ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၅၉
  • ညစ်ညမ်း ရုပ်ပုံစာပေတွေအကြောင်း သမ္မာကျမ်းစာက ဘာပြောသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ညစ်ညမ်း ရုပ်ပုံစာပေတွေအကြောင်း သမ္မာကျမ်းစာက ဘာပြောသလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • ဖိုမကိစ္စနဲ့ပတ်သက်တဲ့ မေးခွန်းဆယ်ခုရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ညစ်ညမ်းရုပ်ပုံစာပေ
    နိုးလော့!—၂၀၁၃
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ညစ်ညမ်းရုပ်ပုံစာပေကြည့်ရှုခြင်းကို ဘာကြောင့် ငြင်းပယ်သင့်သလဲ
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၅၉

ညစ်ညမ်းရုပ်ပုံစာပေတွေအကြောင်း သမ္မာကျမ်းစာက ဘာပြောသလဲ။ ဆိုက်ဘာဆက်စ် (Cybersex) သုံးတာ မှားသလား

သမ္မာကျမ်းစာဖြေဆိုရာ

ညစ်ညမ်းရုပ်ပုံစာပေ၊ ဆိုက်ဘာဆက်စ် ဒါမှမဟုတ် အဲဒါတွေနဲ့ဆင်တူတဲ့ လုပ်ရပ်တွေအကြောင်း သမ္မာကျမ်းစာမှာ တိုက်ရိုက်မဖော်ပြထားပါဘူး။ ဒါပေမဲ့ အိမ်ထောင်ဖက်မဟုတ်တဲ့သူနဲ့ လိင်ဆက်ဆံတာ ဒါမှမဟုတ် လိင်ကိစ္စအပေါ် မှားယွင်းတဲ့အမြင်ဖြစ်လာစေတဲ့ လုပ်ရပ်တွေကို ဘုရားသခင် ဘယ်လိုယူမှတ်သလဲဆိုတာနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ဒီကျမ်းချက်တွေကို သုံးသပ်ကြည့်ရအောင်–

  • ‘ထို့ကြောင့် မတရားမေထုန်ပြုခြင်း၊ မသန့်ရှင်းခြင်း၊ သွေးသားဆန္ဒပြင်းပြခြင်းဖြစ်သော တပ်မက်ခြင်းနှင့်ဆိုင်သည့် မြေကြီးပေါ်ရှိ သင်တို့၏ ကိုယ်အင်္ဂါများကို သေစေကြလော့။’ (ကောလောသဲ ၃:၅) ညစ်ညမ်းရုပ်ပုံစာပေတွေဟာ လိင်ဆိုင်ရာမှားယွင်းတဲ့ဆန္ဒတွေကို ချိုးနှိမ်မယ့်အစား အဲဒီစိတ်တွေ ဖြစ်ပေါ်လာအောင် ဆွပေးပါတယ်။ အဲဒီရုပ်ပုံစာပေတွေက ဘုရားသခင့်အမြင်မှာ ညစ်ညမ်းတဲ့အရာတွေဖြစ်ပါတယ်။

  • “မိန်းမတစ်ဦးကို ဆက်ကြည့်နေ၍ တပ်မက်သောစိတ်ပေါ်လာလျှင် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ဖောက်ပြန်ပြီ။” (မဿဲ ၅:၂၈) ညစ်ညမ်းရုပ်ပုံတွေဟာ မကောင်းတဲ့အတွေးအခေါ်တွေကို အစပျိုးပေးပြီး မဟုတ်တာတွေကို လုပ်မိစေနိုင်တယ်။

  • ‘သင်တို့သည် မတရားမေထုန်ပြုခြင်း၊ အမျိုးမျိုးသော ညစ်ညူးခြင်း၊ လောဘကြီးခြင်းအမှုတို့ကို အချင်းချင်း ပြောဆိုခြင်းပင် မပြုကြနှင့်။’ (ဧဖက် ၅:၃) လိင်အကျင့်ယိုယွင်းမှုကို ပျော်စေပြက်စေအနေနဲ့တောင် မပြောသင့်ဘူးဆိုရင် ကြည့်တာ၊ ဖတ်တာတွေဆို ပိုလို့တောင် မလုပ်သင့်ဘူး။

  • ‘လူ့ဇာတိနှင့်ဆိုင်သော အကျင့်များသည် ထင်ရှားလျက်ရှိ၏။ ထိုအကျင့်များကား မတရားမေထုန်ပြုခြင်း၊ မသန့်ရှင်းခြင်းနှင့် ထိုသို့သောအရာများဖြစ်၏။ အထက်က သတိပေးခဲ့သည့်နည်းတူ ယခုလည်း သတိပေးသည်မှာ ဤအရာများကို ပြုကျင့်သူတို့သည် ဘုရားသခင့်နိုင်ငံတော်ကို အမွေမခံကြရ။’ (ဂလာတိ ၅:၁၉–၂၁) ညစ်ညမ်းရုပ်ပုံစာပေတွေကို လိုက်စားတဲ့သူတွေ ဒါမှမဟုတ် ဆိုက်ဘာဆက်စ်၊ ဖုန်းဆက်စ်၊ ဆက်စ်တင် အသုံးပြုသူတွေကို မသန့်ရှင်းတဲ့ အကျင့်ယိုယွင်းသူတွေအဖြစ် ဘုရားသခင် ရှုမြင်ပါတယ်။ ကျွန်ုပ်တို့ဟာ အဲဒီအကျင့်တွေကို ပြုမူနေတယ်ဆိုရင် ဘုရားသခင့်မျက်နှာသာ လုံးဝဆုံးရှုံးသွားနိုင်ပါတယ်။

အဓိပ္ပာယ်ဖွင့်ဆိုချက်များ

  • ညစ်ညမ်းရုပ်ပုံစာပေ- လိင်စိတ်ကြွလာအောင် ဖန်တီးထားတဲ့ ဗီဒီယို၊ ရုပ်ပုံ၊ စာပေတွေဖြစ်တယ်။

  • ဆိုက်ဘာဆက်စ် (Cybersex)- လိင်စိတ်ကြွလာစေဖို့ အင်တာနက်ကနေ လိင်ကိုအမွှန်းတင်ထားတဲ့ စာတွေပို့တာ ဒါမှမဟုတ် စကားပြောတာတွေဖြစ်တယ်။

  • ဖုန်းဆက်စ် (Phone sex)- ဖုန်းကိုအသုံးပြုပြီး လိင်ကိစ္စကို မဖွယ်မရာပြောဆိုတာ ဒါမှမဟုတ် လိင်စိတ်ကြွလာအောင် တစ်တစ်ခွခွ ပြောတာတွေကို နားထောင်တာဖြစ်တယ်။

  • ဆက်စ်တင် (Sexting)- လိင်စိတ်ကိုဆွပေးတဲ့ ရုပ်ပုံတွေ၊ စာတွေကို လက်ကိုင်ဖုန်းနဲ့ ပို့ပေးတာဖြစ်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ