ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၆၂
  • လိင်ဆိုင်ရာ–စော်ကားနှောင့်ယှက်မှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လိင်ဆိုင်ရာ–စော်ကားနှောင့်ယှက်မှု
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • လိင်ဆိုင်ရာ စော်ကားနှောင့်ယှက်မှုကို ဘယ်လိုဖြေရှင်းနိုင်မလဲ
    လူငယ်များအမေး
  • လိင်ဆိုင်ရာ စော်ကားမှုနဲ့ပတ်သက်ပြီး ဘာသိထားသင့်သလဲ
    လူငယ်များအမေး မေးခွန်း ၁၀ ခုအတွက် အဖြေများ
  • လက်မထပ်ခင်လိင်ဆက်ဆံခြင်း
    နိုးလော့!—၂၀၁၃
  • လိင်ဆိုင်ရာ စော်ကားမှုအကြောင်း ဘာသိထားသင့်သလဲ—အပိုင်း ၁– ကြိုတင်ကာကွယ်ခြင်း
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၆၂

လိင်ဆိုင်ရာ စော်ကားနှောင့်ယှက်မှုကနေ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်နိုင်မလဲ

သမ္မာကျမ်းစာဖြေဆိုရာ

လက်တွေ့လုပ်ဆောင်နိုင်တဲ့ ကျမ်းစာအကြံပြုချက်တွေကို သုံးသပ်ကြည့်ပါ။

ဒီဆောင်းပါးမှာ လိင်ဆိုင်ရာ စော်ကားနှောင့်ယှက်ခံရသူကို အမျိုးသမီးအဖြစ် ဖော်ပြထားပေမဲ့ ဆောင်းပါးပါ အကြံပြုချက်တွေက အမျိုးသမီးနဲ့ရော အမျိုးသားနဲ့ပါ သက်ဆိုင်ပါတယ်။

  1. ၁။လုပ်ငန်းသဘောအရပဲ ဆက်ဆံပါ။ ကိုယ့်ရဲ့ အလုပ်ဖော်တွေကို ယဉ်ယဉ်ကျေးကျေး လေးလေးစားစား ပြောဆိုဆက်ဆံပါ။ ဒါပေမဲ့ ရင်းနှီးဖော်ရွေလွန်းတာမျိုးကိုတော့ ရှောင်ကြဉ်ပါ။ အကြောင်းက သူတို့ရဲ့လိင်ဆိုင်ရာစိတ်ဝင်စားမှုကို ကိုယ်က လက်ခံတဲ့ပုံပေါက်သွားနိုင်လို့ပဲ။​—မဿဲ ၁၀:၁၆; ကောလောသဲ ၄:၆။

  2. ၂။ ဣန္ဒြေရှိရှိ ဝတ်စားဆင်ယင်ပါ။ မလုံ့တလုံဝတ်မယ်ဆိုရင် အထင်မှားခံရနိုင်တယ်။ ဒါကြောင့် ကျမ်းစာက “ဣန္ဒြေရှိခြင်း၊ သမ္မာသတိရှိခြင်းနှင့်တကွ တင့်တယ်သောအဝတ်အစား” ကို ဝတ်ဆင်ဖို့ တိုက်တွန်းထားပါတယ်။​—၁ တိမောသေ ၂:၉။

  3. ၃။ အပေါင်းအသင်းတွေကို ဂရုတစိုက်ရွေးချယ်ပါ။ အီစီကလီလုပ်တာ၊ လိင်ဆိုင်ရာထိကပါးရိကပါးလုပ်တာကို သည်းခံတဲ့သူတွေ ဒါမှမဟုတ် သဘောကျတဲ့သူတွေနဲ့ ပေါင်းသင်းမယ်ဆိုရင် သင့်ကိုလည်း သူတို့နဲ့ အတူတူပဲလို့ ထင်သွားပါလိမ့်မယ်။​—သုတ္တံ ၁၃:၂၀။

  4. ၄။ ညစ်ညမ်းတဲ့စကားတွေကို နားမထောင်ပါနဲ့။ စကားပြောနေရင်း ညစ်ပတ်တဲ့အကြောင်းတွေ၊ မိုက်မဲတဲ့စကားတွေ၊ ညစ်ညမ်းတဲ့ ပြက်လုံးတွေပါလာပြီဆိုရင် အဲဒီစကားဝိုင်းကနေ ထွက်သွားပါ။​—ဧဖက် ၅:၄။

  5. ၅။ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေမျိုးကို ရှောင်ပါ။ ဥပမာ၊ အကြောင်းမည်မည်ရရမရှိဘဲ အလုပ်ချိန်နောက်ပိုင်း ဆက်နေဖို့တောင်းဆိုလာတာမျိုးကို သတိထားပါ။​—သုတ္တံ ၂၂:၃။

  6. ၆။ ပြတ်ပြတ်သားသားနဲ့ တဲ့တိုးပြောလိုက်ပါ။ လိင်ဆိုင်ရာစော်ကားနှောင့်ယှက်ခံရရင် သူ့ရဲ့ အပြုအမူအပြောအဆိုကို မကြိုက်ကြောင်း ရှင်းရှင်းလင်းလင်းနဲ့ တဲ့တိုးပြောလိုက်ပါ။ (၁ ကောရိန္သု ၁၄:၉) ဥပမာ၊ “ကျွန်မကို ထိလားပုတ်လား လာမလုပ်နဲ့။ ကျွန်မကြိုက်ဘူး။ နောက်ဆို အဲဒီလို မလုပ်ပါနဲ့” လို့ ပြောနိုင်တယ်။ ဒါမှမဟုတ် သူ့ရဲ့ အပြုအမူအပြောအဆိုကြောင့် ဘယ်လို စိတ်အနှောင့်အယှက်ဖြစ်ရတယ်၊ နောက်နောင် ဘယ်လိုဖြစ်စေချင်တယ်ဆိုတာတွေကို စာရေးပြီးလည်း အသိပေးနိုင်တယ်။ ကိုယ့်ရဲ့ကိုယ်ကျင့်တရားနဲ့ ဘာသာရေးယုံကြည်ချက်တွေကြောင့် ဒီလိုပြုမူပြောဆိုတာတွေကို မကြိုက်ဘူးဆိုတာ သူသိပါစေ။​—၁ သက်သာလောနိတ် ၄:၃–၅။

  7. ၇။ အကူအညီရယူပါ။ လိင်ဆိုင်ရာစော်ကားနှောင့်ယှက်မှု ထပ်ကြုံနေရတုန်းပဲဆိုရင် ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်း၊ မိသားစုဝင်၊ အလုပ်ဖော် ဒါမှမဟုတ် ဒီကိစ္စဖြေရှင်းရာမှာ အတွေ့အကြုံရှိသူ တစ်ယောက်ယောက်နဲ့ တိုင်ပင်ပါ။ (သုတ္တံ ၂၇:၉) လိင်ဆိုင်ရာစော်ကားနှောင့်ယှက်ခံရသူများစွာဟာ ဆုတောင်းခြင်းကနေ နှစ်သိမ့်မှု ရရှိခဲ့တယ်။ အရင်က ဆုမတောင်းခဲ့ဘူးဆိုရင်တောင် ယေဟောဝါဘုရားဆီ ဆုတောင်းနိုင်တယ်။ “နှစ်သိမ့်ခြင်းရှိသမျှ၏ ဘုရားသခင်” ဖြစ်တဲ့ ယေဟောဝါဆီက အကူအညီကို သံသယမဖြစ်ပါနဲ့။​—၂ ကောရိန္သု ၁:၃။

လိင်ဆိုင်ရာစော်ကားနှောင့်ယှက်မှုတွေကြောင့် လူသန်းပေါင်းများစွာအတွက် လုပ်ငန်းခွင်ဟာ အန္တရာယ်ရှိတဲ့နေရာဖြစ်လာတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာက ကူညီပေးနိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ