ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၇၉
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ သင့်စိတ်ထဲမှာ ရှိတဲ့အရာလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ သင့်စိတ်ထဲမှာ ရှိတဲ့အရာလား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာ ဖြေဆိုရာ
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ လူ့စိတ်ထဲမှာ ရှိတဲ့အရာလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဘုရားသခင့်နိုင်ငံတော်
    နိုးလော့!—၂၀၁၃
  • ဘုရားသခင့်နိုင်ငံတော်သည် သင့်အတွက်အဘယ်အဓိပ္ပာယ်ရှိနိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဘုရားသခင့်နိုင်ငံတော်သည် သင့်နှလုံးထဲတွင် ရှိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၇၉
ပကတိ နိုင်ငံတော်အစိုးရ မတည်ရှိနိုင်တဲ့ လူ့—ကိုယ်ခန္ဓာ

ဘုရားသခင့်နိုင်ငံတော်ဆိုတာ သင့်စိတ်နှလုံးထဲမှာ ရှိတဲ့အရာလား

သမ္မာကျမ်းစာ ဖြေဆိုရာ

မဟုတ်ပါဘူး။ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ခရစ်ယာန်တွေရဲ့ စိတ်နှလုံးထဲမှာ ရှိတဲ့အရာ မဟုတ်ဘူး။a ကျမ်းစာမှာ “ကောင်းကင်နိုင်ငံတော်” လို့ခေါ်ထားတာကို ကြည့်ရင် ဘုရားသခင့်နိုင်ငံတော်ရဲ့ အမှန်တကယ် တည်ရှိတဲ့နေရာကို သိနိုင်တယ်။ (မဿဲ ၄:၁၇) ဘုရားသခင့်နိုင်ငံတော်က ကောင်းကင်ကနေ အုပ်ချုပ်မယ့် အစိုးရဖြစ်တယ်ဆိုတာ ကျမ်းစာဖော်ပြချက်ကို လေ့လာကြည့်ပါ–

  • ဘုရားသခင့်နိုင်ငံတော်မှာ ဘုရင်တွေ၊ လက်အောက်ခံတွေ၊ ဥပဒေတွေနဲ့ အခွင့်အာဏာတွေ ရှိပါတယ်။ ဘုရားရဲ့အလိုတော်တွေ ကောင်းကင်မှာရော မြေကြီးမှာပါ ပြည့်စုံဖို့ ဒီအခွင့်အာဏာတွေကို သုံးသွားမှာဖြစ်တယ်။—မဿဲ ၆:၁၀; ဗျာဒိတ် ၅:၁၀။

  • ဘုရားသခင့်အစိုးရ ဒါမှမဟုတ် ဘုရားသခင့်နိုင်ငံတော်က မြေကြီးမှာရှိတဲ့ “ဘာသာစကားအသီးသီးကိုပြောတဲ့ လူမျိုးအပေါင်း” ကို အုပ်ချုပ်သွားမှာဖြစ်တယ်။ (ဒံယေလ ၇:၁၃၊ ၁၄၊ ကဘ) အုပ်ချုပ်ခွင့်အာဏာရရှိတဲ့သူကို လက်အောက်ခံပြည်သားတွေ တင်မြှောက်တာမဟုတ်ဘဲ ဘုရား တိုက်ရိုက်ခန့်အပ်ထားတာဖြစ်တယ်။—ဆာလံ ၂:၄–၆; ဟေရှာယ ၉:၇။

  • ယေရှုက အထူးရွေးချယ်ထားတဲ့ သစ္စာရှိတပည့်တွေကို သူနဲ့အတူ ကောင်းကင်နိုင်ငံတော်ရဲ့ “ပလ္လင်ပေါ်မှာ ထိုင်” ခွင့်ရမယ်လို့ ပြောခဲ့တယ်။—လုကာ ၂၂:၂၈၊ ၃၀။

  • ဘုရားသခင့်နိုင်ငံတော်မှာ ရန်သူတွေရှိပြီး သူတို့ကို ဖျက်ဆီးတော့မှာဖြစ်တယ်။—ဆာလံ ၂:၁၊ ၂၊ ၈၊ ၉; ၁၁၀:၁၊ ၂; ၁ ကောရိန္သု ၁၅:၂၅၊ ၂၆။

ကျမ်းစာက ကောင်းကင်နိုင်ငံတော်ဆိုတာ လူတစ်ယောက်ရဲ့ စိတ်နှလုံးကို ချုပ်ကိုင်ထားတဲ့အရာ ဖြစ်တယ်လို့ မသွန်သင်ပါဘူး။ ဒါပေမဲ့ “နိုင်ငံတော်နှင့်ဆိုင်သော တရားစကားတော်၊” “နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်း” က လူတွေရဲ့ စိတ်နှလုံးအပေါ် အကျိုးသက်ရောက်နိုင်တယ်၊ သက်ရောက်မှု ရှိသင့်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—မဿဲ ၁၃:၁၉; ၂၄:၁၄။

“ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏ အထဲ၌ရှိ” တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။

တချို့ဘာသာပြန်ကျမ်းတွေမှာ လုကာ ၁၇:၂၁ ကို ပြန်ဆိုထားချက်အရ နိုင်ငံတော် တည်ရှိတဲ့နေရာနဲ့ ပတ်သက်ပြီး လူတချို့ ရှုပ်ထွေးကုန်ကြတယ်။ ဥပမာ၊ “ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိသည်” ဆိုပြီး ယုဒသန်ဘာသာပြန်ကျမ်းမှာ ဖော်ပြထားတယ်။ ဒီကျမ်းချက်ကို မှန်မှန်ကန်ကန် နားလည်နိုင်ဖို့ အထက်အောက်စကားတွေကို စဉ်းစားကြည့်ပါ။

ယေရှုကို ငြင်းပယ်ခဲ့ကြတဲ့ ဘာသာရေးခေါင်းဆောင်တချို့

ဘုရားသခင့်နိုင်ငံတော်က ယေရှုကို ငြင်းပယ်ပြီး သတ်ဖို့ကြံစည်ကြတဲ့ ခေါင်းမာသူတွေရဲ့ စိတ်နှလုံးမှာ ရှိတဲ့အရာမဟုတ်

ယေရှုက သူ့ကို မကြိုက်တဲ့အပြင် သတ်ဖို့တောင် ကြံစည်နေကြတဲ့ ဘာသာရေးခေါင်းဆောင် ဖာရိရှဲတွေနဲ့ စကားပြောနေတာဖြစ်တယ်။ (မဿဲ ၁၂:၁၄; လုကာ ၁၇:၂၀) ဒါကြောင့် ခေါင်းမာတဲ့ ဖာရိရှဲတွေရဲ့ စိတ်နှလုံးထဲမှာ နိုင်ငံတော်ရှိတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ သူတို့ရဲ့ “အတွင်း၌ကား အရေခြုံမှု၊ မတရားမှုတို့နှင့် ပြည့်လျက်ရှိကြ၏” လို့ ယေရှု ပြောခဲ့တယ်။—မဿဲ ၂၃:၂၇၊ ၂၈။

တခြားဘာသာပြန်ကျမ်းတွေမှာ လုကာ ၁၇:၂၁ မှာပါတဲ့ ယေရှုစကားတွေကို ခုလို ရှင်းရှင်းလင်းလင်းနဲ့ တိတိကျကျ ပြန်ဆိုကြတယ်– “ဘုရားသခင့်နိုင်ငံတော်က သင်တို့နဲ့အတူ ရှိတယ်။” (Contemporary English Version) “ဘုရားသခင့်နိုင်ငံတော်က သင်တို့အလယ်မှာ ရှိတယ်။” (ကမ္ဘာသစ်ဘာသာပြန်ကျမ်း) ကောင်းကင်နိုင်ငံတော်က ဖာရိရှဲတွေနဲ့ “အတူရှိတယ်၊” “အလယ်မှာရှိတယ်” လို့ ပြောတဲ့အခါ ဘုရားနိုင်ငံတော်မှာ ဘုရင်ဖြစ်မယ့် ယေရှုဟာ သူတို့ရှေ့မှာ ရပ်နေတာကို ဆိုလိုနေတာဖြစ်တယ်။—လုကာ ၁:၃၂၊ ၃၃။

a ဘုရားသခင့်နိုင်ငံတော်ဟာ လူ့စိတ်နှလုံးမှာရှိတယ်လို့ အမည်ခံခရစ်ယာန်ဂိုဏ်းအများစု သွန်သင်ကြတယ်။ ဥပမာ၊ အမေရိကန်နိုင်ငံ၊ တောင်ပိုင်းနှစ်ခြင်းခရစ်ယာန်တွေရဲ့ အစည်းအဝေးတစ်ခုမှာ ဘုရားသခင့်နိုင်ငံတော်ဆိုတာ “လူတစ်ဦးစီရဲ့ စိတ်နှလုံးမှာရှိတဲ့ အရာဖြစ်ပြီး သူတို့ရဲ့ ဘ၀ကိုလည်း စိုးမိုးထားတယ်” တယ်လို့ ကြေညာခဲ့တယ်။ အလားတူပဲ၊ ၁၆ ယောက်မြောက် ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ်က “ဘုရားသခင့်နိုင်ငံတော်ဆိုတာ လူ့စိတ်ထဲမှာ ရှိတဲ့အရာဖြစ်တယ်” လို့ သူ့ရဲ့စာအုပ် (Jesus of Nazareth) မှာ ဖော်ပြထားတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ