ မင်္ဂလာအိပ်ရာကို မညစ်ညူးစေနှင့်။ အကြောင်းမူကား မတရားမေထုန်ပြုသူနှင့် အိမ်ထောင်ရေးဖောက်ပြန်သူကို ဘုရားသခင် စီရင်တော်မူလိမ့်မည်။” (ဟေဗြဲ ၁၃:၄) ဒါကြောင့် ဇနီးမောင်နှံတွေဟာ အချင်းချင်းသစ္စာရှိပြီး သူတို့ပြုထားတဲ့ ကတိကဝတ်ကို စောင့်ထိန်းရမယ်။ လိင်သာယာမှုခံစားတာကို ကိုယ့်အတွက် ဦးစားမပေးဘဲ “ခံယူခြင်းထက် ပေးကမ်းခြင်းက သာ၍ပျော်ရွှင်” တယ်ဆိုတဲ့ ဒီကျမ်းစာမူကို လက်တွေ့ကျင့်သုံးမယ်ဆိုရင် ဇနီးမောင်နှံ နှစ်ယောက်စလုံး အပြည့်အဝ ကျေနပ်အားရကြမှာဖြစ်တယ်။​—တမန်တော်၂၀:၃၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ