ယေဟောဝါသက်သေတွေက တချို့သော ရုပ်ရှင်၊ စာအုပ်၊ သီချင်းတွေကို တားမြစ်ထားတာမျိုး ရှိသလား
မရှိပါဘူး။ ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းမှာ ဘယ်ရုပ်ရှင်၊ ဘယ်စာအုပ်၊ ဘယ်သီချင်းတွေကို ရှောင်ပါဆိုပြီး တစ်ဦးစီကို ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းတွေ မရှိပါဘူး။ ဘာကြောင့် မရှိသလဲ။
အမှား၊ အမှန် ပိုင်းခြားသိမြင်တတ်ဖို့ “ပိုင်းခြားသိမြင်နိုင်စွမ်း” ကို လေ့ကျင့်ဖို့ တစ်ဦးချင်းစီကို ကျမ်းစာက အားပေးတယ်။—ဟီဘရူး ၅:၁၄။
အပန်းဖြေမှု ရွေးချယ်ရာမှာ ခရစ်ယာန်တစ်ယောက် အသေအချာ စဉ်းစားသုံးသပ်နိုင်တဲ့ အခြေခံမူတွေကို သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။a ပန်းတိုင်ကတော့ ဘဝကဏ္ဍတိုင်းမှာ “သခင် နှစ်သက်လက်ခံနိုင်ဖွယ်သောအရာသည် အဘယ်အရာဖြစ်ကြောင်းကို ဆန်းစစ်” ဖို့ ဖြစ်တယ်။—ဧဖက် ၅:၁၀။
အိမ်ထောင်ဦးစီးတွေဟာ အတိုင်းအတာတစ်ခုထိ အခွင့်အာဏာ ရှိတယ်လို့ ကျမ်းစာက သွန်သင်တယ်။ ဒါကြောင့် အပန်းဖြေမှုတချို့ကို လက်မခံဖို့ မိသားစုဝင်တွေကို ပြောပိုင်ခွင့် ရှိတယ်။ (၁ ကောရိန္သု ၁၁:၃။ ဧဖက် ၆:၁–၄) ဒါပေမဲ့ မိသားစုဝင် မဟုတ်တဲ့သူတွေကိုတော့ ဘယ်ရုပ်ရှင်၊ ဘယ်စာအုပ်၊ ဘယ်သီချင်းတွေကို ရှောင်ပါဆိုပြီး ဘယ်သူမှ တားပိုင်ခွင့် မရှိဘူး။—ဂလာတိ ၆:၅။
a ဥပမာ၊ ကျမ်းစာက နတ်ဆိုးပညာ၊ လိင်အကျင့်ယိုယွင်းမှု၊ အကြမ်းဖက်မှုတွေကို အားပေးအားမြှောက်ပြုတဲ့ ဘယ်အရာကိုမဆို ရှောင်ကြဉ်ခိုင်းတယ်။—တရားဟောရာ ၁၈:၁၀–၁၃။ ဧဖက် ၅:၃။ ကောလောသဲ ၃:၈။